
နေပြည်တော် ဩဂုတ် ၂၉
မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ၏ (၁၄)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ Virtual System ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)မှ တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာ နိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များ အသင်းနာယက၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က အဖွင့်အမှာစကား ပြောကြား သည်။ ဆက်လက်၍ အစည်း အဝေး သဘာပတိ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်း နာယက ဦးဝင်းသင် နှင့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း ဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာ စကား ပြောကြားပြီး အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်း အလုပ်အမှုဆောင် အဖွဲ့၏ ၂၀၁၉-၂၀၂၀ ပြည့်နှစ် နှစ်ပတ်လည် အစီရင်ခံစာကို ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်က ဖတ်ကြားတင်ပြပြီး ဘဏ္ဍာရေး ရှင်းတမ်းများကို အဖွဲ့ဝင် ဒေါ်ရင် ကြည်နှင့် စာရင်းစစ်အစီရင်ခံစာ ကို ပြင်ပစာရင်းစစ် ဒေါ်မြင့်မြင့်က ဖတ်ကြားတင်ပြသည်။
မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း (MICPA) ၏ (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်း အဝေးတွင် နှစ်ပတ်လည်အစီရင် ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ် အစီရင်ခံစာတို့ကို အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်း စစ် ခန့်အပ်အတည်ပြုခြင်း၊ ၂၀၂၁ - ၂၀၂၂ နှစ်များအတွက် အလုပ် အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၂၄ဦး ဖြင့် ပြန်လည်ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း များ ထုတ်ပြန်ကြေညာခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။
ဆွေးနွေး တင်ပြချက်များ အပေါ် ပြည်ထောင်စုစာရင်း စစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြန်မာ့စီးပွား ရေး နယ်ပယ်တွင် စာရင်းကိုင် ပညာဆိုင်ရာလုပ်ငန်းများကို နိုင်ငံ တကာစံများနှင့်အညီ ရပ်တည် ဆောင်ရွက်နိုင်ရေး၊ စာရင်းပညာ ရှင်များ၏ အရေအတွက် သာမက အရည်အချင်းနှင့် အရည်အသွေး မြှင့်တင်နိုင်ရေး၊ ASEAN Free Flow of Profession အရအာဆီယံ အဆင့်နှင့် နိုင်ငံတကာအဆင့် ယှဉ်ပြိုင် ရင်ပေါင်တန်းနိုင်ရေး အတွက် နိုင်ငံတော်၏ အားပေးမှု၊ ကူညီပံ့ပိုးမှုများနှင့်အတူ မြန်မာ နိုင်ငံ စာရင်းကောင်စီနှင့် မြန်မာ နိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်း ကိုင်များအသင်းတို့က တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်