မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)၏ သဘောထား ထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၀ ရက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ပြေးဆွဲနေသည့် ချယ်ရီ(၂) ရေယာဉ်အား အကြမ်းဖက် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင် ဖောက်ခွဲမှုကြောင့်  အပြစ်မဲ့ခရီးသွားပြည်သူ  စုစုပေါင်း  ၁၇ ဦး  မိုင်စထိမှန်ဒဏ်ရာများ   ရရှိခဲ့ကြောင်း သတင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိပါသည်။
ထိုကဲ့သို့ အပြစ်မဲ့ခရီးသွား ပြည်သူများအား ပစ်မှတ်ထား လူမဆန်စွာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်အား   မြန်မာနိုင်ငံလုံးဆိုင်ရာ  ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့်  နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြန်းထန်စွာ ကန့်ကွက်ရှုတ်ချ ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် 
နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)