မြန်မာနိုင်ငံ၌ကျင်းပမည့် စတုတ္ထအကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုပေးအပ်ပွဲတွင်

 ထူးခြားစွမ်းဆောင်ဆုနှင့် ကောင်းမွန်သည့်အလေ့အထကျင့်စဉ် စွမ်းဆောင်ဆုကိုရရှိသည့်စက်ရုံ၊အလုပ်ရုံမှ လုပ်ငန်းရှင်များကိုပေးအပ်ချီးမြှင့်ရန်ရှိ

ရန်ကုန်    ဇွန်    ၆
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ထိခိုက်မှုများ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ခြင်းဖြင့် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး ကုန်ထုတ်စွမ်းအား မြင့်မား စေရေးအတွက်  စက်ရုံ၊ အလုပ်ရုံများမှ  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။ 
ဥပဒေများနှင့်အညီ လိုက်နာ
တွေ့ဆုံ    ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန် က  တက်ရောက် လာသည့်    လုပ်ငန်းခွင်    ဘေး အန္တရာယ်     ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများ အနေဖြင့်    လုပ်ငန်းခွင်အတွင်း ထိခိုက်မှုများ    မဖြစ်ပွားစေရန် နှင့်  ကြိုတင်ကာကွယ်မှုအတွက် အလုပ်သမားများကို အသိပညာ ပေး      ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လိုအပ်သည့် သင်တန်း များ    တက်ရောက်နိုင်ရေးနှင့် အထောက်အပံ့ပစ္စည်းများ ရရှိစေ ရေး၊ အလုပ်ရှင်နှင့် အလုပ်သမား အကြား    ညှိနှိုင်းဆောင်ရွက်၍ တည်ဆဲ    အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ    လိုက်နာ ဆောင်ရွက်ရန် လိုကြောင်း။ 
လုပ်ငန်းခွင်အတွင်း ဆူညံသံ၊ အလင်းရောင်၊   အပူ၊   အအေး၊ အမှုန်၊  အမွှား၊ အခိုးအငွေ့များနှင့် ဘေးအန္တရာယ်ရှိသည့်ပစ္စည်းများကြောင့် လုပ်ငန်းခွင်ပတ်ဝန်းကျင် ကို  ထိခိုက်မှုမရှိစေရေး အလုပ် သမားများအား   သင့်တော်သော တစ်ကိုယ်ရေသုံး         ကိုယ်ခန္ဓာ ကာကွယ်ရေး ဝတ်စုံများ၊ ပစ္စည်း များနှင့် အထောက်အကူပစ္စည်း များ    ဝတ်ဆင်လုပ်ကိုင်နိုင်ရေး ကြီးကြပ်   ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ စက်ရုံ၊ အလုပ်ရုံအတွင်း လုပ်ငန်းခွင်    ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေး ဆိုင်ရာ      ညွှန်ကြားချက်များ ဘေးအန္တရာယ် သတိပေးအချက် ပြများ၊ နို့တစ်စာများ၊ ပိုစတာများ နှင့် လမ်းညွှန်ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ ထားရှိရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စနစ်တကျစစ်ဆေးခံ
အရေးပေါ်အခြေအနေ ဖြစ်ပွား လာပါကဆောင်ရွက်မည့် အစီအမံ များကို   လိုအပ်သလို   သရုပ်ပြ လေ့ကျင့်၍ စစ်ဆေးရေး အရာရှိ ချုပ်နှင့် စစ်ဆေးရေးအရာရှိများက အလုပ်ခွင်သို့ ဝင်ရောက်စစ်ဆေး ချိန်     စနစ်တကျစစ်ဆေးခံပြီး လိုအပ်သည်များ       ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။  
စက်တင်ဘာလတွင် မြန်မာ နိုင်ငံ၌     ကျင်းပမည့်  စတုတ္ထ အကြိမ်မြောက် အာဆီယံလုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်   ကျန်းမာရေး   ကွန်ရက်ဆု ပေးအပ်ပွဲတွင်  ထူးခြားစွမ်းဆောင် ဆုနှင့် ကောင်းမွန်သည့် အလေ့ အထကျင့်စဉ်   စွမ်းဆောင်ဆုကို ရရှိသည့်    စက်ရုံ၊   အလုပ်ရုံမှ လုပ်ငန်းရှင်များကို ပေးအပ်ချီးမြှင့် ရန်ရှိကြောင်း မှာကြားသည်။
ယင်းနောက်   အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းခွင် အန္တရာယ်ဖြစ်စေနိုင် သည့် ပြုမူလုပ်ကိုင်ဆောင်ရွက်နေမှုများ၊     အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များကြောင့် ဖြစ်ပေါ် လာသည့် လုပ်ငန်းခွင်ထိခိုက်မှု များကို ရှင်းလင်းတင်ပြ၍ ယခင် နှစ်များက  အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု   ချီးမြှင့် ခံရသည့်    စက်ရုံ၊   အလုပ်ရုံများ က   ပြိုင်ပွဲအတွေ့အကြုံများကို ဆွေးနွေးပြောကြားပြီးတက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းမှုကို ရှင်းလင်းဖြေကြား ၍ ဒုတိယဝန်ကြီးက လိုအပ်သည် များ    ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 
သတင်းစဉ်