မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲနေသည့်အခြေအနေ သံတမန်များသို့ အသိပေး မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့် ကြိုးပမ်းဆောင်ရွက်မှုများကိုသိရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်ပေးစေလို

 

ရန်ကုန်   စက်တင်ဘာ   ၉


မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို   မြန်မာနိုင်ငံအခြေစိုက် သံတမန်များအား တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ    မြန်မာ့အသံနှင့်ရုပ်မြင် သံကြား  စတူဒီယို (အေ) တွင်   ကျင်းပ ပြုလုပ်သည်။


တွေ့ဆုံရှင်းလင်းပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီး        ဦးမောင်မောင်အုန်း၊          ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်         အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ်    စိုးတင့်နိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ ဖြစ်ကြသည့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊        အစ္စရေးနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အီဂျစ် နိုင်ငံတို့မှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊  တူရကီ၊    မလေးရှား၊   ဆော်ဒီအာရေဗျ၊ ဘရူနိုင်း၊   နီပေါ၊  တီမောလက်စ်တေ၊ ပါကစ္စတန်၊ လာအို၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊    ကိုရီးယား၊   ဂျပန်၊    ရုရှား၊ စင်ကာပူ၊      အင်ဒိုနီးရှား၊    ဗီယက်နမ်၊ ဩစတြေးလျ၊ ကူဝိတ်၊   ကာတာနိုင်ငံ တို့မှ သံရုံးယာယီတာဝန်ခံ၊ သံရုံးဒုတိယ အကြီးအကဲများ၊     တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဒုတိယဌာနေကိုယ်စားလှယ်တို့   တက် ရောက်ကြသည်။ 


ကြိုဆိုနှုတ်ဆက်


ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊      ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများက တွေ့ဆုံရှင်းလင်းပွဲသို့    တက်ရောက် လာကြသည့်      မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ နှင့်   သံတမန်များအား   ရင်းရင်းနှီးနှီး တစ်ဦးချင်း ကြိုဆိုနှုတ်ဆက်ကြသည်။
တွေ့ဆုံရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက   ယနေ့ ကျင်းပပြုလုပ်သည့်  တွေ့ဆုံရှင်းလင်းပွဲ မှာ ကျွန်တော့်အနေဖြင့်  အပိုင်း(၃)ပိုင်း ရှင်းလင်းပြောကြားသွားမှာ     ဖြစ်ပါ ကြောင်း။


ပထမပိုင်းအနေဖြင့် တပ်မတော်က  နိုင်ငံတော်၏         တာဝန်အရပ်ရပ်ကို ဘာကြောင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရ တယ်ဆိုတာ    အားလုံးသိပြီးဖြစ်သည့် အတိုင်း NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်    နိုဝင်ဘာလ  ၈  ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော     ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း လွဲမှားမှုများ ၊ မဲမသမာမှုများ ဆိုးရွားစွာ  ဖြစ်ပေါ်ခဲ့ပါကြောင်း၊       ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏   တရားဝင်  ထုတ်ပြန်ခဲ့သော မဲစာရင်းအပေါ် စိစစ် ချက်များအရ    မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း       တစ်ဆယ့်တစ်သန်း သုံးသိန်းကျော် (၁၁,၃၀၅,၃၉၀) ရှိခဲ့မှုကို ရွေးကောက်ပွဲ   ပြီးပြီးချင်းကာလမှာပင် တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ  စိစစ်တွေ့ရှိချက်      စာရင်းဇယားများ ထုတ်ပြန်ခြင်း အကြိမ်(၃၀)၊ သဘောထား ထုတ်ပြန်ချက်များ   ထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ       (၂)ကြိမ်နှင့် ရွေးကောက်ပွဲအပြီး (၄)ကြိမ် စုစုပေါင်း (၆)ကြိမ်၊ တပ်မတော်သတင်းစာရှင်းလင်း ပွဲများတွင် ပြည်တွင်း/ ပြည်ပ မီဒီယာ များရှေ့၌ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။


အမှန်တရားများကို လျစ်လျူရှု


တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး၊      ရိုးသား သည့်   နိုင်ငံရေးဖြစ်စေရေးတို့အတွက် ရွေးကောက်ပွဲမတိုင်မီကပင် အကြိမ်ကြိမ် ပြောကြားခဲ့ပါကြောင်း၊ သို့ပေမယ့်လည်း အားလုံး        မြင်တွေ့ကြားသိကြသည့် အတိုင်း                ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲ အပြီးကာလ သုံးခုစလုံးမှာ လွတ်လပ်မှု၊ တရားမျှတမှုနှင့်    သန့်ရှင်းမှုများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်ခဲ့သည့် အတွက် မဲမသမာမှု ပြုနိုင်သည့်စာရင်း များ   ရှင်းလင်းမှုမပြီးမချင်း    တတိယ အကြိမ်လွှတ်တော်ကို ဆိုင်းငံ့ထားရန်  တောင်းဆိုခဲ့ပါကြောင်း၊ မလုပ်ဆောင် ခဲ့ပါဘူး။ မဲစာရင်းကွာခြားမှု ကြီးမားနေ  ခြင်းနှင့်   ပတ်သက်၍    ရွေးကောက်ပွဲ နှင့်      သက်ဆိုင်သည့်          ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖြေရှင်းပေး ရန်  ပထမအဆင့်အနေဖြင့် ကြိုးပမ်းခဲ့ပါ ကြောင်း၊   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးရန် ငြင်းဆန် သည့်အခါ ပြည်ထောင်စုလွှတ်တော်က တစ်ဆင့် ဥပဒေနှင့်အညီ ပြည်ထောင်စု လွှတ်တော်အထူးအစည်းအဝေးခေါ်ယူ ပေးရန် တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊  ခေါ်ယူပေးဖို့      ငြင်းဆန်ခဲ့ပါကြောင်း၊ လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေ များကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု  လွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တစ်ခုခုက     နည်းလမ်းရှာ ဖြေရှင်းပေးရန် အဆင့်ဆင့်တောင်းဆိုခဲ့ ပါကြောင်း၊      ထိုအဆင့်တွေအားလုံး ငြင်းပယ်ခံရသောအခါ နိုင်ငံတော်သမ္မတ ဦးစီးသည့် “အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူ ပြီး တွေ့ဆုံဆွေးနွေးပေးနိုင်ရန် တင်ပြ ခဲ့ပါကြောင်း၊   သို့ရာတွင်     တာဝန်ရှိသူ အဆင့်ဆင့်က ဖြေရှင်းမပေးခဲ့ပါကြောင်း၊ ထိုသို့    ဖြေရှင်းမပေးဘဲ   အမှန်တရား များကို    လျစ်လျူရှုပြီး   မသမာသည့် ရွေးကောက်ပွဲရလဒ်များဖြင့် လွှတ်တော် အသီးသီးကို   ခေါ်ယူခြင်း၊     အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည်  ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀၊  ပုဒ်မခွဲ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော်အာဏာ ကို  အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက် ခြင်း”  ဖြစ်သည့်အတွက်  တပ်မတော် သည်    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ       အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ    ကြေညာပြီး ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း။


ဒါကို မီဒီယာကျင့်ဝတ်နှင့် လိုက်နာ ခြင်းမရှိသည့်  ပြည်တွင်း/ပြည်ပ သတင်း မီဒီယာများ၊ နိုင်ငံတကာဆက်ဆံရေးနှင့်  ကျင့်ဝတ်ကို အလေးမထားသော ပြည်ပ နိုင်ငံအချို့က     နိုင်ငံတော်အာဏာကို သိမ်းယူတယ်လို့     စွပ်စွဲပြောကြားနေ ကြတာရှိပါကြောင်း၊      တကယ်တော့ တပ်မတော်က တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏  အာဏာ အရပ်ရပ်ကို     ထိန်းသိမ်းဆောင်ရွက် နေခြင်းသာဖြစ်ပြီး   အာဏာသိမ်းတာ  မဟုတ်ကြောင်း၊       အရေးပေါ်ကာလ ဆိုင်ရာ              ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက      လွတ်လပ်၍ တရားမျှတသော       ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပ ပေးသွားမှာဖြစ်ကြောင်းကို    ယခင်က အကြိမ်ကြိမ်     ရှင်းပြခဲ့သလို    ယခု ရှင်းလင်းမှုမှာလည်း ပထမအချက်အဖြစ် ထပ်မံအသိပေးပြောကြားခြင်း      ဖြစ်ပါ ကြောင်း။ 


ဆန္ဒနှင့် မျှော်လင့်ချက်


ဒုတိယပိုင်းအနေဖြင့်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  တာဝန်ယူစဉ် ကာလအတွင်း    ဆောင်ရွက်သွားမည့်  ရှေ့လုပ်ငန်းစဉ်နှင့်     ဦးတည်ချက်များ
ချမှတ်လုပ်ဆောင်နေမှုများကို ရှင်းလင်း တင်ပြလိုပါကြောင်း၊     မြန်မာပြည်သူ တစ်ရပ်လုံး၏ ဆန္ဒနှင့် မျှော်လင့်ချက်က   စစ်မှန်စည်းကမ်းပြည့်ဝသည့်     ပါတီစုံ  ဒီမိုကရေစီစနစ်              ခိုင်မာအောင်   တည်ဆောက်နိုင်ရေး      ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့်   ၁၉၈၈    ခုနှစ် ကတည်းက ပြည်သူတွေလိုလားခဲ့သည့်  ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံကစပြီး တည်ဆောက်ပေးခဲ့တာ ဖြစ်ပါကြောင်း၊  ပါတီစုံဒီမိုကရေစီစနစ်   ကျင့်သုံးရာမှာ  လွတ်လပ်ပြီး                 တရားမျှတသည့်  ရွေးကောက်ပွဲများက “အဲဒီစနစ်တွေရဲ့ အသက်” ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာ စေရန်    အခြေခံလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးပင်    ဖြစ်ပါကြောင်း၊    တည်ငြိမ် အေးချမ်းရေးဆိုရာမှာ    နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊        လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု၊     စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုတွေ     လိုအပ်မှာ ဖြစ်ပါကြောင်း၊  တရားဥပဒေစိုးမိုးရေးမှာ လည်း  တည်ဆဲဥပဒေတွေကို လေးစား  လိုက်နာပြီး       စည်းကမ်းပြည့်ဝသည့်  အလေ့အထကောင်းတွေ ရရှိလာစေရန် ဆက်လက်ဆောင်ရွက်ရမှာ           ဖြစ်ပါ ကြောင်း၊ အဆိုပါ   လုပ်ငန်းရပ်တွေကို အောင်မြင်စွာ   ဆောင်ရွက်နိုင်အောင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့်  ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊   နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ် တို့ကို ချမှတ်ခဲ့ပါကြောင်း။


ဥပဒေပြုရေးအာဏာ


ယခုလိုချမှတ်ထားသော ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များ ထိရောက်  အောင်မြင်စွာ    အကောင်အထည်ဖော် နိုင်ရန် နိုင်ငံနှင့်  လူမျိုး အကျိုးစီးပွားကို အချိန်တိုအတွင်း   ဖြစ်ထွန်းပေါ်ပေါက် စေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက           နိုင်ငံတော်တာဝန်ကို  ထိန်းသိမ်းဆောင်ရွက်သည့်    ကာလ (၆)လ   ပြည့်မြောက်သည့်အချိန်တွင် ပြည်ထောင်စုသမ္မတ     မြန်မာနိုင်ငံတော်  အိမ်စောင့်အစိုးရဖွဲ့စည်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၁၉ နှင့် အညီ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို ရယူပြီး ဥပဒေပြုရေးအာဏာကို   မိမိ ကိုယ်တိုင်ပါဝင်သည့်    အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်း၍   ကျင့်သုံးဆောင်ရွက် ခြင်း၊ အုပ်ချုပ်ရေးနှင့်  တရားစီရင်ရေး အာဏာများကို သင့်လျော်သည့် အဖွဲ့  အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့်    ပုဂ္ဂိုလ်တစ်ဦးဦးအား  လွှဲအပ်ကျင့်သုံးခြင်းတို့ ဆောင်ရွက်လျက် လုပ်ငန်းစဉ်များ အားလုံးကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နေသည်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း။      


 တတိယပိုင်းအနေဖြင့် နိုင်ငံတော် အစိုးရက လက်ရှိဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများထဲက   ကဏ္ဍ အချို့တို့ကို        ထုတ်နုတ်တင်ပြလိုပါ ကြောင်း၊   နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈ ခုနှစ်) နှင့်အညီ    ဆောင်ရွက်သွားမှာဖြစ်ပြီး   အရေးပေါ်ကာလ      ကုန်ဆုံးသွားသည့် အခါ   ဥပဒေနှင့်အညီ    ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးကာ ရွေးကောက်ပွဲ ရလဒ်ဖြင့် ထွက်ပေါ်လာမည့်အစိုးရကို အခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်များ စနစ်တကျ   လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမှာ     ဖြစ်ပါကြောင်း၊  တစ်ဖက်မှာလည်း          အစိုးရတစ်ရပ် အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်   နိုင်ငံသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို လည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း။ 


ကပ်ရောဂါ ကာကွယ်ရေး


ယနေ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် နိုင်ငံ အားလုံး ရင်ဆိုင်နေရသည့်  ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက် ပြီး    မိမိတို့အနေဖြင့်    တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို     ကျင့်သုံးပြီး အားကြိုးမာန်တက် အကောင်အထည် ဖော်နေမှုများကိုလည်း   အကျဉ်းချုပ် အသိပေးလိုပါကြောင်း၊  လုပ်ဆောင်မှု  အသေးစိတ်ကိုတော့ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက  တင်ပြသွားမှာ ဖြစ်ပါကြောင်း။ 


မိမိတို့နိုင်ငံမှာ  ကိုဗစ်-၁၉ ပထမ လှိုင်းနှင့်  ဒုတိယလှိုင်း   ဖြစ်ပွားခဲ့စဉ်က ထိခိုက်မှုနည်းပါးခဲ့ပေမယ့် တတိယလှိုင်း  ဖြစ်ပွားချိန်တွင်     ကမ္ဘာပေါ်မှာရှိသည့်  အခြားနိုင်ငံများနည်းတူ   ထိခိုက်မှုတွေ ရှိခဲ့ပါကြောင်း၊  သို့ပေမယ့်လည်း မိမိတို့ အစိုးရအနေဖြင့်     ကိုဗစ်-၁၉ ရောဂါ ကာကွယ်  တားဆီး ထိန်းချုပ် ကုသရေး ဆိုင်ရာ   အစီအမံများနှင့် ပတ်သက်ပြီး ဖိဖိစီးစီး      လုပ်ဆောင်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊    ကိုဗစ်ရောဂါ စစ်ဆေးပေးခြင်း၊   လိုအပ်သည့်နေရာ များကို  Stay at Home   ပြုလုပ်ခြင်း၊ အများပြည်သူ    အလုပ်ပိတ်ရက်များ တိုးမြှင့်သတ်မှတ်ပေးခြင်း၊     ကာကွယ် ဆေးများကို ယခင်အစိုးရလက်ထက်က အိန္ဒိယနိုင်ငံတစ်ခုတည်းကသာ ဝယ်ယူ  နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊  အိန္ဒိယ နိုင်ငံမှာလည်း  ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာတော့ ဆေးများ ဆက်မပေး  နိုင်သည့်အခါ   တရုတ်နိုင်ငံနှင့်   ရုရှား နိုင်ငံကနေ ဝယ်ယူရရှိရေးကို အစက ပြန်စပြီး ကြိုးပမ်းခဲ့ရပါကြောင်း၊   ဝယ်ယူ မှုများအပြင်      တရုတ်၊     အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့မှ ကာကွယ် ကုသဆေးများနှင့်  အထောက်အကူပြု ပစ္စည်းများ   မိတ်ဆွေကောင်းပီသစွာ ကူညီလှူဒါန်းပေးမှု၊     ပြည်သူလူထု၏ တစ်ဦးချင်းစီနှင့်    အဖွဲ့အစည်းများက စေတနာ သဒ္ဓါတရား  ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းမှု၊      လိုအပ်သည့် လုပ်ငန်းစဉ်အသီးသီးတွင်    စေတနာ့ ဝန်ထမ်းများအဖြစ် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်မှု၊ ပြည်သူပြည်သားများ ၏ တစ်ဦးချင်းစီ  စည်းကမ်းလိုက်နာမှု များသည် ကိုဗစ်ရောဂါ ကာကွယ်ရေးကို ထိရောက်စွာ    အထောက်အကူပြုခဲ့ ကြောင်း တွေ့ရမှာဖြစ်ပါကြောင်း။   


ကိုဗစ်ကာလအတွင်းမှာ   ပြည်ပမှာ အလုပ်အကိုင်ခက်ခဲပြီး        အခက်အခဲ တွေ့နေကြသည့်  မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူခြင်း    လုပ်ငန်းကိုလည်း  မိမိတို့          ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ကိုဗစ် တတိယလှိုင်းမစခင် ကတည်းက   မလေးရှားနိုင်ငံရောက်  မြန်မာနိုင်ငံသား       ၁၀၈၆    ဦးကို တပ်မတော်စစ်ရေယာဉ်    နှစ်စင်းဖြင့် လည်းကောင်း၊   အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသား ၇၀ ဦးကို တပ်မတော် စစ်ရေယာဉ်  တစ်စင်းဖြင့် လည်းကောင်း သွားရောက်ခေါ်ယူခဲ့ပါကြောင်း၊      ယခု တတိယလှိုင်း ကာလမှာလည်း တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့မှာ ရောက်ရှိနေကြ သည့် မြန်မာနိုင်ငံသားများကို ပြန်လည်  လက်ခံခြင်းလုပ်ငန်းများ      ဆောင်ရွက် လျက်ရှိရာမှာ  မနေ့ကအထိ ၇၄၉၅၅ ဦးကို   လက်ခံခဲ့ပြီး     ဖြစ်ပါကြောင်း၊     နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်     နိုင်ငံ တော်အစိုးရသည်  မိမိနိုင်ငံသားများကို အရိပ်သဖွယ် အကာအကွယ်ပေးရမှာ ဖြစ်ကြောင်းနှင့်     ကူညီသွားရမှာဖြစ် ကြောင်း၊ မိမိနိုင်ငံအတွင်း ပြန်ဝင်လာပြီး ပြဿနာရှာချင်ရှာပါစေ၊   လက်ခံသွား ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါကြောင်း၊  ထို့ကြောင့် ကိုဗစ်ကာလမှာ နိုင်ငံအသီး သီးကို ရောက်ရှိနေပြီး   မြန်မာနိုင်ငံကို ပြန်လာချင်နေသည့်   မြန်မာနိုင်ငံသား များရှိနေရင် သက်ဆိုင်ရာနိုင်ငံအသီးသီး ကလည်း ကူညီပေးကြရန် သတင်းစကား ပါးလိုပါကြောင်း။


ထာဝရငြိမ်းချမ်းရေး  ရရှိရေး


ဆက်လက်ပြီး တစ်နိုင်ငံလုံး ထာဝရ  ငြိမ်းချမ်းရေး        ရရှိစေရေးအတွက် လုပ်ဆောင်နေမှုကိုလည်း    ရှင်းလင်း တင်ပြလိုပါကြောင်း၊  တပ်မတော်အနေ ဖြင့်  ထာဝရငြိမ်းချမ်းရေးရရှိရေးသည် မဖြစ်မနေဆောင်ရွက်ရမည့်  လုပ်ငန်း စဉ်လို့ အပြည့်အဝခံယူထားတာဖြစ်ပါ ကြောင်း၊  ထို့ကြောင့်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ          ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် ၏  စစ်ရေးဆိုင်ရာ  လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စပြီး ယနေ့အထိ ရပ်ဆိုင်းပေးခဲ့သည်မှာ  ထင်ရှားသည့် သက်သေပင်ဖြစ်ပါကြောင်း။   
တစ်ဖက်မှာလည်း တည်ဆဲဥပဒေကို လိုက်နာခြင်းမရှိသည့်  နိုင်ငံတော်အစိုးရ ကို ဆန့်ကျင်နေသည့်  CRPH နှင့် NUG လက်အောက်ခံ    အကြမ်းဖက်အဖွဲ့ အစည်းများကိုလည်း   ဥပဒေကြောင်း အရ ထိရောက်စွာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း    အသိပေးပြောကြား လိုပါကြောင်း၊  အကြမ်းဖက် NUG အဖွဲ့ အနေဖြင့်  စက်တင်ဘာ ၇ ရက်တုန်းက ပြည်သူလူထု၏         လူမှုစီးပွားဘဝနှင့်  နိုင်ငံတော်   တည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင် “ အရေးပေါ်အခြေအနေ ကြေညာခြင်း” ဆိုပြီး ကြေညာချက်တစ်ခု ထုတ်ခဲ့ပါကြောင်း၊   အဆိုပါကိစ္စသည် နိုင်ငံတော်အစိုးရကို  စစ်ကြေညာသည့်  သဘောဖြစ်ပါကြောင်း၊     ထို့ကြောင့် ယင်းနှင့်ပတ်သက်ပြီး    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)များကို ၎င်းတို့ နယ်မြေအတွင်းမှာ NUG အကြမ်းဖက် အဖွဲ့တွေ လက်ခံထားခြင်းရှိမရှိ တရား  ဝင် မေးမြန်းခဲ့ပါကြောင်း၊ EAO အဖွဲ့ အများစုက    သူတို့နှင့်သက်ဆိုင်သည့် နယ်မြေများမှာ    NUG   အဖွဲ့တွေ   မရှိ ကြောင်း တရားဝင် ပြန်ကြားခဲ့ပါကြောင်း၊ ယခုဆိုရင် အဆိုပါ အကြမ်းဖက် NUG အဖွဲ့သည် မည်သည့်နေရာမှာရှိနေသည် ဆိုတာ မေးခွန်းထုတ်စရာရှိပါကြောင်း။ 


ယနေ့              သံတမန်ကြီးများနှင့် ကိုယ်စားလှယ်တော်ကြီးများကို ဖိတ်ခေါ် ရှင်းလင်းတင်ပြရခြင်းက မြန်မာနိုင်ငံ၏  လက်ရှိအခြေအနေနှင့်          ကြိုးပမ်း ဆောင်ရွက်မှုများကို    သိရှိနိုင်ကြပြီး မြန်မာနိုင်ငံကို အပြုသဘော ပူးပေါင်း ဆောင်ရွက်ပေးစေလိုသည့် စိတ်များနှင့် အရင်းခံပြီး လုပ်ဆောင်ခြင်းပင် ဖြစ်ပါ ကြောင်း။  


မိတ်ဆွေများအနေဖြင့်      ယခုလို ကြားမြင်သိသည့်   အကြောင်းအရာများ ကို  အခြေခံပြီး   မိမိတို့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသည့်    အခြေအနေများကို အမှားနှင့်အမှန်၊ ဓမ္မနှင့် အဓမ္မ၊ အကြောင်း နှင့်  အကျိုး၊ အကောင်းနှင့်  အဆိုးကို ဝေဖန်ပိုင်းခြား လက်ခံသိမြင်နိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်း   ရှင်းလင်း ပြောကြားသည်။  


ကြိုတင်စီမံဆောင်ရွက်ခဲ့


ထို့နောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက       ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အကြိုကာလမှာ         ယခင်အစိုးရနဲ့ ပြည်ထောင်စု    ရွေးကောက်ပွဲကော်မရှင် တို့ရဲ့  ကြိုတင်ကြံစည်ဆောင်ရွက်ချက် များကို        ဦးစွာတင်ပြလိုပါကြောင်း၊  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ     အဆင့် ဆင့် ဖွဲ့စည်းရေး        ဆောင်ရွက်ခဲ့ရာတွင်   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့် ဆင့်မှာ NLD ပါတီဝင်တွေ၊  အမာခံတွေနဲ့ ပါတီနိုင်ငံရေးမကင်းရှင်းသူတွေ ပါဝင်ပြီး  ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက် ရာမှာ NLD ပါတီအပေါ် ဘက်လိုက်မှုတွေ လုပ်ဆောင်ခဲ့သည်ကို  စိစစ်တွေ့ရှိရပါ ကြောင်း၊    ၂၀၁၈ ခုနှစ်    ကြားဖြတ် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ   NLD ပါတီအစိုးရအနေနဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန     လက်အောက်သို့ ပြောင်းလဲဖွဲ့စည်းတာနဲ့   တိုင်းဒေသကြီး/ ပြည်နယ်များမှာရှိတဲ့     အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနတွေကို     ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှအပ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန အဖြစ် တိုးချဲ့ဖွဲ့စည်းတာတွေ   လုပ်ခဲ့ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာမှာ      အရေးပါတဲ့ဌာနတွေကို   ချုပ်ကိုင်နိုင်ဖို့    ကြိုတင်   စီမံဆောင်ရွက်ခဲ့တာတွေကို တွေ့ရပါကြောင်း။ 
မဲဆန္ဒရှင်စာရင်းများ            မြေပြင် ကွင်းဆင်းကောက်ယူရာမှာ NLD အစိုးရ က ခန့်ထားတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများနှင့်    အချို့နေရာ တွေမှာ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ  ပူးပေါင်းကောက်ယူကြောင်း စိစစ်တွေ့ရှိ ရပါကြောင်း၊  နိုင်ငံသားစိစစ်ရေးကတ်  ရှိ/မရှိ၊    သက်ဆိုင်ရာ      လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ   မဲပေးခွင့်ရှိသူ  ဟုတ်/မဟုတ်      စိစစ်နိုင်ခြင်းမရှိတဲ့ အတွက် မဲစာရင်းမှာ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ    အစုလိုက်   အပြုံလိုက်   ပါဝင်တာတွေ၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်တစ်ခုတည်းနဲ့ မဲစာရင်း နှစ်ကြိမ်၊ သုံးကြိမ်    ဖောင်းပွပါဝင်နေတာတွေကို တွေ့ရှိရပါကြောင်း၊ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ  လွှတ်တော်ရွေးကောက်ပွဲ   နည်းဥပဒေ များကို  ပဉ္စမအကြိမ်  ပြင်ဆင်ခြင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်နဲ့ ဆဋ္ဌမအကြိမ်   ပြင်ဆင်ခြင်းကို   ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်တွေမှာ ထုတ်ပြန် ဆောင်ရွက်ခဲ့ပါကြောင်း၊   ဒီလိုပြင်ဆင် ရေးဆောင်ရွက်ရာမှာ   ယခင်    ပြည်  ထောင်စု            ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌနဲ့    အဖွဲ့ဝင်များဟာ   နိုင်ငံတော် သမ္မတနဲ့     နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အာဏာရပါတီအတွက် အလေးသာစေ  မည့် ပြင်ဆင်ချက်တွေ  လုပ်ဆောင်ခဲ့တာ တွေ့ရှိရပါကြောင်း။


မဲစာရင်းများ ပိုမိုဖောင်းပွမှားယွင်းခဲ့


ပထမအကြိမ်   မဲစာရင်းကပ်ထား  ကြေညာရာမှာ မှားယွင်းမှုကို အကြောင်း ပြု၍ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၄ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက သက်ဆိုင် ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီး ချုပ်များခေါင်းဆောင်ပြီး လဝကဝန်ကြီး၊ကော်မရှင်၊ ထွေ/အုပ်၊ လဝကတို့ပါဝင်တဲ့ မဲဆန္ဒရှင်စာရင်း      ပြည့်စုံမှန်ကန်ရေး  အတွက်                ပံ့ပိုးကူညီရေးအဖွဲ့များကို   ဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊    ယင်း အဖွဲ့ရဲ့လုပ်ပိုင်ခွင့်ကို အခြေခံပြီး အဆင့် ဆင့်သော    NLD   ပါတီအောင်နိုင်ရေး အဖွဲ့များရဲ့    ဖိအားပေး     မဲစာရင်း ထည့်သွင်းတာတွေကို   ရွေးကောက်ပွဲ နီးချိန်အထိ   ဆောင်ရွက်ခဲ့တဲ့အတွက် သက်ဆိုင်ရာ    ကော်မရှင်အဖွဲ့ခွဲများက စိစစ်နိုင်ခြင်းမရှိဘဲ   မဲစာရင်းများ   ပိုမို ဖောင်းပွ မှားယွင်းခဲ့တာကို စိစစ်တွေ့ရှိ ရပါကြောင်း၊    ယခင်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က   မှတ်ပုံတင်  အစရှိတဲ့ အချက်အလက်တွေ မပြည့်စုံ  တဲ့ မဲဆန္ဒရှင်များအတွက် ဖြေလျှော့ပြီး မဲစာရင်းတွင်ပါသူဖြစ်ကြောင်း    သိသာ  နိုင်တဲ့        ကတ်တစ်မျိုးမျိုးပြသလျှင် မဲပေးခွင့်ပြုမည်ဖြစ်ကြောင်း ညွှန်ကြား ချက်ထုတ်ပြန်ခဲ့တဲ့အတွက်    နိုင်ငံသား စိစစ်ရေးကတ်  စိစစ်မှုမပြုနိုင်သူများနဲ့  နိုင်ငံသားစိစစ်ရေးကတ်     မရှိသူများ မဲပေးခွင့်ပြုရတာတွေ၊ နိုင်ငံသားစိစစ် ရေးကတ်အမှတ်တစ်ခုတည်းနဲ့ နှစ်ကြိမ်/  သုံးကြိမ် နှင့်အထက် မဲစာရင်းပါဝင်သူတွေ  မဲပေးခွင့်ရရှိခဲ့တာတွေဖြစ်ခဲ့ပြီး သက်ဆိုင် ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်မှုတွေ  ဖြစ်ပေါ်စေပါကြောင်း၊ ယခင်         ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က   မဲဆန္ဒရှင်   သက်သေခံ  လက်မှတ် (Voter Slip) များ ဖြန့်ဝေ နိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တဲ့  အတွက် မဲဆန္ဒရှင်သက်သေခံလက်မှတ် များ ဖောင်းပွတာတွေ၊ မသက်ဆိုင်သူများ ထံ    ရောက်ရှိတာတွေ၊   မဲဆန္ဒရှင် သက်သေခံလက်မှတ် ယူဆောင်လာသူ တွေကို   မဲပေးခွင့်ပြုရတာတွေကြောင့် ဥပဒေ၊ နည်းဥပဒေနဲ့မညီတဲ့ မဲပေးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊          သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်း  ဥပဒေများမှာ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများနှင့်       ကြိုတင်မဲပေးရာတွင် သက်ဆိုင်ရာ      ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ရမယ့်       လုပ်ငန်းစဉ်တွေကို သတ်မှတ်     ပြဋ္ဌာန်းထားသော်လည်း ယခင်     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ    ကိုဗစ်-၁၉    ရောဂါ ဖြစ်ပွားတာကို အကြောင်းပြပြီး အသက်  ၆၀ နှစ်အထက် မဲဆန္ဒရှင်တွေ ကြိုတင်  ဆန္ဒမဲပေးဖို့ ကြေညာချက်နဲ့ ညွှန်ကြား ချက်တွေ   ထုတ်ပြန်ဆောင်ရွက်ခဲ့ပါ ကြောင်း၊    ဒီလို    ကြိုတင်ဆန္ဒမဲတွေ ကောက်ခံရာတွင်   အချို့နေရာများမှာ NLD ပါတီအောင်နိုင်ရေးအဖွဲ့တွေ  ပါဝင် ပြီး နေအိမ်များသို့   သွားရောက်ရာမှာ  ဥပဒေနဲ့မညီတဲ့    မဲပေးမှုဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တာကို   စိစစ်တွေ့ရှိရပါ  ကြောင်း၊ ယခင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနေ့တွင်  မဲရုံများမှာ အသုံးပြုခဲ့တဲ့ ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးတွေနဲ့ပတ်သက်ပြီး မဲရေတွက် ရာမှာ UEC တံဆိပ်မပါရှိတဲ့ အမှန်ခြစ် တံဆိပ်တုံး ရိုက်နှိပ်ထားတဲ့ မဲလက်မှတ်  များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ်  သတ်မှတ်မည်ဖြစ်ကြောင်း ရွေးကောက် ပွဲကျင်းပရန် နှစ်ရက် အလိုဖြစ်တဲ့ ၆-၁၁-၂၀၂၀   ရက်နေ့မှ    ညွှန်ကြားခဲ့တာဟာ လည်း မဲရုံမှာ မဲရေတွက်ရာ၌ ရှုပ်ထွေး  မှုများကို  ဖြစ်ပေါ်စေပါကြောင်း။  


၂၀၂၀    ပြည့်နှစ်    အထွေထွေ ရွေးကောက်ပွဲမှာ   အသုံးပြုဖို့   ဆန္ဒမဲ လက်မှတ်များ  မှာယူရိုက်နှိပ်ရာမှာလည်း  အမှန်လိုအပ်တဲ့ ပမာဏထက်  ပိုမိုတဲ့ မဲလက်မှတ်စောင်ရေ      ၁၃၉၃၃၁၁၂၀ စောင်   ရိုက်နှိပ်ခဲ့တာတွေ့ရပြီး   ဒီလို ရိုက်နှိပ်ရာမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့မတိုင်မီ  တစ်ရက်အလို ၇-၁၁-၂၀၂၀ ရက်နေ့အပါအဝင်      ထပ်မံရိုက်နှိပ်မှု ရှစ်ကြိမ် ဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါ  ကြောင်း၊  ၂၀၂၀ ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ် ချိန်တွင်      လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲရွှေ့ဆိုင်းသည့်   နယ်မြေ စာရင်းများ    ထုတ်ပြန်ရာမှာ   ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  သည်  NLD ပါတီနိုင်ခြေမရှိသည့် ရခိုင် ပြည်နယ် ကိုးမြို့နယ်နှင့်   ရှမ်းပြည်နယ်  ခြောက်မြို့နယ်    ပေါင်း  ၁၅   မြို့နယ်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ လုံခြုံရေးအခြေ အနေ ပိုမိုဆိုးရွားတဲ့ ပလက်ဝမြို့နယ်ကို  ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်တာကို  အခြားပါတီတွေက ထောက်ပြကန့်ကွက် ခဲ့ပေမယ့်  ညှိနှိုင်းပြင်ဆင်တာ   မလုပ်ဘဲ လုပ်ပိုင်ခွင့်အာဏာကို      အလွဲသုံးပြီး ဘက်လိုက်ဆောင်ရွက်ခဲ့တာကို တွေ့ရှိရ ပါကြောင်း။ 


နိုင်ငံရေးပါတီများရဲ့ မူဝါဒ၊ သဘော ထား၊    လုပ်ငန်းစဉ်တွေကို     နိုင်ငံပိုင် ရေဒီယိုနဲ့     ရုပ်မြင်သံကြားအစီအစဉ် များမှ ထုတ်လွှင့်ရေးဆောင်ရွက်ရာမှာ  ဟောပြောဖို့ တင်ပြလာတဲ့ နိုင်ငံရေးပါတီ ၈၅ ပါတီအနက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေး ပါတီ ၆၄ ပါတီရဲ့ စာမူတွေကို ပြန်လည် ပြင်ဆင်တင်ပြစေခဲ့တဲ့အတွက်   အချို့ ပါတီများဟာ ဟောပြောမည့် အစီအစဉ်  တွေကို ပယ်ဖျက်ခဲ့ကြပါကြောင်း၊  NLD  ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၁ ပါတီ ကိုတော့    မူလတင်ပြတဲ့စာမူအတိုင်း ဟောပြောခွင့်ပြုခဲ့တာ စိစစ်တွေ့ရှိရပါ  ကြောင်း၊    ယခင်      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်တွင်းနဲ့  နိုင်ငံတကာလေ့လာသူများ ဆောင်ရွက် ရမယ့်     လုပ်ငန်းစဉ်များကို    ထုတ်ပြန် ကြေညာခဲ့ရာမှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာ ခွင့်ပြုခဲ့သည့် အကြောင်းအရာ ၁၃ မျိုး ရှိပေမယ့်   ၂၀၂၀ ပြည့်နှစ်   အထွေထွေ ရွေးကောက်ပွဲမှာတော့ အကြောင်းအရာ လေးမျိုးလျော့ပြီး ကိုးမျိုးကိုသာ ခွင့်ပြု တဲ့အတွက်    ပွင့်လင်းမြင်သာမှု   ပိုမို အားနည်းခဲ့တာကို      စိစစ်တွေ့ရှိရပါ ကြောင်း။ 


၂၀၂၀      ပြည့်နှစ်   အထွေထွေ ရွေးကောက်ပွဲမှာ               ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲဆိုင်ရာ      ပြစ်မှုများနှင့်  ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက  ရရှိသော စာရင်းဇယားများအရ ၃၁-၇- ၂၀၂၀    ရက်နေ့အထိ     သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားထားတဲ့ အမှုပေါင်း ၅၄၆ မှုရှိပြီး   တရားစွဲတင် ၃၃၆ မှု၊ ပိတ်သိမ်း ၁၉၂ မှု နဲ့ လက်ကျန် ၁၈ မှု ဖြစ်သဖြင့်   ယခင် ရွေးကောက်ပွဲ များထက် လွန်စွာများပြားတာကို စိစစ် တွေ့ရှိရပါကြောင်း။ 
၂၀၂၀    ပြည့်နှစ်      အထွေထွေ ရွေးကောက်ပွဲကာလမှာ   ဖြစ်ပေါ်ခဲ့တဲ့ တရားမဲ့ပြုကျင့်မှုများနဲ့    စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ တရားဝင်ကန့်ကွက်လွှာတင်သွင်းတဲ့ အမှုပေါင်း ၂၈၇ မှုရှိခဲ့ပြီး NLD ပါတီအနေ နဲ့ ကန့်ကွက်ခံရတာ ၂၆၅ မှု ရှိပါကြောင်း၊  ယခင်   ၂၀၁၀   ပြည့်နှစ်    အထွေထွေ ရွေးကောက်ပွဲမှာ ကန့်ကွက်လွှာ ၂၉ မှု၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ  ၄၅ မှုနဲ့နှိုင်းယှဉ်ပါက   အလွန်များပြား တာကို စိစစ်တွေ့ရှိရပါကြောင်း။ 


မဲစာရင်းတွေကို  အသေးစိတ်စိစစ် 


ပြည်ထောင်စု            ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီရဲ့     ရှေ့လုပ်ငန်းစဉ် (၁) နဲ့အညီ   ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းတွေကို အသေးစိတ် စိစစ်ခဲ့ပါကြောင်း၊ စိစစ်တွေ့ရှိ ချက် စာရင်းချုပ်အရ စိစစ်ခဲ့တဲ့ မြို့နယ် ပေါင်း  ၃၁၅ မြို့နယ်၊  မဲရုံ​ပေါင်း ၃၉၉၆၃ ရုံရဲ့ ယခင်      ရွေးကောက်ပွဲကော်မရှင်က  ထုတ်ပြန်ခဲ့တဲ့      မဲဆန္ဒရှင်စာရင်းက ၃၈၂၇၁၄၄၇ (သုံးဆယ့်ရှစ်သန်း နှစ်သိန်း ခုနစ်သောင်း   တစ်ထောင်  လေးရာ လေးဆယ့် ခုနစ် )  ဦးဖြစ်ပေမယ့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရဲ့  စာရင်းအရ   အသက် ၁၈ နှစ် ပြည့်ပြီး            ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၁၇၇၅၃၃၀        (သုံးဆယ့်တစ်သန်း ခုနစ်သိန်း     ခုနစ်သောင်း     ငါးထောင် သုံးရာ သုံးဆယ် ) ဦးဖြစ်လို့ ၆၄၉၆၁၁၇ (ခြောက်သန်း   လေးသိန်း   ကိုးသောင်း ခြောက်ထောင် တစ်ရာ တစ်ဆယ့် ခုနစ်) ဦး ကွာခြားမှုရှိပါကြောင်း။ 


 မဲဆန္ဒရှင်စာရင်းများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရလက်မှတ် မရှိသူ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းနဲ့   မဲစာရင်းမှာ သုံးကြိမ်နဲ့ အထက်  ပါဝင်သူ၊   နှစ်ကြိမ်ပါဝင်သူ၊ တိုင်းဒေသကြီး/  ပြည်နယ်အတွင်းရှိ မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေး တဲ့ (Cross Check) အရ   မဲစာရင်း ထပ်နေသူ၊ တိုင်းဒေသကြီး/   ပြည်နယ်  တစ်ခုနဲ့တစ်ခုအကြား    အပြန်အလှန် စစ်ဆေးတဲ့     (Cross Check)    အရ မဲစာရင်းထပ်နေသူ၊ အသက် ၁၀၀ နှစ် အထက်   မဲစာရင်းတွင်   ပါဝင်နေသူနဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ အသက်  ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းမှာ ပါဝင်နေသူ  စတဲ့ မဲမသမာမှုဖြစ်နိုင်တဲ့   မဲဆန္ဒရှင် စုစုပေါင်း ၁၁၃၀၅၃၉၀ (ဆယ့်တစ်သန်း သုံးသိန်း  ငါးထောင် သုံးရာ ကိုးဆယ် ) ဦး     ရှိပြီးတော့      မဲဆန္ဒရှင်ပေါင်းရဲ့ ၂၉ ဒသမ ၅၄   ရာခိုင်နှုန်း     ဖြစ်တာကို စိစစ်တွေ့ရှိရပါကြောင်း။   
 ဆက်လက်ပြီး  ၂၀၂၀   ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြု ခဲ့တဲ့    ဆန္ဒမဲလက်မှတ်များကို   မြေပြင်  ကွင်းဆင်း   စစ်ဆေးတွေ့ရှိချက်တွေကို  တင်ပြမှာဖြစ်ပါကြောင်း၊           ပြည်သူ့ လွှတ်တော် မဲလက်မှတ်များကို စစ်ဆေး တွေ့ရှိချက်အရ စုစုပေါင်း  ထုတ်ယူရရှိ ခဲ့တဲ့ ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၃၀၀၄၃၈၂  (လေးဆယ့်   သုံးသန်း လေးထောင် သုံးရာ ရှစ်ဆယ့်နှစ်)  ဖြစ်ပြီး မဲပေးအသုံးပြုခဲ့တဲ့ မဲလက်မှတ်ဖြတ်ပိုင်း  များမှာ ၂၇၀၉၈၀၅၈ (နှစ်ဆယ့်ခုနစ်သန်း ကိုးသောင်း   ရှစ်ထောင်   ငါးဆယ့်ရှစ်)  ဖြစ်လို့            ကျန်ရမယ့်    အရေအတွက် ၁၅၉၀၆၃၂၄ (ဆယ့်ငါးသန်း   ကိုးသိန်း ခြောက်ထောင် သုံးရာ  နှစ်ဆယ့်လေး)  ဖြစ်ပေမယ့် မြေပြင်လက်ကျန် ၁၄၉၂၀၇၈၃ (ဆယ့်လေးသန်း ကိုးသိန်း နှစ်သောင်း  ခုနစ်ရာ  ရှစ်ဆယ့်သုံး)  ဖြစ်နေတာ စိစစ် တွေ့ရှိရပါကြောင်း၊  ကွာခြားချက်အနေနဲ့ ကျန်ရမယ့် အရေအတွက်ထက်လျော့နည်း တဲ့ မဲလက်မှတ်အရေအတွက် ၁၄၂၄၃၉၁ (တစ်သန်း     လေးသိန်း    နှစ်သောင်း လေးထောင်   သုံးရာ   ကိုးဆယ့်တစ်)ဖြစ်ပြီး  အပိုတွေ့ရှိရတဲ့   မဲလက်မှတ် အရေအတွက်မှာ ၄၃၈၈၅၀ (လေးသိန်း သုံးသောင်း ရှစ်ထောင် ရှစ်ရာ ငါးဆယ်)  ဖြစ်ပါကြောင်း။  

 
မြေပြင်ကွင်းဆင်းစစ်ဆေး


ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၂၀ ပြည့်နှစ် အထွေ  ထွေရွေးကောက်ပွဲနဲ့       ပတ်သက်ပြီး မဲဆန္ဒရှင်စာရင်းနှင့်      မဲလက်မှတ်များ စစ်ဆေးစိစစ်မှု၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/  ပြည်နယ်၊    ပြည်ထောင်စုနယ်မြေ  အသီးသီးသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှု အပါအဝင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနဲ့   ရွေးကောက်ပွဲ နောက်ပိုင်းကာလ  ဖြစ်စဉ်တစ်ရပ်လုံး အပေါ် လွှမ်းခြုံသုံးသပ်ချက်အရ ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲဟာ  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တာ  တွေ့ရတဲ့အပြင် NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်မှာ အုပ်ချုပ်ရေး အာဏာနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ်ရေးဆိုင်ရာ  ကန့်သတ်ချက် တွေကို အလွဲသုံးပြီး နိုင်ငံတော်အာဏာ ကို   မတရားရယူဖို့     ကြိုတင်ကြံစည်  ဆောင်ရွက်ခဲ့တာတွေ၊ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း  တရားဝင် အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို  အလွဲသုံးကာ ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခဲ့တာ  တွေကို စိစစ်တွေ့ရှိရတဲ့အတွက် ၂၀၂၀  ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ် များကို ပယ်ဖျက်ကြောင်း ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်က ၂၆-၇-၂၀၂၁ ရက်နေ့မှာ       ကြေညာချက်အမှတ် (၂/၂၀၂၁)  ဖြင့်   ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း။ 


PR စနစ်ကျင့်သုံးနိုင်ရေး

လက်ရှိအချိန်မှာတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့  တဲ့ အားနည်းချက်တွေကို စိစစ်သုံးသပ် ပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနဲ့ နိုင်ငံရေးပါတီ  ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ  နိုင်ငံရေးပါတီများ    မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနဲ့အညီ   တည်ဆဲ နိုင်ငံရေးပါတီ ၉၃ ပါတီရဲ့ ပါတီရန်ပုံငွေ၊ငွေကြေးနဲ့ ပစ္စည်းစာရင်းများကို စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာ နိုင်ငံနဲ့   သင့်လျော်တဲ့   ရွေးကောက်ပွဲ စနစ်ဖြစ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်  PR စနစ်ကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီ များနဲ့ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။ 


ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏     နိုင်ငံတော် တာဝန် ထမ်းဆောင်ရာတွင် ဆောင်ရွက် သွားမည့်   ရှေ့လုပ်ငန်းစဉ်  ၅  ရပ်ပါ လုပ်ငန်းစဉ် (၁)  ကို    ဥပဒေနှင့်အညီ လုပ်ဆောင်ရာမှာ ဆက်လက်ဆောင်ရွက် ရန်ကျန် လုပ်ငန်းအချို့ကို ဆောင်ရွက် လျက်ရှိကြောင်းနှင့်    လုပ်ငန်းစဉ် (၅) ဖြစ်သည့်     အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက      ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈-ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   ကျင်းပရေး ဆက်လက်     ဆောင်ရွက်သွားမှာဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍       ဒုတိယဝန်ကြီး ဗိုလ်ချုပ်      စိုးတင့်နိုင်က   ပထမဦးစွာ အကြမ်းဖက်အုပ်စု CRPH၊ NUG နှင့် ယင်းက အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်း ထားသည့် PDF များသည် တစ်ဖွဲ့တည်း၊ တစ်သားတည်းဖြစ်ပြီး   အပြန်အလှန် ချိတ်ဆက်၍        အကြမ်းဖက်မှုများ လုပ်ဆောင်နေမှုများကို     တင်ပြလိုပါ ကြောင်း၊ CRPH နှင့် NUG က အကြမ်း ဖက်သမားများဖြစ်တဲ့       ဇော်ဝေစိုး၊ ရည်မွန်၊       မျိုးရန်နောင်သိမ်းနှင့် ဇင်မာအောင်တို့က ၎င်းတို့ဖွဲ့စည်းထား တဲ့ PDF များကို အကြမ်းဖက်တိုက်ခိုက် မှုများပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ခြင်း၊ လူငယ်များ ၎င်းတို့အခေါ် G-Z များကို EAO များနှင့် ချိတ်ဆက်၍ အကြမ်းဖက် သင်တန်းများ တက်ရောက်ရန် ချိတ်ဆက် ပေးခြင်း၊ ငွေကြေးနှင့် လက်နက်ခဲယမ်း  များထောက်ပံ့ပေးခြင်း၊      ကိုယ်တိုင် အားပေးစကားပြောကြားခြင်း၊ အစိုးရ၏  အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ စိုးရိမ်ကြောက်လန့် မှုများ      ဖြစ်ပေါ်စေပြီး    ၎င်းတို့အား ထောက်ခံပံ့ပိုးလာစေရန်   ခြိမ်းခြောက် ပြောဆို   စည်းရုံးခဲ့ခြင်းများ    ပြုလုပ်ခဲ့ တာကို Video Clip များဖြင့်   ပြသမှာ ဖြစ်ပါကြောင်း။   


ဒုတိယအချက်အနေဖြင့်  CRPH ၊ NUG နှင့် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်း ထားသည့် PDF တို့ရဲ့   အကြမ်းဖက်မှု ဖြစ်စဉ်များနှင့်      ပျက်စီးဆုံးရှုံးခဲ့မှု၊ သေကျေဒဏ်ရာရရှိမှုများကို   တင်ပြ လိုပါကြောင်း၊  အကြမ်းဖက်ဖျက်ဆီးမှု များအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ      စာသင်ကျောင်း
မိုင်းခွဲ/ မီးရှို့ဖျက်ဆီးခြင်း  ၄၀၆ ကြိမ်၊  အစိုးရရုံး/ဌာန   မီးရှို့ဖျက်ဆီးမှု   ၃၈၆ ကြိမ်၊ ပုဂ္ဂလိကဘဏ်ဖျက်ဆီးမှု ၂၉ ကြိမ် နှင့် ဘဏ်ဓားပြတိုက်မှု ၄ ကြိမ်၊ အစိုးရ ဘဏ် ဖျက်ဆီးမှု ၂၃ ကြိမ်၊ ဈေးကြီးများ မီးရှို့ ဖျက်ဆီးမှု ၉ ကြိမ်၊ လမ်း/ တံတား များ မီးရှို့/ဖောက်ခွဲဖျက်ဆီးမှု ၁၇၂ ကြိမ်၊ လူနေအိမ်များနှင့် ရုံးများ မီးရှို့ဖျက်ဆီးမှု ၂၁၆ ကြိမ်၊ စူပါမားကတ်များ ဖောက်ခွဲ/မီးရှို့မှု ၈ ကြိမ်၊    စက်ရုံ/ အလုပ်ရုံများ ဖျက်ဆီးမှု ၁၈ ကြိမ်၊ ပုဂ္ဂလိကပိုင်အဆောက်  အအုံများဖျက်ဆီးမှု ၂၈ ကြိမ်၊ ရဲစခန်း/ ရဲကင်းများ ဖောက်ခွဲ/တိုက်ခိုက်မှု ၂၃၅ ကြိမ်၊ နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးမှု ၃၅ ကြိမ်၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ ဖျက်ဆီးမှု ၄၁ ကြိမ်၊ ဆေးရုံ/ဆေးခန်းများ  မိုင်းခွဲ/မီးရှို့ဖျက်ဆီးမှု ၁၉ ကြိမ်၊ မြို့ပြများ၌ အများသူငါ  ဝင်/ထွက် သွားလာသည့် နေရာများ၌   မိုင်းထောင်/  ဖောက်ခွဲမှု အကြိမ် ၂၃၉၀  ရှိခဲ့ပါကြောင်း၊  ပြည်သူ များအကြား ဗုံးဖောက်ခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူ ၆၉ ဦး သေဆုံးခဲ့ပြီး ၂၈၀   ဒဏ်ရာရရှိခဲ့ပါကြောင်း၊    ထို့အပြင် အရပ်ဘက် မြို့နယ်အဆင့်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ အား  သတ်ဖြတ်ခံရ၍ သေဆုံးသူ ၁၀၂ ဦးနှင့်   ဒဏ်ရာရသူ   ၁၁၇ ဦး၊ ဒလန် ဟုစွပ်စွဲ၍ သတ်ဖြတ်ခံရသည့် ပြည်သူ ၃၆၉ ဦး၊ ဒဏ်ရာရရှိသူ ၄၄၆ ဦး၊ အခြား ပါတီကို ထောက်ခံအားပေး၍ သတ်ဖြတ် ခံရသူ ၂၅၃ ဦးရှိပါကြောင်း၊    အစိုးရ ဝန်ထမ်းနှင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှု ၁၄၀၊  ဒဏ်ရာရသူ  ၄၆၉ ဦး ရှိခဲ့တဲ့အတွက် PDF အဖွဲ့များက အကြမ်း ဖက် သတ်ဖြတ်ခဲ့သူ စုစုပေါင်း ၉၃၃ ဦး နှင့် ဒဏ်ရာရရှိသူ ၁၃၁၂ ဦး ဖြစ်ကြောင်း တင်ပြလိုပါကြောင်း၊        အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့   ဖြစ်စဉ်များအတွင်းမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ နှင့်   ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခံရပြီး   ဘုန်းတော်ကြီးတစ်ပါး အား ရက်စက်စွာ မီးရှို့သတ်ဖြတ်မှုအပါ အဝင် သံဃာတော် ၅ ပါးကို သတ်ဖြတ် ခြင်းခံခဲ့ရပါကြောင်း၊ ကလေးသူငယ်များ အသတ်ခံရသည့်ဖြစ်စဉ်  (၉)မှု ရှိခဲ့ပြီး    ၈ လအရွယ် ကလေးငယ်ကိုပင် ရက်စက် စွာ သတ်ဖြတ်ခဲ့ပါကြောင်း၊  အလားတူ ကျောင်းနေအရွယ်    ကလေးငယ်များ ပညာသင်ကြားရေး  အခွင့်အလမ်းများ  ဆုံးရှုံးစေရန်  ရည်ရွယ်ချက်နဲ့    စာသင် ကျောင်းများအား ဗုံးဖောက်/မီးရှို့မှုများ ရှိခဲ့သလို   ဆရာမ ၅ ဦးကို  သတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါကြောင်း။

NLD ပါတီနှင့်  ဆက်နွှယ် 


 တတိယအချက်အနေဖြင့် CRPH၊ NUG နှင့် PDF များ၏ အကြမ်းဖက်  တိုက်ခိုက်မှုများ၊ ငွေကြေးရယူနေမှုများ အားလုံးကို     အဓိကဦးဆောင်နေသူ အားလုံးဟာ   NLD   ပါတီဝင်များဖြစ် ကြောင်း   ဖော်ထုတ်တွေ့ရှိရပါကြောင်း၊  NLD   ပါတီဝင်များရဲ့    ဦးဆောင်ပါဝင် ဆောင်ရွက်မှုကြောင့်   အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူထား ရှိတဲ့ အမှုပေါင်း ၃၂ မှု ရှိပြီးဖြစ်ပါကြောင်း၊  ဆက်လက်ပြီးလည်း   ဖမ်းဆီးထားတဲ့ အကြမ်းဖက်  တရားခံများရဲ့   ထွက်ဆို ချက်များအရ NLD ပါတီနှင့်  ဆက်နွှယ်  ပတ်သက်မှုများကို     ဖော်ထုတ်တွေ့ရှိ လျက်ရှိပါကြောင်း။    


 စတုတ္ထအချက်အနေဖြင့် အကြမ်း ဖက်မှုတိုက်ဖျက်ရေးနှင့်   ပြည်သူများရဲ့ လုံခြုံရေးနှင့်     တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများအပိုင်းကို တင်ပြ လိုပါကြောင်း၊      ၂၀၁၆     ခုနှစ်၊ အောက်တိုဘာလတွင်   ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ    လုံခြုံရေးရဲစခန်းများနှင့် ပြည်သူများကို ARSA အစွန်းရောက်  အကြမ်းဖက်အုပ်စုက      အင်အားသုံး တိုက်ခိုက်ခဲ့ခြင်း၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ARSA က ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးတာဝန်   ထမ်းဆောင် နေတဲ့ ရဲစခန်း ၃၀ ကျော်ကို တစ်ပြိုင် တည်း အင်အားသုံးတိုက်ခိုက်ခဲ့သည်မှ စ၍ ARSA ကို အစွန်းရောက် အကြမ်းဖက်  အုပ်စုအဖြစ် စတင်ကြေညာခဲ့ပြီး ဥပဒေ နှင့်အညီ တားဆီးနှိမ်နင်းရေး၊ တိုက်ဖျက် ရေးကို     ဆောင်ရွက်ခဲ့ပါကြောင်း၊   ယခု ဖြစ်ပေါ်တဲ့ ဆူပူဆန္ဒပြမှု၊ အဓိကရုဏ်း ဖြစ်ပွားမှုနှင့်     အကြမ်းဖက်မှုများကို  တားဆီးကာကွယ်ရာတွင်    လုံခြုံရေး တပ်ဖွဲ့ဝင်များအား      တည်ဆဲဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်           အမြဲသတိပေး ကြီးကြပ်လျက်ရှိပါကြောင်း၊    လုံခြုံရေး တပ်ဖွဲ့ဝင်များ၏   လုပ်ထုံး၊   ကျင့်ထုံး ကျော်လွန်ဆောင်ရွက်မှုများ   ရှိပါက လည်း   စိစစ်၍    တာဝန်ရှိသူများကို လိုအပ်သည့်  အရေးယူမှုများ   ပြုလုပ် လျက်ရှိပါကြောင်း။  


 ပဉ္စမအချက်အနေဖြင့် တာဝန်ယူမှု/တာဝန်ခံမှုအပိုင်းကို      ပြောကြားလိုပါ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ ဆူပူအုံကြွမှုများ၊ အဓိကရုဏ်း ဖြစ်စဉ်များတွင်     ပြစ်မှုကျူးလွန်ခဲ့သူ များကို ဖမ်းဆီးအရေးယူခြင်း၊ ဥပဒေနှင့် အညီ      တရားရုံးရမန်ရယူချုပ်နှောင် စစ်ဆေးခြင်း    ပြုလုပ်ခဲ့ရပါကြောင်း၊ အဆိုပါ ချုပ်နှောင်စစ်ဆေးနေသူများ၊ တရားရုံး        စစ်ဆေးဆဲအမှုများနှင့် ပတ်သက်၍  ကိုဗစ်-၁၉ ကပ်ရောဂါအခြေ အနေ၊ မိမိနိုင်ငံသားများ၏ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှုများကို ညှာတာ ထောက်ထား၍ နိုင်ငံတော်စီမံအုပ်ချုပ်  ရေးကောင်စီက     အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စစ်ဆေးဆဲအမှုများ ရုပ်သိမ်း ဖြေလျှော့ပေးခြင်း၊      ဖမ်းဆီးထားသူ များအား ပြန်လည်စေလွှတ်ပေးခြင်းတို့  ဆောင်ရွက်ပေးပြီး အချုပ်သား ၄၆၅၁ ဦးကို အမှုပြတ် စေလွှတ်ပေးခဲ့ပါကြောင်း၊  အဆိုပါ   ဖမ်းဆီးအရေးယူမှုများတွင် မီဒီယာအချို့မှ သတင်းသမားအချို့ပါဝင် နေပါကြောင်း၊  အဆိုပါ သတင်းသမား  များကို အရေးယူမှုများသည်  သတင်း လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခြင်းတို့ကြောင့်    မဟုတ်ဘဲ နိုင်ငံ့အကျိုးကို ပျက်စီးအောင်  တမင် ရည်ရွယ်ဆောင်ရွက်မှု၊   အကြမ်းဖက်မှု များနှင့် အစွန်းရောက်မှုများ ပိုမိုဖြစ်ပေါ်  လာစေရန်      စည်းရုံးလှုံ့ဆော်ခြင်း၊ တည်ဆဲဥပဒေများကို     ချိုးဖောက် ကျူးလွန်ခြင်းတို့ကြောင့် အရေးယူရခြင်း ဖြစ်ပါကြောင်း၊   ဒါ့အပြင်   ၄-၈-၂၀၂၁ ရက်နေ့မှစ၍    ၅၀၅(က)ဖြင့်     အမှု ဖွင့်လှစ်ထားသူများကို    ဥပဒေနှင့်အညီ ပိတ်သိမ်း/ရုပ်သိမ်းပေးလျက်ရှိရာ ပညာ  ရေး၊ ကျန်းမာရေးအပါအဝင် အခြားဌာန ဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများ နေ့စဉ်ဆက်သွယ်လျက်ရှိပြီး ဥပဒေနှင့် အညီ   ဖြေလျှော့ရုပ်သိမ်းပေးလျက်ရှိပါ ကြောင်း  ရှင်းလင်းပြောကြားသည်။  


ယင်းနောက်            ဒုတိယဝန်ကြီး ဒေါက်တာ   အေးထွန်းက ကိုဗစ် - ၁၉   တတိယလှိုင်းအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူအများဆုံး တိုင်းဒေသကြီး/ပြည်နယ်များမှာ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊     မကွေးတိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ပြီး သေဆုံးနှုန်း  အမြင့်ဆုံးမှာ ကရင် ပြည်နယ်၊   မွန်ပြည်နယ်၊   မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့             ဖြစ်ပါ ကြောင်း။ 
တတိယလှိုင်းအတွင်း  ယခုအထိ ဓာတ်ခွဲနမူနာပေါင်း (၁,၁၃၉,၄၆၆)ခုကို စစ်ဆေးပေးနိုင်ခဲ့လို့    တစ်နေ့ပျမ်းမျှ (၁၁,၂၈၂)ခု စစ်ဆေးပေးနိုင်ခြင်း ဖြစ်ပါ ကြောင်း။    
အလုပ်ပိတ်ရက်ရှည်ကာလအတွင်း ဓာတ်ခွဲစစ်ဆေးမှုကို      တိုးမြှင့်ခဲ့ပြီး ဖြစ်ပွားမှုများတဲ့ မြို့နယ် (၆၅)မြို့နယ်မှာ  အထူးဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဓာတ်ခွဲစစ်ဆေး ပိုးတွေ့နှုန်းဟာ ဇူလိုင် လ အလယ်က  ၄၀ ရာခိုင်နှုန်း အထိရှိခဲ့ ပေမယ့်   အခုအချိန်မှာ    ၉ ရာခိုင်နှုန်း အထိ လျော့ကျလာပြီဖြစ်ပါကြောင်း။  


ပိုးတွေ့နှုန်းလျော့ကျလာ


ပိုးတွေ့နှုန်းလျော့ကျလာခြင်း၊ လူနာ သစ်ဦးရေ   လျော့လာခြင်းတို့ကြောင့် ပြည်သူ့ဆေးရုံများ၊   ကုသရေးစင်တာ များမှာလည်း         လူနာအရေအတွက်
လျော့ကျလာခဲ့ပြီး ကိုဗစ်အပြင် ကိုဗစ် မဟုတ်တဲ့ အခြားရောဂါ  ကျန်းမာရေး စောင့်ရှောက်မှု  လုပ်ငန်းများကိုလည်း ပြန်လည်    ဆောင်ရွက်လာနိုင်ပြီဖြစ်ပါ ကြောင်း။ 


ရခိုင်ပြည်နယ်ရှိ    ကယ်ဆယ်ရေး စခန်းများနဲ့      ယာယီတိုက်ပွဲရှောင် စခန်းများမှာနေထိုင်တဲ့   ဘင်္ဂါလီအပါ အဝင် လူဦးရေ ၅၀၀၀၀ ခန့်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့  EAO အဖွဲ့ များမှ လူဦးရေ ၁၀၀၀ ခန့်အား စတင် ထိုးနှံပေးနေပြီး ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း။
 ၂၇-၁-၂၀၂၁ ရက်နေ့မှ  ၄-၉-၂၀၂၁  ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှု မှာ  ကာကွယ်ဆေး      အကြိမ်ပြည့် ထိုးနှံပြီးစီးသူပေါင်း - (၂.၆)သန်းကျော်၊  ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး သူပေါင်း    - (၂.၁)သန်းကျော်၊  ကာကွယ် ဆေးထိုးနှံပြီးစီးသူ စုစုပေါင်း - (၄.၈)သန်းကျော် ၊  ကာကွယ်ဆေးထိုးနှံပြီးစီး သည့် အကြိမ်ရေစုစုပေါင်း- (၇)သန်းခွဲ ကျော် ဖြစ်ပါကြောင်း။ 
ကာကွယ်ဆေးထိုးနှံပေးဖို့ ရည်မှန်း ထားတဲ့       အသက် (၁၈) နှစ်အထက် အတွက် ထိုးနှံရမည့် အကြိမ်ရေစုစုပေါင်း မှာ (၆၈)သန်းဖြစ်ရာ   ယခုအခါ(၇.၅) သန်းအား   ထိုးနှံခဲ့ပြီးဖြစ်၍   ရည်မှန်း အကြိမ်ရေ၏ (၁၁%)နှုန်းအား ထိုးနှံ ခဲ့ပြီးဖြစ်ပါကြောင်း၊  လူဦးရေ၏ (၇%)အား အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံ ပြီးဖြစ်ပါကြောင်း။  


၂၀၂၁    ခုနှစ်၊    စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း လူဦးရေ(၁၂)သန်း ကို ရည်မှန်းအုပ်စုအဖြစ် သတ်မှတ်ပြီး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး သွားမှာဖြစ်ပါကြောင်း၊ ဦးစားပေးအုပ်စု များအဖြစ်  မသန်စွမ်းသူများ၊ Ethnic Armed Organization (EAO) ၊ နာတာ  ရှည်နဲ့  မကူးစက်နိုင်သော  ရောဂါရှိသူ များနဲ့   အသက်(၄၀)နှစ်မှ  (၆၄)နှစ် အတွင်းရှိသူများကို အဆင့်လိုက် Phase များခွဲပြီး ထိုးနှံသွားမှာ ဖြစ်ပါကြောင်း။ 
ကိုဗစ်-၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၊    ကုသရေး လုပ်ငန်းများ ကာကွယ်ဆေးထိုးလုပ်ငန်း များကို နိုင်ငံတော်အစိုးရနှင့်  ပြည်သူ ပြည်သားများ အတူတကွ စနစ်တကျနဲ့ လျင်လျင်မြန်မြန်   ဆောင်ရွက်နေတာ ကြောင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွား  နေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ဟာ    သိသာထင်ရှားစွာ   လျော့နည်း ကျဆင်းလာနေပြီး    မကြာမီကာလ အတွင်း   အပြည့်အဝ   အောင်မြင်မှု ရမယ်လို့ ယုံကြည်ပါကြောင်း  ရှင်းလင်း ပြောကြားသည်။ 
ယင်းနောက်   နိုင်ငံခြားသံရုံးများမှ   ကိုယ်စားလှယ်များသည် ယနေ့ တွေ့ဆုံ ရှင်းလင်းပွဲနှင့် ဆက်စပ်သည့် မှတ်တမ်း မှတ်ရာ အချက်အလက်များ၊ ရွေးကောက်ပွဲ နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ ရွေးကောက်ပွဲကော်မရှင်၏    မဲစာရင်း လက်တွေ့စစ်ဆေးချက်များ၊ အကြမ်းဖက် သမားများက အပြစ်မဲ့ပြည်သူများအား  အကြမ်းဖက်သတ်ဖြတ်မှု   မှတ်တမ်း ဓာတ်ပုံများ ခင်းကျင်းပြသထားသည်များ ကို ကြည့်ရှုလေ့လာကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်              အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့်   တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။


ယနေ့ရှင်းလင်းပွဲတွင် တက်ရောက် လာကြသည့်         သံတမန်များသည် နိုင်ငံတော်အစိုးရက လက်ရှိ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များ၊ ကုသရေးလုပ်ငန်းများ၊ ကာကွယ် ဆေးထိုးလုပ်ငန်းများကို     စနစ်တကျ၊ လျင်လျင်မြန်မြန်     ဆောင်ရွက်နေမှု ကြောင့် လက်ရှိ ကိုဗစ် - ၁၉ ကာလတွင်  သိသာထင်ရှားစွာ  လျော့နည်းကျဆင်း လာမှု၊ CRPH ၊ NUG နှင့် PDF စသည့်  အကြမ်းဖက်           အဖွဲ့အစည်းများ၏ အကြမ်းဖက်မှုဖြစ်စဉ်များနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်နေမှု အခြေအနေများအပေါ်၊ အမှားနှင့် အမှန်၊ ဓမ္မနှင့်  အဓမ္မ၊    အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြား နှိုင်းယှဉ်၍          စိတ်ဝင်တစား   ကြည့်ရှု လေ့လာခဲ့ကြသည်။ 
မြန်မာနိုင်ငံ၏ ပကတိအခြေအနေ အရပ်ရပ်အပေါ် နိုင်ငံတကာက ပိုမိုသိရှိ  နားလည်လာသည်နှင့်အမျှ နိုင်ငံအချင်း ချင်း   ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုတိုးတက်လာမည်ဖြစ်သည်။ 


သတင်းစဉ်