
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)
သဘောထားထုတ်ပြန်ချက်
၁၃၈၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက်
၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။
အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်ကြောင်း၊ ၇၅ နှစ်ကာလ ကြာပြီဖြစ်သည့် လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရသေးသည်ကိုလည်း လက်ရှိပကတိဖြစ်ရပ် များက ပြဆိုနေကြောင်း၊ အဓိကအကြောင်းအရာမှာ သဘောထားကွဲလွဲမှုများအပေါ်အခြေခံပြီး ဖြစ်ပေါ်လာ ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ပင် ဖြစ်ကြောင်း၊ ၎င်းကို ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ ၏အနှစ်သာရ လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေး နှစ်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်လိုအပ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ဖော်ပြပါရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ခေါ်ကမ်းလှမ်းမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ဖိတ်ခေါ်ကမ်းလှမ်းချက် ဖြစ်သဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံးက အကြွင်းမဲ့ထောက်ခံပါကြောင်း ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)