မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်မြို့အတွင်း လူဦးရေနှင့် ပို့ဆောင်ဆက်သွယ်ရေးယာဉ် အရေအတွက် တိုးပွားလာလျက်ရှိပြီး
နှစ်ထပ်လမ်းကြောင်းများ၊ မြေအောက်ဥမင်လမ်းကြောင်းများကို မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်

 

နေပြည်တော်   အောက်တိုဘာ   ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်  ဟံသာဝတီအဝိုင်းအနီး  ပြည် လမ်းမကြီးတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက် လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲ  အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး သည်။


တက်ရောက်


အခမ်းအနားသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊   ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊  ဦးအောင်သန်းဦး၊  ဒေါက်တာ ချာလီသန်း၊   ဦးခင်ရီ၊    ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ 


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  သည်  ဖွင့်ပွဲအခမ်းအနား  ပြုလုပ်မည့် နေရာသို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ 


ထို့နောက် မြို့တော်ဝန်က မြေအောက် လမ်းကူး  လူသွားဥမင်  (Underpass) တည်ဆောက်ခဲ့သည့် အခြေအနေများ နှင့်ပတ်သက်၍     တိုးတက်လာသည့် မြို့ပြစနစ်များအပေါ်တွင်    အခြေခံ၍ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေ ရန်နှင့်     ယာဉ်အန္တရာယ်ဖြစ်ပွားမှုကို    ထိရောက်စွာ ကာကွယ်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည့် အခြေအနေ၊ စက်လှေကားများ၊  ဓာတ်လှေကားများ ထည့်သွင်း    တည်ဆောက်ထားသဖြင့်     သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အတွက်လည်း   အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည့်အခြေအနေ၊ ဈေးဆိုင် ခန်းများ ပါဝင်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းအချို့   ရရှိစေမည်ဖြစ်ပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ    သန့်ရှင်း သပ်ရပ်လုံခြုံစိတ်ချရသည့်    လမ်းကူး အဆောက်အအုံတစ်ခုအဖြစ်   အသုံးပြု နိုင်မည်ဖြစ်သည့်    အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက်   မြေအောက်လမ်းကူး  လူသွားဥမင် (Underpass) ဖွင့်ပွဲ အထိမ်း အမှတ်အဖြစ်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင် ပေးအပ်သည်။


စက်ခလုတ်နှိပ်ဖွင့်လှစ်


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် မြို့တော်ဝန် တို့က မြေအောက်လမ်းကူး လူသွားဥမင်  (Underpass) အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  မြေအောက်လမ်းကူး      လူသွားဥမင် (Underpass) အဆောက်အအုံ ဝင်ပေါက် အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  နှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး  လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှု ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန် မြို့အတွင်း    လူဦးရေနှင့်   ပို့ဆောင် ဆက်သွယ်ရေးယာဉ်      အရေအတွက် တိုးပွားလာလျက်ရှိပြီး လမ်းဧရိယာများ ကို  တိုးချဲ့ရန်  မဖြစ်နိုင်သည့်အတွက် နှစ်ထပ်လမ်းကြောင်းများ၊ မြေအောက် ဥမင်လမ်းကြောင်းများကို   မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်လာသည့် အခြေ အနေ၊ ယခု မြေအောက်လမ်းကူး လူသွား ဥမင်သည်    မြေအောက်ရထားလမ်း အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်း များ၏   ကနဦး   ခြေလှမ်းအစဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားနိုင်မည့် အခြေ အနေများနှင့်ပတ်သက်၍ လိုအပ်သည် များ  ဆွေးနွေးပြောကြားကာ  မီးဘေး အန္တရာယ်ကာကွယ်ရေး၊    အရေးပေါ် အခြေအနေ ကယ်ဆယ်ရေး၊ အသုံးပြု သွားလာသူများ၏    လုံခြုံရေးဆိုင်ရာ များနှင့်ပတ်သက်၍    လိုအပ်သည်များ မှာကြားသည်။


အဆိုပါ မြေအောက်လမ်းကူး လူသွား ဥမင်သည် ဈေးဆိုင်ခန်းများပါဝင်သည့် မြေအောက်လမ်းကူး       လူသွားဥမင် (Underpass)အမျိုးအစားဖြစ်ပြီး ပင်မ ဥမင်အမြင့် ၁၁ ပေ၊ အကျယ် ပေ ၄၀၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မ ရှိကြောင်း၊ ပင်မဥမင်စုစုပေါင်း အလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄  ခု ပါဝင်ကာ  တစ်နာရီလျှင်  လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း၊    မြေအောက်လမ်းကူး လူသွားဥမင် (Underpass)  အတွင်း ရွေ့လျားစက်လှေကား သုံးစင်း၊ သက်ကြီး  ရွယ်အိုများနှင့်     မသန်စွမ်းသူများ အသုံးပြုရန်    ဓာတ်လှေကား နှစ်စင်း ထည့်သွင်း     တည်ဆောက်ထားပြီး ဈေးဆိုင်ခန်း     စုစုပေါင်း  ၁၈ ခန်း ထည့်သွင်းတည်ဆောက်ထားကြောင်း၊ မီးဘေးအန္တရာယ်     ကာကွယ်ရေး၊ အရေးပေါ်အခြေအနေ  ကယ်ဆယ်ရေး၊  လုံခြုံရေးဆိုင်ရာ sensor များ၊ ကင်မရာ များ တပ်ဆင်ထားရှိပြီး ယနေ့ဖွင့်လှစ် သည့် မြေအောက်လမ်းကူး လူသွားဥမင် သည်  အများပြည်သူအတွက်   အကျိုး ကျေးဇူးများစွာရရှိစေနိုင်မည့် အဆောက် အအုံတစ်ခုဖြစ်သည်သာမက ရန်ကုန်မြို့ ၏ တိုးတက်လာသည့် မြို့အင်္ဂါရပ်ပြယုဂ် တစ်ခုလည်းဖြစ်ကြောင်း    သတင်းရရှိ သည်။ 


သတင်းစဉ်