မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂ 
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရှိ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  စုပေါင်းအစည်းအဝေးခန်းမ၌    ကျင်းပသည်။ (အောက်ပုံ)
အစည်းအဝေးတွင်   မြန်မာ နိုင်ငံလုံးဆိုင်ရာ        အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ၊    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည် နေရာချထားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်သက်ခိုင်က မြန်မာနိုင်ငံလုံး ဆိုင်ရာ     အမျိုးသမီးကော်မတီ အနေဖြင့်   မြန်မာနိုင်ငံရှိ   အမျိုး သမီးများ   ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များကို   ဆောင်ရွက်ရန်အတွက် မူဝါဒ  (၄)  ရပ်၊    လုပ်ငန်းတာဝန် (၇) ရပ်    ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီမှ       ရေးဆွဲအကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိ သည့်   အမျိုးသမီးများ    ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ    အမျိုးသား အဆင့်    မဟာဗျူဟာစီမံကိန်း (National  Strategic  Plan  for the Advancement of Women- NSPAW)   (၂၀၁၃ - ၂၀၂၂)သည် စီမံချက်သက်တမ်း     ကုန်ဆုံးပြီ ဖြစ်၍ NSPAW Phase II (၂၀၂၃- ၂၀၃၂)ကို  ရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာ    ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ   ပါဝင်သည့် ဦးဆောင်ကော်မတီ  (၁)ရပ်နှင့် သက်ဆိုင်ရာ     ဦးစီးဌာနများမှ      ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင် သည့် လုပ်ငန်းကော်မတီ(၁၂) ခုကို      ဖွဲ့စည်းထားပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုး သမီးကော်မတီက        ဦးဆောင် ရေးဆွဲထားသည့်         “ကိုဗစ်-၁၉ ကာလအတွင်း     ကျေးလက်နေ အမျိုးသမီးများအတွက်  အသက် မွေးဝမ်းကျောင်း    လုပ်ငန်းများ ပြန်လည်    ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်” ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း  နေပြည်တော် ကောင်စီနှင့်      ရခိုင်ပြည်နယ် စီမံချက်ကျေးရွာများတွင် Quick win project  အနေဖြင့်  အကောင် အထည်ဖော်   ဆောင်ရွက်လျက်ရှိ ကြောင်း၊  သက်ငယ်မုဒိမ်း အပါ အဝင် ကျား-မ အခြေပြု  အကြမ်း ဖက်မှု (Gender Based Violence- GBV)       များနှင့်    ပတ်သက်ပြီး ဆက်သွယ်       တိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် “1566” ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်   အမျိုးသမီးထု သည်   လူဦးရေ၏  ၅၃  ရာခိုင်နှုန်း ရှိသောကြောင့် အစိုးရက ဦးဆောင် ၍ အမျိုးသမီးထုတစ်ရပ်လုံး ဖွံ့ဖြိုး ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ   ဆောင်ရွက်ရာတွင်  အစိုးရမဟုတ်သည့်   အဖွဲ့အစည်း များ၊    ပုဂ္ဂလိကကဏ္ဍများသည် လည်း    အရေးပါသည့်    ကဏ္ဍများ      ဖြစ်သောကြောင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန်        လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက်     မြန်မာနိုင်ငံလုံး ဆိုင်ရာ     အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊    လူမှုဝန်ထမ်း ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်     ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ     ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြပြီး   လူမှုဝန်ထမ်း ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ချုပ်က   ပြီးခဲ့သည့်  အစည်းအဝေး အမှတ်စဉ်  ၂/၂၀၂၂  ၏  ဆုံးဖြတ် ချက်များအပေါ်   ဆောင်ရွက်ပြီးစီး မှုများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက်  မြန်မာနိုင်ငံလုံး ဆိုင်ရာ   အမျိုးသမီးကော်မတီဝင် များက ကဏ္ဍအလိုက်  အကောင် အထည်ဖော်     ဆောင်ရွက်မှုများ ကို          ရှင်းလင်းတင်ပြကြပြီး   ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်