
ရန်ကုန် ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ၏ (၁၃)ကြိမ်မြောက် သက်ကြီး ဂီတပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်သည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာ နိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) တွဲဖက် အတွင်းရေးမှူး (၂) ဦးသီရိမောင် မောင်နှင့် ကန်တော့ခံသက်ကြီး ဂီတပညာရှင်များ၊ စာပေပညာရှင် များ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်တို့က မုဒိတာ စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သက်ကြီးဂီတပညာရှင်များ ပူဇော် ကန်တော့ပွဲအတွက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း ငွေတို့ကို တိုင်းဒေသကြီးဝန်ကြီး ချုပ်ကလည်းကောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနမှ လှူဒါန်းငွေကျပ် သိန်း ၃၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်းပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) ဥက္ကဌ ဦးလွင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထိုနောက် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)သို့ အလှူရှင် များက လှူဒါန်းငွေများ ပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)တွဲဖက်အတွင်း ရေးမှူး(၁) ဦးမြတ်မင်းနှင့် တွဲဖက် အတွင်းရေးမှူး (၂) ဓညဝတီ ဦးကျော်ဝင်းတို့က လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာ ကြသူများက သက်ကြီးဂီတပညာ ရှင်များအား မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) အမှုဆောင် အဖွဲ့ဝင် တက္ကသိုလ်လဲ့လဲ့က ဦးဆောင်၍ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ အမှုဆောင်များက ကန်တော့ခံ ဂီတသက်ကြီးပညာ ရှင်များအား လှူဖွယ်ပစ္စည်းများကို ဂါရဝပြုပေးအပ်ကြ၍ ကန်တော့ ခံ ဂီတသက်ကြီးပညာရှင်များ ကိုယ်စား သက်ကြီးဂီတပညာရှင် တစ်ဦးက သြဝါဒစကားပြောကြား သည်။
(၁၃)ကြိမ်မြောက် သက်ကြီး ဂီတပညာရှင် ပူဇော်ကန်တော့ပွဲ တွင် အသက်(၈၀)နှင့်အထက် သက်ကြီးဂီတပညာရှင် တစ်ဦး လျှင် ငွေကျပ် နှစ်သိန်းခွဲနှုန်း၊ အသက်(၈၀)အောက် သက်ကြီး ဂီတပညာရှင်တစ်ဦးလျှင် နှစ်သိန်း နှုန်း၊ တစ်သိန်းခွဲနှုန်းဖြင့် လှူဒါန်း ခဲ့ကြပြီး (၁၃) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ပွဲတွင် ဂီတသက်ကြီးပညာ ရှင် ၁၆၀ တက်ရောက် ကန်တော့ခံ ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)