
နေပြည်တော် ဩဂုတ် ၆
မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း ပြုစုရေး ဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် (၇) မိုင်ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း နှင့် ပတ်သက်၍ မျိုးဆက်သစ် လူငယ်များ၊ ဖတ်ရှုလေ့လာပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာ ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ပြုစု နေခြင်းဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက် သည့်အခါ၊ ဖွံ့ဖြိုးပြီးလုပ်ငန်းများ ကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အခါ၊ စက်မှု ကဏ္ဍနှင့်ပတ်သက်၍ မျိုးဆက် သစ်လူငယ်များ လေ့လာသည့် အခါတို့တွင် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့် အခြေခံများ၊ နည်းပညာများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ပါဝင်သော ကျောထောက်နောက်ခံ ပြုနိုင်မည့် သိပ္ပံ၊ အင်ဂျင်နီယာနင့် နည်းပညာဆိုင်ရာ စာတမ်းကြီး တစ်ခုဖြစ်အောင် အားလုံးကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
အစည်းအဝေးသို့ တက် ရောက်လာသူများအနေဖြင့် မြန်မာ နိုင်ငံ စက်မှုလက်မှုသမိုင်းအား အချက်အလက် မှန်မှန်ကန်ကန် ဖြင့် အမြန်ဆုံးထုတ်ဝေနိုင်ရေး အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် မှာကြား သည်။
ထို့နောက် တက်ရောက် လာကြသည့် မြန်မာနိုင်ငံ စက်မှု လက်မှုသမိုင်းပြုစုရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းတွင် ပါဝင် သင့်သည့်အချက်များ၊ ကဏ္ဍများ ကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် လုပ်ငန်းခွင်သို့ ဝင်ရောက်မည့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်း အရာထမ်းများကို မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်ဓာတ်ခွဲခန်းနှင့် လျှပ်စစ် ကျွမ်းကျင်မှု သင်တန်းခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် အရာထမ်း အင်ဂျင်နီယာ ဝန်ထမ်းများအား နိုင်ငံတကာတွင် ကျင့်သုံးလျက် ရှိသော လုပ်ငန်းခွင်သို့ ဝင်ရောက် ရာတွင် ဖြေဆိုရမည့် Funda-mental Engineering (FE) စာမေးပွဲနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အချက်များ အား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပို့ချ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ် (၈) တွင် သင်တန်းသူ စံပြထူးချွန်ဆုနှင့် သင်တန်းသူ စာပေထူးချွန်ဆုရ အရာထမ်း နှစ်ဦးကို ဂုဏ်ပြုဆုငွေ များချီးမြှင့်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်မည့် အရာထမ်းငယ် များကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်