မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ခွင့်ရရှိသူများစာရင်းကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကြေညာ

 

ရန်ကုန်  ဩဂုတ်   ၂၇


ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ခွင့် ရရှိသူများစာရင်းကို  စင်ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံးက  အသိပေး ကြေညာထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်အသစ်  ပြုလုပ်ခွင့်ရရှိသူများ  အမည် စာရင်းကို  စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ Facebook Page-Myanmar Embassy, Singapore တွင် ဩဂုတ် ၂၇ ရက်က  အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
မွေးကင်းစကလေးများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထား ရာတွင် မိခင် (သိုမဟုတ်)ဖခင်သာ လာရန်လိုအပ်ပြီး ကလေးခေါ်လာ ရန်မလိုအပ်ကြောင်းလည်း သံရုံးက အသိပေးထုတ်ပြန်ထားသည်။
ထို့အပြင်   စင်ကာပူနိုင်ငံဆိုင်ရာ   မြန်မာသံရုံးအနေဖြင့် သံရုံး၏ WhatsApp  သို့     စာရင်းပေးပို့သူများအနက်မှ     မြန်မာနိုင်ငံကူး လက်မှတ်သက်တမ်းတိုးခွင့်ရရှိသူများ၏ စာရင်းကို အပတ်စဉ်အလိုက် သံရုံးက  အသိပေးထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး၏ WhatsApp  သို့   စာရင်းပေးပို့ရာတွင် စာရွက်စာတမ်းအတု၊ အခကြေးငွေရယူသူများမှတစ်ဆင့် ပေးပို့လာခြင်းများအပေါ် သက်တမ်းတိုးဆောင်ရွက်ပေးသွား မည်မဟုတ်ကြောင်း၊ မြန်မာသံရုံးဘက်မှ မည်သည့်ပုဂ္ဂလိက ဝန်ဆောင်မှုကုမ္ပဏီ၊ အေးဂျင့်များကိုမျှ ဝန်ဆောင်မှုရယူရန် နှင့်  တန်းစီဇယားလုပ်ဆောင်ခွင့်ပေးအပ်ထားခြင်း   မရှိ ကြောင်းလည်း သံရုံးက အသိပေးထားသည်။
စင်ကာပူနိုင်ငံရောက်  အသက်(၆၅)နှစ်နှင့်အထက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ရာတွင် သံရုံး Website, WhatsApp တို့၌ ကြိုတင်ရက်ချိန်းယူရန်မလိုအပ်ဘဲ   ဦးစားပေးအစီအစဉ် တစ်ရပ်အနေဖြင့်    ဆောင်ရွက်ပေးမည်ဖြစ်၍    သံရုံးသို့ နံနက်ပိုင်းတွင် လူကိုယ်တိုင် တိုက်ရိုက်လာရောက်သက်တမ်း တိုးဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးထားသည်။


MT