မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်    ၆


ပို့ဆောင်ရေးနှင့်          ဆက်သွယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်  ယနေ့ နံနက်ပိုင်းတွင်      မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် သို့ရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်းက    ကျောင်း သမိုင်း၊ မျှော်မှန်းချက်၊ ရည်မှန်း ချက်၊  ရည်ရွယ်ချက်နှင့် လုပ်ငန်း တာဝန်များအား         အကောင် အထည်ဖော်  ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာစံနှုန်းများနှင့်  အညီ လေ့ကျင့်သင်ကြားပို့ချမှု၊ ဖွဲ့စည်း ပုံ၊  လက်ရှိလုပ်ငန်းဆောင်ရွက်နေ မှုနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ပြီး       ဒုတိယဝန်ကြီးက   လိုအပ်သည်များကို    ဖြည့်စွက် ဆွေးနွေးမှာကြားသည်။ 

 


ကြည့်ရှုစစ်ဆေး


ထို့နောက်  ဒုတိယဝန်ကြီး သည်   ကောလိပ်အတွင်းရှိ Simu-lator Room များ၊ စာကြည့်တိုက်၊ သင်တန်းသား    အိပ်ဆောင်များ၊   စာသင်ခန်းမများ၊    စားရိပ်သာ နှင့်      ရေယာဉ်မီးငြှိမ်းသတ်မှု   အဆောက်အဦ (Smoke House)တို့ကို ကြည့်ရှုစစ်ဆေးသည်။ 


သတင်းစဉ်