မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပသည့် ITPEC စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာ

ရန်ကုန်    ဇွန်     ၁၅
သတင်း     အချက်အလက်နှင့်  ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာ     အသင်းချုပ်၏ ဦးဆောင်မှုဖြင့်    မြန်မာနိုင်ငံ ကွန်ပျူတာ  ပညာရှင်အသင်းက ကြီးမှူးကျင်းပခဲ့သည့်   Infor-mation Technology Professio-nals    Examination   Council (ITPEC) အသိအမှတ်ပြု စာမေးပွဲ များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် ဘားအံတို့တွင်၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်က  တစ်ပြိုင်တည်း ကျင်းပ ခဲ့ရာ Information Technology Passport   Examination (IT Passport) စာမေးပွဲတွင် ၅၁၇ ဦး နှင့် Fundamental Information Technology Engineer Exami-nation (FE)  စာမေးပွဲတွင်  ၆၉၄ ဦး ဝင်ရောက်ဖြေဆိုကြသည်။
 IT Passport Exam တွင် မြန်မာတစ်နိုင်ငံလုံး၌ ၃၇၉ ဦး အောင်မြင်ပြီး  ရာခိုင်နှုန်းအားဖြင့် ၇၃.၃၁ရာခိုင်နှုန်း အောင်မြင်သည်။ FE Exam   တွင် မြန်မာတစ်နိုင်ငံ လုံး၌  ၁၆၁ ဦး  အောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၃ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။
Information     Technology Professionals   Examination  Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလတို့တွင် ကျင်းပ ပြီး အဆိုပါစာမေးပွဲများကို မြန်မာ နိုင်ငံအပါအဝင် ဂျပန်၊  ဗီယက်နမ်၊  ဖိလစ်ပိုင်၊   ထိုင်း၊  မွန်ဂိုလီးယား၊   ဘင်္ဂလားဒေ့ရှ်    နိုင်ငံတို့က  အသိ အမှတ်ပြုကြောင်း   သိရသည်။
မျိုးမင်းသူရ