မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အတွက် ကြေးခေတ်၊ သံခေတ်သမိုင်းဆွေးနွေးပွဲကျင်းပ

 

 

နေပြည်တော်   ဇွန်   ၇
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ် တည်းသော  မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ    ပရိုင်း မိတ်ကာလ၊ ကျောက်ခေတ်ကာလ၊ ကြေးခေတ်၊    သံခေတ်ကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း၊ ပျူခေတ် ကာလတို့နှင့် ပတ်သက်၍ မူကြမ်း ရေးသားပြီးစီးနေပြီ     ဖြစ်သည့် ရှေးဟောင်း  သုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက် များ၊      ခေတ်မီသိပ္ပံနည်းကျ သက်တမ်း      တွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု  ဖော်ထုတ်တွေ့ရှိ ချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော   သမိုင်းစဉ်ရရှိနိုင်ရန် အတွက်         လက်တွေ့တူးဖော် သုတေသနပြုသည့် ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ အတွေ့ အကြုံရင့်       အရာရှိကြီးများ၊ လက်တွေ့   ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့်     မြန်မာ့သမိုင်း အဖွဲ့မှ ပညာရှင်ကြီးများ၊ ဝန်ထမ်း များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၆  ရက်နှင့်  ၇ ရက်တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန     ရန်ကုန် ဌာနခွဲ       အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာ့   သမိုင်းစဉ်အတွက် အရေးကြီးသော  ဆွေးနွေးပွဲဖြစ် သည့် အားလျော်စွာ မြန်မာ့သမိုင်း အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)   ဦးသန်း ဆွေ၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ တိုးလှနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊    ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် အရာရှိကြီးများ၊ ကြေးခေတ်၊ သံခေတ်      သုတေသနတူးဖော်မှု လုပ်ငန်းများတွင် နှစ်ပေါင်း ၂၀  ကျော် ပါဝင်ဆောင်ရွက်ခဲ့ကြသော ပြင်ပပညာရှင်များ၊    အရာရှိကြီး များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ    ဌာနဝန်ထမ်းများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံသည် ဘူမိပထဝီ ဖွဲ့စည်းမှုအရ လွန်ခဲ့သောနှစ်ပေါင်း သန်းရာနှင့်ချီသည့် ကာလကပင် ရေ၊   မြေ၊   တော၊  တောင်ဖြင့် ဖွဲ့စည်းတည်ရှိခဲ့ပြီး       ပုံတောင်၊ ပုံညာတောင်တန်းရှိ       ဗဟင်း ကျေးရွာမှ   လွန်ခဲ့သောနှစ်  သန်း ၄၀ က သက်တမ်းဟု နိုင်ငံတကာ ပညာရှင်များ    သတ်မှတ်ခဲ့သည့် လူတူပရိုင်းမိတ်၏    ညာဘက် အောက်မေးရိုးတစ်ခြမ်းကို စတင် တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း လူတူပရိုင်းမိတ် အစိတ်အပိုင်းများ ဆက်လက်ရှာဖွေ       တွေ့ရှိခဲ့ပါ ကြောင်း၊ ထို့ကြောင့်လည်း မြန်မာ့ ရေ၊ မြေပေါ်တွင် လူတူပရိုင်းမိတ်များ ပေါက်ဖွား ရှင်သန်လာပြီး လွန်ခဲ့ သောနှစ် ၇၅၀၀၀၀ မှ ၁၀၀၀၀ အကြားကာလတွင်    အညာသား ယဉ်ကျေးမှုဟူ၍      အမေရိကန် ပညာရှင်    T.O.Morris,    Dr. H.L.Movius နှင့်    Dr. H.de Terra တို့ အမည်ပေးခဲ့သည့် ကျောက် ခေတ်ဦး (သို့မဟုတ်) ကျောက် ခေတ်ဟောင်းကာလ  ထွန်းကား ခဲ့ကြောင်း၊  ထို့နောက်  ကျောက် ခေတ်လယ်၊   ကျောက်ခေတ်သစ် များသို့ အဆင့်ဆင့်ဖြတ်သန်းခဲ့ပြီး ကြေးခေတ်၊   သံခေတ်များသို့ပါ ကူးပြောင်း ထွန်းကားခဲ့သည်ကို ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ  နိုင်ငံတကာ      ပညာရှင်များနှင့် ပူးပေါင်းတူးဖော်  သုတေသနပြုမှု အရ တွေ့ရှိခဲ့ရကြောင်း၊ ကြေးခေတ်၊ သံခေတ်မှ ပျူခေတ်၊ ထို့နောက် ပုဂံခေတ်စသည်ဖြင့်      မြန်မာ သမိုင်းတို့၏ ခေတ်အဆင့်ဆင့်ကို ဖြတ်ကျော်ကာ ယခုခေတ်ကာလ အထိ ယဉ်ကျေးမှုမြင့်မားတိုးတက် လာသည်ကို      တွေ့ရှိရပါကြောင်း။
ယခင်က      မြန်မာနိုင်ငံသမိုင်း ကို လေ့လာဖော်ထုတ်မှုများအရ ကြေးခေတ်၊       သံခေတ်ကို ကျော်လွှားပြီး ကျောက်ခေတ်သစ် မှ   ပျူခေတ်သို့    ကျော်လွှား ဖြတ်သန်းခဲ့သည်ဟု   ပြည်တွင်း/ပြည်ပမှ     ပညာရှင်ကြီးများက ပြောဆိုမှတ်သား     ရေးသားကြ ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်း ခေတ်များနှင့် ပတ်သက်၍ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ပညာရှင် များ စုဖွဲ့ရေးသားထုတ်ဝေခဲ့သော “အခြေပြမြန်မာနိုင်ငံရေးသမိုင်း” ကိုသာ         ကိုးကားခဲ့ကြောင်း၊ နှစ်ပေါင်း     ၅၀    ကျော်လွန်ပြီ ဖြစ်သည့်       ယခုကာလတွင် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်  ဦးစီးဌာနအနေဖြင့် ဂျပန်၊    ပြင်သစ်၊   အမေရိကန်၊ အီတလီ၊ စင်ကာပူ စသည့်နိုင်ငံများ မှ အဖွဲ့အစည်းများစွာဖြင့် မြန်မာ နိုင်ငံအနှံ့အပြားတွင် ယခုကာလ အထိ ပူးတွဲသုတေသနပြုမှုအကြိမ် ပေါင်း ရာချီရှိခဲ့ပြီး အသစ်အသစ် သော    တွေ့ရှိချက်များ၊   သိပ္ပံ နည်းကျ သက်တမ်းတွက်ချက်မှု များကြောင့်   အချို့သမိုင်းခေတ် များမှာ များစွာပီပြင်ပုံပေါ်လာပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သမိုင်း ခေတ်များကို   ပြန်လည်ပြင်ဆင် ရေးသားပြုစုထုတ်ဝေရန် လိုအပ် လာပြီဖြစ်ကြောင်း၊    သို့မှသာ ပြည်တွင်း/ပြည်ပ သုတေသီများ၊ ကျောင်းသားလူငယ်များ၊ ပြည်သူ လူထုများအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းစဉ်  ပြောင်းလဲဖြစ်တည်မှု ကို       သိရှိကိုးကားနိုင်မည်ဖြစ် ကြောင်း၊ ထို့အတူ မြန်မာလူမျိုး များသည်       မြန်မာ့ရေမြေတွင် ပေါက်ဖွားကြီးပြင်းလာပြီး သမိုင်း ခေတ်ကာလ       အဆင့်ဆင့်ကို ကျော်ဖြတ်လျက်   ယနေ့ခေတ် ကာလအထိ   ရောက်ရှိခဲ့သည်ကို ခိုင်ခိုင်မာမာ       ဖော်ထုတ်နိုင်ပြီး မိမိလူမျိုး၊  မိမိနိုင်ငံနှင့်  မိမိတို့ သမိုင်းအတွက်   ဂုဏ်ယူနိုင်မည် ဖြစ်ကြောင်း   ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။
ထို့ကြောင့်      ဆွေးနွေးပွဲတွင် မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်များ ပြုစုရေးသားထားသော သမိုင်းစဉ် (မူကြမ်း)များအနက်မှ   “ကြေး ခေတ်၊ သံခေတ် မြို့ပြအကြိုခေတ်” အကြောင်းကို တာဝန်ယူပြုစုသော ဒေါက်တာစိန်မြင့်က    ရှင်းလင်း တင်ပြသည်။         ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူး  ဦးအောင်အောင်ကျော်က
၎င်းလက်တွေ့တူးဖော်      သုတေ သနပြုခဲ့သော   “ကြေးခေတ်၊ သံခေတ်   တူးဖော်မှုအကြောင်း” ကို အသေးစိတ်ရှင်းလင်းတင်ပြရာ ပြင်သစ်ပညာရှင်များ၏   အယူ အဆနှင့်   သက်တမ်းတွက်ချက် မှုကိုပါ   မြန်မာ့ကြေး/သံခေတ် သမိုင်းစဉ်တွင်ပါ ထည့်သွင်းနိုင်ရန် ဆွေးနွေးတင်ပြသည်။   မြန်မာ့ သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် ပညာရှင်များ၊ မန္တလေးရှေးဟောင်း သုတေသနဌာနခွဲ ညွှန်ကြားရေး မှူး(ငြိမ်း)   ဦးပေါက်ပေါက်နှင့် ကြေးခေတ်၊ သံခေတ် ဒေသများကို လက်တွေ့တူးဖော်    သုတေသန ပြုခဲ့သော          အရာရှိကြီးများက ဖြည့်စွက်ရှင်းလင်း       ဆွေးနွေး တင်ပြခဲ့သည်။   မြန်မာ့သမိုင်းစဉ် ဆိုင်ရာ    ကြေးခေတ်၊  သံခေတ် ဆွေးနွေးပွဲကို ဇွန် ၆ ရက်နှင့်  ၇ ရက် စုစုပေါင်းနှစ်ရက် ပြုလုပ်ခဲ့ပြီး ဆွေးနွေး   ဖြည့်စွက်ချက်များကို ပြန်လည်ထည့်သွင်း     ထပ်မံ ဆွေးနွေး၍   အတည်ပြုမည်ဖြစ် ကြောင်း၊ အလားတူ မြန်မာ့သမိုင်း စဉ်ဆိုင်ရာ ကျောက်ခေတ်ဆွေးနွေး ပွဲကို ဇွန်  ၁၃   ရက်နှင့်  ၁၄ ရက် တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်  ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင်   ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်ပြီး   ပညာ ရှင်များ       ပါဝင်ဆွေးနွေးနိုင် ကြောင်း၊    ပါဝင်ဆွေးနွေးလိုသူ ပညာရှင်များအနေဖြင့် ၎င်းသုတေ သနပြုတွေ့ရှိချက်များ၊   ခိုင်မာ သော အထောက်အထားများကိုပါ ပူးတွဲ    ယူဆောင်လာပါရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန  ရန်ကုန် ဌာနခွဲ   ညွှန်ကြားရေးမှူး ဖုန်း - ၀၉၅၀၆၁၈၃၂ ၊ Email : depar-tmentofarchaeologyygn@gmail.com များသို့  ကြိုတင် ဆက်သွယ်ရန် လိုအပ်ပါကြောင်း သိရသည်။                 သတင်းစဉ်