မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လက်ရှိဖြစ်ပေါ်တိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ ရှင်းလင်းပြောကြား

 

နေပြည်တော် စက်တင်ဘာ   ၁၇


(၄၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ  ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့်  မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးမှူးရုံး  ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် virtual ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် online မှ ပါဝင်တက်ရောက်သည်။


အဆိုပါ အစည်းအဝေးများသို့ မဟာမဲခေါင်ဒေသ ခွဲ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော တရုတ်၊ ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများမှ  ခရီးသွားလုပ်ငန်း  ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များ၊  အာရှဖွံ့ဖြိုး​ရေးဘဏ်၊ South- east Asia Department  ဒါရိုက်တာ Mr. Alfredo Perdiguero၊    မဟာမဲခေါင်ဒေသခွဲ     ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး အမှုဆောင်ဒါရိုက်တာ Mr. Jens Thraenhart နှင့် အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ ပါဝင် တက်ရောက်ကြသည်။


ကိုဗစ်အလွန်ခရီးသွားကဏ္ဍ


မဲခေါင်ခရီးသွားလုပ်ငန်း     ညှိနှိုင်းရေးမှူးရုံး ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကိုဗစ်အလွန် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁−၂၀၂၅)၊ “စွဲမက် ဖွယ်ရာ ပြည်မြန်မာ” ကျန်းမာရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ထုံးလုပ်နည်း အစီအစဉ်ထုတ်ပြန် ကြေညာမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊   လူမှုရေး  လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်     ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းအခြေအနေများနှင့်  မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား  ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သော  အဖွဲ့ဝင်နိုင်ငံများမှ  ကိုယ်စားလှယ်များက ၎င်းတို့နိုင်ငံများရှိ ခရီးသွားလုပ်ငန်းအခြေအနေများနှင့်  မဟာမဲခေါင်ဒေသအတွင်း  ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြော ကြားပြီး   စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ  ရိုက်ကူး ကြသည်။


ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာရေး


ဆက်လက်၍ (၄၈) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ   ခရီးသွားလုပ်ငန်းအဖွဲ့   အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ပါဝင် တက်ရောက်ပြီး    ကိုဗစ်−၁၉ ကပ်ရောဂါ   ကာလ အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်ဆိုင်နေရသည့်အခြေအနေများ၊ ကိုဗစ်−၁၉ အလွန် တွင်  ခရီးသွားလုပ်ငန်း   ပြန်လည်ဦးမော့လာရေး အတွက် ပြင်ဆင်သင့်သော လုပ်ငန်းအစီအစဉ်များ၊ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများနှင့်  ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နေမှု             အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။              

သတင်းစဉ်