
နေပြည်တော် ဇန်နဝါရီ ၆
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌတို့က နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွင် ထိုင်းဘတ်/ မြန်မာကျပ် တိုက်ရိုက်ငွေပေးချေမှု အခြေအနေ၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများမှ ငွေလွှဲပို့မှုဆိုင်ရာများ၊ နိုင်ငံခြားသုံးငွေကိစ္စရပ်များနှင့် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့အကြား ဘဏ် လုပ်ငန်းနှင့် ငွေပေးချေမှု စနစ်ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက် ရောက်ကြသည်။ သတင်းစဉ်