
ရန်ကုန် ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ ဒုတိယ နေ့ကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ (၉)မိုင် ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက် အသင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြင့်ပွဲအခမ်း အနား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးတင်မောင်မောင်ဝင်းက မြန်မာဂေါက်သီးရိုက်အသင်းသို့ အမှတ် တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ မြန်မာ ဂေါက်သီးရိုက်အသင်း အတွင်းရေးမှူး ဦးသက်ဇော်လှိုင်က လက်ခံရယူ သည်။ ထို့နောက် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးက အသက်အငယ် ဆုံးနှင့် ကြိုးစားယှဉ်ပြိုင်သော လင်းမြတ်မွန်ကို လည်းကောင်း၊ မြန်မာဂေါက်သီးရိုက် အသင်း ဥက္ကဋ္ဌ ဒေါက်တာချိုထွန်းက အသက် ၁၂ နှစ်အောက်သက်တမ်း တွင် စုစုပေါင်းရိုက်ချက် ၁၈၁ ချက် ဖြင့် ဒုတိယဆုရရှိသော ရဲမင်းသန့် ကိုလည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၆၁ ချက်ဖြင့် ပထမဆု ရရှိသော Choi Hwan ကို လည်း ကောင်း ဆုများပေးအပ်ချီးမြှင့် သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့် မြင့်သန်းက အမျိုးသမီးသက်တမ်း တွင် စုစုပေါင်းရိုက်ချက် ၂၃၂ ချက် ဖြင့် တတိယဆုရရှိသော ယုယု ကို လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၂၃၂ ချက်ဖြင့် ဒုတိယဆု ရရှိသော နှင်းထက်သံလွင်ကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၈၈ ချက်ဖြင့် ပထမဆုရရှိသော မိုးမခကျော်သူကို လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့် အောင်က အသက်၁၄ နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၀ ဖြင့် တတိယဆုရရှိသော ခန့်ဘုန်းလျှံကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၀ ဖြင့် ဒုတိယဆုရရှိသော လုံမျိုးစံကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၈ ချက်ဖြင့် ပထမဆုရရှိသော ထွန်းထွန်းဦးကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက အသက် ၁၈ နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၃ ချက်ဖြင့် တတိယဆုရရှိသော ကောင်းထက် ကို လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၆၀ ဖြင့် ဒုတိယဆု ရရှိသော အောင်မင်းခန့်ကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၉ ချက်ဖြင့် ပထမဆုရရှိသော Locadio K တို့ကို လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ကိုညီလေး
ဓာတ်ပုံ-MGF