
နေပြည်တော် အောက်တိုဘာ ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgency Dmitrievich ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေး သည်။
တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုနှုန်း တိုးမြင့်လျက်ရှိသော ကင်ဆာရောဂါများနှင့်ပတ်သက် သည့်ကိစ္စရပ်များ၊ ခေတ်မီကင်ဆာဆေးကုသမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ အပြန်အလှန် နည်းပညာ ဖလှယ်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ စိန့်ပီတာ စဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှ ဆေးပညာရှင် များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် အတွေ့ အကြုံဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ကင်ဆာရောဂါ ကုသမှုဆေးပညာရှင်များ တွဲဖက်၍ ဆေးကုသမှုများ လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ ကင်ဆာရောဂါများ ကုသပေးသည့် ဆေးဝါးများအသုံးပြု၍ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ဝေဒနာရှင်များအား ဆေးကုသမှုများပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရုရှားနိုင်ငံ နှင့် မြန်မာနိုင်ငံတို့တွင် ဆေးပညာရပ်ဆိုင်ရာ ညီလာခံများ၊အစည်းအဝေးများကျင်းပ၍ ဆေးဘက် ဆိုင်ရာ ပညာရှင်များ အပြန်အလှန်ဖိတ်ကြားလျက် အသိပညာဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေး ပညာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီး ဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)၊ ပါမောက္ခ/ ဌာနမှူး၊ ကင်ဆာရောဂါ ဆေးပညာဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ ဌာနမှူး၊ ကင်ဆာဓာတ်ရောင်ခြည်ဆေးကုဌာန ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ပါမောက္ခ၊ ကင်ဆာဓာတ်ရောင်ခြည် ဆေးကုဌာန၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်