မြန်မာနိုင်ငံ၏ လျှပ်စစ်အခြေခံဝန်အားကို ဖြည့်ဆည်းပေးတော့မည့် ၁၃၅ မဂ္ဂါဝပ် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း

Type
1

 

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍမှ အငြိမ်းစားအင်ဂျင်နီယာများ

 

ယခုရက်ပိုင်းတွင်   ၁၃၅   မဂ္ဂါဝပ်   ကျောက်ဖြူ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏   Gas    Turbine Ignition (သဘာဝဓာတ်ငွေ့သုံး တာဘိုင်စက် စတင် စမ်းသပ်လည်ပတ်ခြင်း)   ဆောင်ရွက်နေကြောင်း သတင်းများတွင် တွေ့ရသဖြင့် အထူးဝမ်းမြောက်မိ ပါသည်။  သက်ဆိုင်ရာဌာနမှ   မိတ်ဆွေများနှင့် သက်ဆိုင်သူများကိုမေးမြန်းပြီး      သိရှိရမှုများကို မျှဝေလိုက်ပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်၏ အရေးပါပုံ
နိုင်ငံတစ်နိုင်ငံ၏       ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအဆောက်အဦ      ဖွံ့ဖြိုးတိုးတက်မှုသည် အထူးအရေးကြီးပါသည်။   နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက်လိုအပ်သော  အခြေခံအဆောက်အဦများ (Infrastructure) ဖြစ်သည့်   မြေ၊ ရေ၊ လျှပ်စစ်၊ ဆက်သွယ်ရေးစသည်တို့အနက်   မြန်မာနိုင်ငံတွင် မြေလည်းရှိပါသည်။          ရေလည်းရှိပါသည်။ ဆက်သွယ်ရေးကွန်ရက်သည်လည်း          နိုင်ငံအနှံ့ လွှမ်းခြုံရောက်ရှိပြီးဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား သာ တစ်နိုင်ငံလုံးရှိ   လူဦးရေ၏   ၆၁   ရာခိုင်နှုန်း ဝန်းကျင်ကိုသာ ဖြန့်ဖြူးပေးနိုင်သည့်အနေအထားတွင် ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ 
လျှပ်စစ်ကဏ္ဍတွင်    ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသွယ်တန်းမှု၊ ဓာတ်အားစနစ် စီမံကွပ်ကဲ မှုနှင့် ဓာတ်အားဖြန့်ဖြူးမှုဟူ၍ အဓိကကဏ္ဍ(၄)ရပ် ပါရှိပြီး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရန်မှာ     ယခု ရေတွင်းတူး  ယခုရေကြည်သောက်၍ မရသကဲ့သို့ စီမံကိန်းအမျိုးအစားနှင့်    ရင်းနှီးမြှုပ်နှံမှုပုံစံအပေါ် မူတည်၍ စီမံကိန်းတစ်ခုလျှင် အနည်းဆုံး သုံးနှစ်မှ ၁၀ နှစ်ခန့်အထိ အချိန်ယူဆောင်ရွက်ရလေ့ရှိပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြည့်စုံဖူလုံမှု မရှိဘဲ ဘေးကင်းစိတ်ချရသည့် အခြေခံအဆောက် အဦဖွံ့ဖြိုးမှုတိုးတက်မှုကို  အာမခံချက်ပေးနိုင်မည် မဟုတ်ပါ။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ် နှင့် စွမ်းအင်၏အရေးပါပုံနှင့်ပတ်သက်၍ Energy Security သည် National Security ပင်ဖြစ်ကြောင်း ခိုင်းနှိုင်းပြောလေ့ရှိပါသည်။ စွမ်းအင်ဖူလုံမှု (Energy  Security)   ဆိုသည်မှာ      မှီခိုအားထားနိုင်သည့် စွမ်းအင်ဖြည့်ဆည်းပေးနိုင်ရေး       အာမခံချက်ပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လိုအပ်သည့်လျှပ်စစ် ဓာတ်အားကို သင့်တင့်သည့်နှုန်းထားဖြင့် အရည် အသွေးအရရော        အရေအတွက်ပမာဏအရပါ ဖူလုံပြည့်ဝစွာရရှိရေး      အာမခံနိုင်မှုပင်  ဖြစ်ပါ သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၃၀ ပြည့် နှစ်တွင် မြန်မာနိုင်ငံအတွင်း အရပ်ဒေသအသီးသီး၌ နေထိုင်ကြသည့် ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးမျှော်မှန်းချက်ဖြင့်       အမျိုးသား လျှပ်စစ်ဓာတ်အားပင်မစီမံချက်   (National Elec-tricity Master Plan-2014)ကို ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ၏     နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် လည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်  (Na-tional  Electrification  Plan- NEP)ကို ကမ္ဘာ့ဘဏ် ၏  နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့်   လည်း    ကောင်း   အသီးသီးရေးဆွဲထားရှိပြီးဖြစ်ရာ အဆိုပါ စီမံချက်များအပေါ် ကမ္ဘာလုံးဆိုင်ရာလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၏ ဦးတည်ရာလမ်းကြောင်း၊   မြန်မာ နိုင်ငံ၏   လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသွယ်တန်းမှုနှင့် ဓာတ်အားဖြန့်ဖြူးမှုအခြေ အနေနှင့်   အနာဂတ်ကာလအတွက် ခန့်မှန်း လိုအပ် ချက်များအရ သုံးသပ်ဆောင်ရွက်လျက်ရှိပါသည်။ 
ယခု   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရက       လျှပ်စစ်ကဏ္ဍအတွက် ဦးတည်လျှောက်လှမ်းနေသော    လမ်းကြောင်းမှာ ပြန်ပြည့်မြဲစွမ်းအင်ကို အဓိကအခြေခံပြီး ဓာတ်အားခ ဈေးနှုန်း(Tariff)လည်း သင့်တော်မှုရှိသည့် နေအား၊  လေအား၊ ရေအားတို့ကို    အားထည့်ဆောင်ရွက် နေရာ ကမ္ဘာမှသွားနေသည့် လမ်းကြောင်းနှင့်လည်း   ညီညွတ်မှုရှိပြီး မှန်ကန်ကောင်းမွန်သည့် လမ်းကြောင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဓာတ်အားစနစ်ပါဝင်မှုအချိုးတွင် 
ထည့်သွင်းစဉ်းစားသည့် အဓိကအချက်များ
နိုင်ငံတစ်နိုင်ငံ၏ဓာတ်အားစနစ်တွင် ဓာတ်အား ထုတ်လုပ်မှုရင်းမြစ် အမျိုးအစားတစ်ခုချင်းစီ မည်မျှ ပါဝင်စေမည်ကို  အချိုးချပေးသည့် Power Gene-ration  Mix   ကို    စဉ်းစားရာတွင် လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်သက်သာစေရန်နှင့်   ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် အစီအမံချမှတ် ဆောင်ရွက်ရ သကဲ့သို့ နိုင်ငံတော်၏စီးပွားရေး၊    လူမှုရေးအခြေ အနေများအရ နှစ်ကာလအလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ခန့်မှန်းခြေ(Demand Forecast)၊ နိုင်ငံ အတွင်းရရှိနိုင်သည့် စွမ်းအင်အရင်းအမြစ် (Reso-urces)၊ ဓာတ်အားထုတ်လုပ်မှုအတွက် ဖြစ်မြောက် နိုင်စွမ်းလေ့လာရန်ကြာမြင့်ချိန် (Feasibility Study Period)၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် ရေးကာလ    ကြာမြင့်ချိန် (Construction Period)၊    ဓာတ်အားပေးစက်ရုံအမျိုးအစားအလိုက် စက်စွမ်း ရည် (Plant Factor)    စသည့်အချက်များအပေါ်   အခြေခံပြီး စဉ်းစားကြပါသည်။  
ဓာတ်အားစနစ်တွင် Base Load အရေးကြီးမှု 
(ကမ္ဘာနှင့် အိမ်နီးချင်းနိုင်ငံအချို့၏  Base Load 
ထားရှိမှု)
ဓာတ်အားစနစ်၏ အခြေခံဝန်အား (Base Load) လိုအပ်ချက်ကို ထမ်းဆောင်သည့်  လျှပ်စစ်စွမ်းအင် အရင်းအမြစ်များမှာ          ယေဘုယျအားဖြင့် ကျောက်မီးသွေး၊ လောင်စာဆီ၊ သဘာဝဓာတ်ငွေ့၊ နျူကလီးယားစသည်တို့ ဖြစ်ပါသည်။      စွမ်းအင် အရင်းအမြစ်ပံ့ပိုးမှုရရှိနေသရွေ့ လည်ပတ်နိုင်မည့် လျှပ်စစ်ထုတ်လုပ်မှု           အမျိုးအစားများဖြစ်၍   စက်စွမ်းရည် (Plant Factor)   ကောင်းကြပါသည်။ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ (Renewable Resources) မှာ ရေအား၊ နေအား၊   လေအား၊ ဘူမိ အပူနှင့်   ဒီလှိုင်းစသည်တို့ဖြစ်ပြီး   ရာသီဥတုနှင့် အခြားသောလွှမ်းမိုးနိုင်သည့်   အခြေအနေများအရ ဓာတ်အားထုတ်လုပ်မှု   တစ်သမတ်တည်းမရရှိနိုင် သဖြင့် Plant Factor နည်းတတ်ပါသည်။ ဓာတ်အား စနစ်တွင် အခြေခံလိုအပ်သည့်ဝန်အားကို ဖြည့်ဆည်း ပေးနိုင်မည့် Base Load ပါဝင်မှုအချိုးသည်  ၆၅ ရာခိုင်နှုန်းကျော်ရှိမှသာ ဓာတ်အားစနစ်တည်ငြိမ်မှု ရရှိနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက် ခြင်း၊ ဓာတ်အားစနစ်ချွတ်ယွင်းခြင်းတို့မှ ကာကွယ် နိုင်မည်ဖြစ်ပါသည်။ 
မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်တွင်   ရေအား လျှပ်စစ်ပါဝင်မှုအချိုးမှာ အမြင့်ဆုံးဖြစ်နေပြီး Base Load ပါဝင်မှု အချိုးမှာ ၄၅ ရာခိုင်နှုန်းသာရှိသဖြင့် သဘာဝလောင်စာဖြစ်သော    ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်  လိုအပ် သကဲ့သို့ ဓာတ်အားစနစ်တွင်   Base  Load  ပါဝင်မှု ခိုင်မာအားကောင်းရေးမြှင့်တင်ရန်လည်း     အထူး လိုအပ်လျက်ရှိပါသည်။ ကျောက်မီးသွေးနှင့် သဘာဝ ဓာတ်ငွေ့မှာ Plant Factor အမြင့်ဆုံး (၈၀ ရာခိုင်နှုန်း~  ၉၀ ရာခိုင်နှုန်း) ဖြစ်သဖြင့်        ဓာတ်အားစနစ်၏ အခြေခံဝန် (Base Load) ကို  ထမ်းဆောင်နိုင်ရန် အဓိကထားသင့်သော်လည်း  ကျောက်မီးသွေးမှာ  ကာဗွန်ထွက်ရှိမှုများခြင်းကြောင့် လူထုကန့်ကွက်မှု များသဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဘဏ္ဍာ ငွေကြေးပံ့ပိုးမှုရရှိရန်        အခက်အခဲရှိခြင်းကြောင့် တည်ဆောက်ရန်    အခက်အခဲများစွာရှိနေပါသည်။ 
သဘာဝဓာတ်ငွေ့ကို Base Load အဖြစ် အဓိက ထား စဉ်းစားသွားရမည်ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံ အချို့မှ ဓာတ်အားဝယ်ယူနေမှုကို ရေတိုနှင့်ရေလတ် အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆောင်ရွက် နေမှုမှာလည်း မှန်ကန်သည့်နည်းလမ်းတစ်ခု ဖြစ်ပြီး Base Load အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ ထို့ပြင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နျူကလီးယားစွမ်းအင်ကို    လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအပါအဝင် အခြား သောဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အကျိုးရှိစွာသုံးစွဲနိုင် ရန် နိုင်ငံတော်အဆင့် ဆွေးနွေးညှိနှိုင်းမှုများ စတင် လုပ်ဆောင်နေသည်ကို  သိရှိရသဖြင့် ကောင်းမွန် သည့် နည်းလမ်းတစ်ရပ်ဖြစ်ပြီး သုံး၊ လေးနှစ်အတွင်း ရရှိနိုင်ပါက လျှပ်စစ်ကဏ္ဍတွင် နိုင်ငံ၏ Base Load အတွက်  တစ်တပ်တစ်အား    အကျိုးရှိစေမည်ဖြစ် ပါသည်။ ရေအား၊ နေအားနှင့် လေအားတို့ကိုလည်း Plant Factor ဆိုင်ရာ   ကန့်သတ်ချက်ရှိသော်လည်း ဓာတ်အားခနှုန်းထား သက်သာမှုအရလည်းကောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ မူဝါဒများအရ လည်းကောင်း  ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။  


Base Load အတွက် သဘာဝဓာတ်ငွေ့အရည် 
(LNG) နှင့် ဓာတ်ငွေ့ (Gas)များ အသုံးပြုခြင်း
ကမ္ဘာပေါ်တွင်        ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး(GDP) မြင့်မား သည့်နိုင်ငံများ၊    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကို အဓိကဖိတ်ခေါ်လျက်ရှိသည့်      နိုင်ငံအများစုတွင် လျှပ်စစ်ကဏ္ဍ၏ Base Load   အတွက်  LNG ကို အဓိကအသုံးပြုကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာပေါ် တွင် LNG  အသုံးပြုမှုအများဆုံး ထိပ်တန်းနိုင်ငံ များမှာ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊   အိန္ဒိယတို့ ဖြစ်ကြပြီး      အိမ်နီးချင်းထိုင်းနိုင်ငံသည်လည်း အများဆုံးသုံးသည့်နိုင်ငံများတွင်   ပါဝင်လျက်ရှိပါ သည်။ LNG   ဈေးနှုန်းမှာ   စာချုပ်ခိုင်မာမှုနှင့် သုံးစွဲမှုမှန်ကန်လျှင် Gas ဈေးနှင့် ကွာခြားမှု သိပ်မရှိ ဘဲ နိုင်ငံအများစုသုံးစွဲနေသည်မှာ နှစ်ပေါင်းကြာမြင့် နေပြီဖြစ်ကြောင်း သိရှိရပါသည်။   LNG   ဝယ်ယူမှု စာချုပ်ချုပ်ရာတွင် ကမ္ဘာသုံးစနစ် (Brent နှင့် Henry Hub) ဈေးကွက်များနှင့်ချိတ်ဆက်သုံးရန် လိုအပ်ပြီး ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်သော စာချုပ်များအား သတ်မှတ် Formula  နှင့် ချုပ်ဆိုခြင်းဖြင့်  အတက် အကျနည်းပြီး  ခိုင်မာသင့်လျော်သော  ဈေးနှုန်းရရှိ နိုင်မည် ဖြစ်ပါသည်။
သဘာဝဓာတ်ငွေ့နှင့် LNG သည် ယခုကာလ တွင်  ဈေးနှုန်းယာယီမြင့်နေခြင်းမှာ   ကိုဗစ်-၁၉ ကာလအပြီး ထုတ်လုပ်/ လုပ်ဆောင်နေသည့်ကုမ္ပဏီ အများစုသည် လုပ်ငန်းကို ပုံမှန်ပြန်လည်မလည်ပတ် နိုင်သေးမီ Demand ပြန်လည်မြင့်လာခြင်း၊ LNG ထုတ်လုပ်သူ ရုရှားနှင့်     သုံးစွဲသည့်ဥရောပနိုင်ငံ များ၏      နိုင်ငံရေးအခြေအနေအချို့ကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိရပြီး ကိုဗစ် - ၁၉  ကာလတွင် သဘာဝဓာတ်ငွေ့နှင့် LNG ဈေးမှာ အလကားပေးခဲ့ ရသည့်အခြေအနေပင်ဖြစ်ခဲ့သည်ကို    ပြန်ပြောင်း သတိရမိပါသည်။  သဘာဝဓာတ်ငွေ့နှင့်    LNG ဈေးသည် သုံးနှစ်အတွင်း အထူးများစရာမရှိဘဲ US Shale Gas နည်းပညာကြောင့် mmbtu တစ်ယူနစ် လျှင် ၆ ဒသမ ၁ မှ ၆ ဒသမ ၆ အမေရိကန်ဒေါ်လာနှင့် ရေနံစိမ်းဈေးတစ်စည်လျှင်    အမေရိကန်ဒေါ်လာ ၆၀-၇၀ ကြားသာဖြစ်နေနိုင်သည့် အခြေအနေဖြစ်ပါ သည်။
မြန်မာနိုင်ငံဓာတ်အားစနစ်၏ အခြေခံဝန်ကို 
ဖြည့်ဆည်းပေးမည့် ကျောက်ဖြူစီမံကိန်း
ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူ သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီအဆင့် (၁၀၀) ဖြစ်သည့် Power-china Resources Ltd (Powerchina Group) က အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းနှင့် မြန်မာတိုင်းရင်းသား ပိုင် (၃၁)နှစ်သက်တမ်းရှိသည့် နည်းပညာဦးဆောင်မှု ကုမ္ပဏီက အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း  ထည့်ဝင် ထားသည့်  Kyauk   Phyu Electric Power Co., Ltd. က တည်ဆောက်၊ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။      စီမံကိန်းလုပ်ငန်းများ စတင်ချိန်မှစ၍    ယနေ့အထိ    နိုင်ငံခြားသားအင်ဂျင်နီယာ ၂၀၀ ကျော်၊   မြန်မာ နိုင်ငံသားအင်ဂျင်နီယာနှင့်  အခြားဝန်ထမ်း ၃၀၀ ကျော် စုစုပေါင်း ဝန်ထမ်းအင်အား ၅၀၀ ကျော်ဖြင့် နေ့ဆိုင်းညဆိုင်းခွဲကာ အဆက်မပြတ်တည်ဆောက် လျက်ရှိပါသည်။
ကျောက်ဖြူစီမံကိန်း၏ အဓိကလုပ်ငန်း
ဆောင်ရွက်မှုမှတ်တိုင်များ
စီမံကိန်း၏  ဓာတ်အားပို့လွှတ်မှုစမ်းသပ်ခြင်း (Back Energizing) ကို ၂၀၂၂ ခုနှစ်  ဇူလိုင် ၁၄  ရက် တွင်လည်းကောင်း၊ စီမံကိန်းသို့ ဓာတ်ငွေ့ပို့လွှတ်မည့်ပိုက်လိုင်းအား      မြန်မာ့ရေနံနှင့်  သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ သဘာဝဓာတ်ငွေ့ပို့လွှတ်ရေး စခန်းနှင့်  ချိတ်ဆက်ခြင်းကို ၂၀၂၂ ခုနှစ်    ဩဂုတ် ၁၄ ရက်တွင်လည်းကောင်း   ဆောင်ရွက်ခဲ့ပါသည်။ ဂျာမနီနိုင်ငံမှ  ထုတ်လုပ်သော   မြန်မာနိုင်ငံတွင် ပထမဆုံးအသုံးပြုမည့်        စွမ်းအားအမြင့်ဆုံးနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှုအသက်သာဆုံး တာဘိုင် စက်များသည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိလာပြီး သက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များလည်း   ရောက်ရှိကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း တပ်ဆင်ပြီးစီး ခဲ့ပါသည်။ 
စီမံကိန်း၏  ပထမဆုံးတာဘိုင်စက် စမ်းသပ် လည်ပတ်ခြင်း (First Gas Turbine  Ignition) ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ဆောင်ရွက် နိုင်ခဲ့ပြီး   စမ်းသပ်လည်ပတ်ခြင်းအခမ်းအနားသို့  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက် ခဲ့ကြကြောင်းလည်း   သတင်းများတွင်   တွေ့ရှိရ ပါသည်။
ကျောက်ဖြူစီမံကိန်းပြီးစီး၍ 
Combined Cycle Commercial Operation 
(စီးပွားဖြစ်လည်ပတ်မှုနှင့် လျှပ်စစ်ဓာတ်အား 
ထုတ်လုပ်မှု) စတင်ရန် လျာထားသတ်မှတ်ကာလ
မူလကသတ်မှတ်ထားသည့်စာချုပ်အရ စီမံကိန်း ပြီးစီးပြီး လျှပ်စစ်စတင်ထုတ်လုပ်ရမည့်ကာလသည် ၂၀၂၃  ခုနှစ်  မေလဖြစ်သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ရင်းနှီးမြှုပ်နှံ သည့်ကုမ္ပဏီ၏   အားထုတ်ကြိုးပမ်းဆောင်ရွက်မှု များကြောင့် လုပ်ငန်းတိုးတက်မှု အရှိန်အဟုန်ကောင်း များ  ရရှိနေသဖြင့် လျာထားသတ်မှတ်ချက်ထက်       ဆောလျင်စွာပြီးစီးလျှင် နိုင်ငံတော်အတွက် ပိုမိုအကျိုး များမည်ဖြစ်၍ အထူးစီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ   ၂၀၂၃  ခုနှစ်   ဇန်နဝါရီလအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ စီးပွားဖြစ်လည်ပတ်ခြင်း (Combined Cycle Com-mercial Operation) စတင်၍       လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်    ဦးတည်ချက်ထား  ဆောင်ရွက် လျက်ရှိရာ မူလလျာထားသည့်ကာလထက် သုံးလမှ ငါးလအတွင်း စောစီးစွာပြီးမြောက်နိုင်မည်   ဖြစ်ပါ သည်။
ကျောက်ဖြူစီမံကိန်း၏ အကျိုးကျေးဇူးများ
ဂျာမနီနိုင်ငံမှ  ထုတ်လုပ်သော  နောက်ဆုံးပေါ် စွမ်းအားမြင့် Gas Turbine များကို အသုံးပြုမည်ဖြစ် သဖြင့် သဘာဝဓာတ်ငွေ့သုံးစွဲမှုနှုန်း (Gas Consum- ption)   များစွာလျော့နည်းသဖြင့်   Total Tariff   ဈေးနှုန်းသည်လည်း တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၅၉ ဆင့်ခန့်သာ ကျသင့်မည်ဖြစ်ပြီး Gas Engine များ ငှားရမ်းသုံးစွဲရသဖြင့် ကုန်ကျသော တစ်ယူနစ်ဓာတ်အားခ   အမေရိကန်ဒေါ်လာ    ၁ဝ ဒသမ ၅ ဆင့် မှ ၁၂ ဆင့်ကြားထက် များစွာလျော့နည်း သဖြင့်    နိုင်ငံတော်အတွက်    နှစ်စဉ်အမေရိကန် ဒေါ်လာ ၃၅ သန်းခန့် သက်သာသွားမည် ဖြစ်ပါသည်။
လူမှုရေးဆိုင်ရာတာဝန်သိ    ဆောင်ရွက်ချက် (CSR)အနေဖြင့် စီမံကိန်းဒေသဝန်းကျင်၏  လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို အထူး အလေးထားဆောင်ရွက်ခဲ့ကာ      တည်ဆောက်ရေး ကာလတွင် ဒေသခံ Sub-Contractor များကို ဦးစား ပေးခန့်ထားခဲ့ပြီး စာသင်ကျောင်းများ ဆောက်လုပ် ပေးခြင်း၊ ရေတွင်းရေကန်များ ဆောက်လုပ်ပေးခြင်း၊ ဘုန်းကြီးကျောင်းများ     ပြန်လည်ပြုပြင်ပေးခြင်း အပါအဝင် ကိုဗစ်-၁၉  ကာကွယ်ရေး၊     ကုသရေး လုပ်ငန်းများအတွက် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော် ပါဝင်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 
စီမံကိန်းကုမ္ပဏီ၌  ဒေသခံများကို   ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ပြီး Scholarship Program များစီစဉ်ပေးသွားပြီး ရာထူးကြီးများရရှိရန် ဆောင်ရွက် ပေးခြင်း၊ သက်မွေးမှုသင်တန်းများ၊ အသေးစားငွေစု ငွေချေးအစီအစဉ်များ ဆောင်ရွက်ပေးသွားပြီး ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိရန် စီစဉ်ထား ရှိကြောင်းလည်း သိရှိရပါသည်။ ကျောက်ဖြူလျှပ်စစ် ဓာတ်အားကုမ္ပဏီတွင် Vice Chairman နှင့် ဒုတိယ အမှုဆောင်အရာရှိချုပ်အပါအဝင်   အဆင့်မြင့်အရာရှိ များကို တိုင်းရင်းသားကုမ္ပဏီ၏ မြန်မာတိုင်းရင်းသား များက တာဝန်ယူကာ မြန်မာနိုင်ငံနှင့် ဒေသအကျိုး ဖြစ်ထွန်းစေရေးအတွက် တာဝန်ခံဆောင်ရွက်သွား ကြမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများနှင့် အဆင့် မြင့်ရာထူးများကို တစ်ဆင့်ချင်း လဲလှယ်ခန့်ထားရေး    ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စက်ရုံလည်ပတ်စဉ်ကာလ   ၂၅   နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ မြန်မာ အင်ဂျင်နီယာများအား စက်ရုံတွင်ခေါ်ယူ တာဝန် ပေးအပ်၍ စက်ရုံလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု ဆိုင်ရာ နည်းပညာလွှဲပြောင်းမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
Commercial Operation ဆောလျင်စွာ 
စတင်နိုင်လျှင် ရရှိလာမည့်အကျိုးကျေးဇူးများ
ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့်  စွန့်ပစ်အပူ သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ သဘာဝဓာတ်ငွေ့ ရရှိမှုအပေါ်မူတည်၍ လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ် မှ ၁၄၈ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။   စီမံကိန်းတွင် တပ်ဆင်ထားသည့် သဘာဝဓာတ်ငွေ့ သုံး  ဓာတ်အားပေးစက်များမှ ၉၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည်ဖြစ်ပြီး ၎င်းသဘာဝဓာတ်ငွေ့သုံး  ဓာတ်အား ပေးစက်များ လည်ပတ်မောင်းနှင်ရာမှ ထွက်ရှိလာ မည့် စွန့်ပစ်အပူဖြင့် လည်ပတ်မည့် တာဘိုင်စက်မှ ၄၅ မဂ္ဂါဝပ်နှင့်အထက်    ထပ်မံထုတ်လုပ်နိုင်မည် ဖြစ်ရာ Combined Cycle Commercial   Operation   ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း  စတင်နိုင်ပါက   ယခုအသုံးပြုနေသည့် သဘာဝဓာတ်ငွေ့ပမာဏဖြင့်ပင် ၄၅ မဂ္ဂါဝပ်ကျော် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်၍ တစ်လစော လည်ပတ် တိုင်း   နိုင်ငံတော်အတွက်    အမေရိကန်ဒေါ်လာ    သုံးသန်းကျော် သက်သာအကျိုးရှိစေသည့်အပြင် BaseLoad Power ဖြစ်သည့်အတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် Renewable Projects များအတွက်    များစွာအထောက်အကူပြုစေမည် ဖြစ်ပါသည်။ 
ရခိုင်ပြည်နယ်အတွက် လျှပ်စစ်ပိုမိုလုံလောက်မှု ရှိစေသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများ  တိုးတက်ဖွံ့ဖြိုးစေမည်ဖြစ်ပြီး   CSR ဆိုင်ရာ ဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များအတွက်  တစ်ထောင့်တစ်နေရာမှ အသီး အပွင့်များ ခံစားရနိုင်မည်ဖြစ်ကြောင်း မုဒိတာပွား နေမိပါတော့သည်။
တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရာ တွင် လျှပ်စစ်ကဏ္ဍသည် အထူးအရေးကြီးပါသည်။ ထင်ရှားသည့် သင်ခန်းစာတစ်ခုမှာ ၂၀၁၀ ပြည့်နှစ် ဝန်းကျင်က Samsung ကုမ္ပဏီသည် ရန်ကုန်တိုင်း ဒေသကြီး ညောင်နှစ်ပင်၌ Electronic စက်ရုံစုကြီး တည်ထောင်မြှုပ်နှံရန်        လိုအပ်သည့်လျှပ်စစ် ဓာတ်အားတောင်းခံခဲ့ရာ မြန်မာနိုင်ငံက  ဖြည့်ဆည်း မပေးနိုင်သဖြင့်  ဗီယက်နမ်နိုင်ငံသို့  ရွှေ့ပြောင်း၍ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဗီယက်နမ်နိုင်ငံ GDP ၏ ရာခိုင်နှုန်း တစ်ခုအထိ  မြင့်တက်အောင်မြင်ခဲ့သဖြင့်    လျှပ်စစ် စွမ်းအင်မလုံလောက်မှုကြောင့်    တိုင်းပြည်    GDP  မြင့်တက်စေမည့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  အခွင့် အလမ်းကို    လက်လွှတ်ခဲ့ရသည့်အဖြစ်ကို ပြန်လည် ဆင်ခြင်မိတိုင်း စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုများကို     စဉ်ဆက်မပြတ် တိုးတက်စေလိုလှပါသည်။
မကြာသေးမီက ဆောင်ရွက်ခဲ့သည့် ကျောက်ဖြူ စီမံကိန်း၏   ပထမဆုံးတာဘိုင်စက်    စမ်းသပ် လည်ပတ်ခြင်း   (First  Gas  Turbine    Ignition)သတင်းကို ကြားသိစဉ်တွင်ပင် များစွာဝမ်းမြောက် ရသည်ဖြစ်ရာ    စီမံကိန်းလုပ်ငန်းများအားလုံး ပြီးမြောက်၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ စီးပွား ဖြစ်စတင်လည်ပတ်ခြင်း   (Combined  Cycle Commercial Operation)  နှင့်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအခမ်းအနားကြီးကို       ဂုဏ်ယူ ဝမ်းမြောက်စွာ   ကျင်းပပြုလုပ်မည့်အချိန်ကိုလည်း စောင့်မျှော်လျက်ရှိနေပါတော့သည်။          ။