
နေပြည်တော် မတ် ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး အတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ် အဖွဲ့ကို ရုံးအမှတ်(၁)ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချွန် လွှာကို လက်မှတ်ရေးထိုးရေးကိစ္စနှင့် အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲများ ကျင်းပ ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် စီးပွားရေး ကဏ္ဍများနှင့် လုပ်ငန်းစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေး သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကမ္ဘာ့ ကပ်ရောဂါကြောင့် သက်ရောက်ခဲ့သည့် မြန်မာ့စီးပွားရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေးအတွက် နိုင်ငံတော် အစိုးရက ဦးစားပေးကဏ္ဍအလိုက် ပံ့ပိုး ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ဥရောပအာရှစီးပွားရေးသမဂ္ဂ ဒေသ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံသူများ က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာရှိသော စီးပွားရေးနယ်ပယ် များနှင့် ကူညီပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး သည်။
ထို့နောက် ဥရောပအာရှ စီးပွားရေး ကော်မရှင်(EEC) မှ တာဝန်ရှိသူများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်များက ဦးစားပေးပူးပေါင်းဆောင်ရွက်လိုသည့် စီးပွားရေးကဏ္ဍများနှင့် လုပ်ငန်းစီမံကိန်း များ၊ မြန်မာနိုင်ငံနှင့် EEC အကြား အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။ ဥရောပအာရှ စီးပွားရေးကော်မရှင် (EEC) သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ နှင့် ကာဂျစ်စတန်နိုင်ငံ ငါးနိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဥရောပအာရှစီးပွားရေး သမဂ္ဂ(EAEU)၏ ဦးဆောင်အဖွဲ့အစည်း ဖြစ်ပြီး အကောက်ခွန်သမဂ္ဂပုံစံဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိသည်။ ဥရောပအာရှ စီးပွားရေးသမဂ္ဂ (EAEU) သည် အာဆီယံ နှင့်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်