မြန်မာနိုင်ငံ၏ မြေအောက်ရေအခြေအနေပြ ဘူမိဗေဒမြေပုံကို ကုမ္ပဏီတစ်ခုကရေးဆွဲနေပြီး မျိုးဆက်သစ်များသို့ ပြန်လည်မျှဝေပေးရန် စီစဉ်နေ

 

ရန်ကုန်   ဒီဇင်ဘာ    ၂၂


မြန်မာနိုင်ငံ၏     မြေအောက်ရေ အခြေအနေပြ   ဘူမိဗေဒမြေပုံကို       မြန်မာဘူမိနည်းပညာ   တိုင်းတာ ရေးအုပ်စု (MGS Group) ကုမ္ပဏီ က ရေးဆွဲနေပြီး မျိုးဆက်သစ်များ သို့  ပြန်လည်မျှဝေပေးရန်   စီစဉ် နေကြောင်း       အဆိုပါမြေပုံကို         ပြုစုနေသည့် ဦးအောင်မင်းသိန်း က ပြောသည်။


သောက်သုံးရေရရှိရေး


အဆိုပါမြေပုံကို  ပြုစုရာတွင်   ယခုနှစ်အတွင်း ၅၅ ရာခိုင်နှုန်း အထိပြီးစီးစေရေး ဆောင်ရွက်သွား ရန်  ရည်မှန်းထားပြီး     လာမည့် မျိုးဆက်သစ်များအနေဖြင့် မြို့ပြ နှင့်   ကျေးရွာဖွံ့ဖြိုးတိုးတက်မှု အတွက်  စိုက်ပျိုးရေနှင့်သောက်သုံး ရေရရှိရေးတွင်   မြေအောက်ရေ အခြေအနေကို သိရှိနိုင်စေရန်ဖြစ် ကြောင်း သိရသည်။


မြေပုံပြုစုရာတွင် တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များရှိ မြို့နယ်၊  ကျေးရွာအသီးသီးသို့  ဘူမိရူပဗေဒ နည်းပညာဖြင့်       မြေအောက်ရေ သုတေသနပြုဆောင်ရွက်ပြီးချိန် တိုင်း မှတ်တမ်းပြုစု၍ ဒေသတစ်ခု ၏ မြေအောက်ရေစုအိုင်၊ ရေကြော စီးကြောင်းများ၊    အနက်ပေများ၊    ထုထည်များ၊ မြေလွှာစဉ်ကျောက် လွှာစဉ်မှတ်တမ်းများ ပြုစုရေးဆွဲ ထားကာ Geophysics အချက် အလက်၊   Geology    အချက် အလက်များ  ပေါင်းစပ်၍     GIS  Mapping   များဖြင့် မှတ်တမ်းယူ ကာ MGS GROUP မှ  ပညာရှင် များက   ပြုစုဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။


၅၅   ရာခိုင်နှုန်းပြီးစီးနိုင်


“လက်ရှိ      ကျွန်တော်တို့  ဆောင်ရွက်နေတာက မပြီးသေး ဘူး။ တချို့တစ်ဝက်မှာပဲ မှတ်တမ်း တွေ   ယူနိုင်တာပဲ     ရှိသေးတယ်။    ဒီနှစ်အတွင်းကို    ၅၅   ရာခိုင်နှုန်း လောက် ပြီးစီးနိုင်ပါတယ်။ စီးပွား ရေးအရ  ဆောင်ရွက်မယ့်ဟာဆို  မပေးဘူး။ မြေအောက်ရေအတွက် ကို တက္ကသိုလ်က  ကျောင်းသား တွေ၊  ဆရာ ဆရာမတွေက ပြီးပြီး သားအပိုင်းကနေ မျှဝေပေးပါဆို ပေးလို့ရတယ်။    စီးပွားရေးအရ သုံးစွဲမှာဆို  ခွင့်မပြုပါဘူး။   နည်း ပညာတက္ကသိုလ်တွေ၊ စိုက်ပျိုးရေး တက္ကသိုလ်တွေ     စသည်ဖြင့်     ကျွန်တော်တို့နိုင်ငံက တက္ကသိုလ် တွေကိုတော့      မျှဝေပေးသွား မှာပါ” ဟု  ဦးအောင်မင်းသိန်းက ဆိုသည်။


မြေအောက်ရေ   ခက်ခဲသော ဒေသများ၌ ယခင်က စက်ရေတွင်း တူးရာတွင် မြေလွှာနှင့် ရေထုထည် ကို မသိသောကြောင့် သမားရိုးကျ စနစ်ဖြင့်   ဆောင်ရွက်သည့်အခါ    အခက်အခဲများတွေ့ရပြီး အားသာ ချက်များစွာရှိသည့်  စနစ်သစ်ကို   အသုံးပြုကာ အများပြည်သူအကျိုး ရှိစေရန်အတွက်      ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။


ထက်ဦးမောင်
ဓာတ်ပုံ - MGS Group