မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးကျင်းပပြုလုပ်

 

နေပြည်တော်  ဇွန်   ၉


မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့က ဦးဆောင်၍  အာဆီယံ အပေါင်း  အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏      သုံးနှစ်တာ လုပ်ငန်းစီမံချက်အရ   အာဆီယံ အပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ   လုပ်ငန်း စီမံကိန်းရေးဆွဲရေးအစည်းအဝေး (Planning   Conference   of ADMM-Plus Experts’ Working Group on Counter-Terrorism) ကို ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ခါဘရော့ဇ်မြို့၌   Hybrid စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့   မြန်မာ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား နှင့် အိန္ဒိယနိုင်ငံတို့မှ  ကိုယ်စား လှယ်အဖွဲ့များက တက်ရောက်ခဲ့ ကြပြီး အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊  ဘရူနိုင်း၊   မလေးရှား၊ စင်ကာပူ၊  ထိုင်း၊  ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်   ပါဝင်တက်ရောက်ကြ သည်။

 


အစည်းအဝေးတွင်   ပူးတွဲ ဥက္ကဋ္ဌများဖြစ်ကြသည့်    မြန်မာ နိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများအကြား အကြမ်း ဖက်မှု    တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်    ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ် များ၊   ဒေသတွင်းအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး    ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်    ရှေ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ကြသည်။

 


မြန်မာ    ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်များအား    အာဆီယံ အပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း စီမံ ကိန်းရေးဆွဲရေး အစည်းအဝေးသို့ တက်ရောက်သူများ လေ့လာသိရှိ နိုင်ရန်အတွက်    မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး   အခြေအနေနှင့် NUG ၊ PDF အမည်ခံအကြမ်းဖက် သမားများက    စစ်ဘက်မဟုတ် သည့်    အရပ်ဘက်ပစ်မှတ်များ အား   အကြမ်းဖက်တိုက်ခိုက်ခဲ့ သည့်ဖြစ်စဉ်များနှင့်   အထောက် အထားများ၊  NUG   အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ရသည့် အကြောင်းအရင်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အကြမ်းဖက်မှုတန်ပြန်   တိုက် ဖျက်ရေး    လုပ်ငန်းစဉ်များအား အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာ တို့ဖြင့်       ထုတ်ဝေထားသည့် စာစောင်၊   ၎င်း      စာစောင်ပါ အကြောင်းအရာများ ပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်