မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆွေးနွေး နိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ၏ကြိုးပမ်းမှုများကို ရှင်းလင်းပြောကြား

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၁


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko အား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေး


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အထူးသဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍများအပါအဝင် အပြန် အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာကျောင်းသား များအတွက်  ပညာသင်ဆုပိုမိုပေးအပ်ရေးအစီအစဉ်များ  တိုးမြှင့်ဖော်ဆောင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ   တိုးမြှင့်ရေးကိစ္စရပ် များနှင့်ပတ်သက်၍  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ အစိုးရများ အကြား ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းတို့၏    အရေးပါမှုကို လည်း အလေးထားဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေး အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။                        

 
သတင်းစဉ်