
နေပြည်တော် ဇန်နဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပါကစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ ခါလစ် ဟူစိန် မန်မွန်နေရာတွင် မစ္စတာ မူဟာမက် အမ်ဂျက် အဇစ် ကာဇီ အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ မူဟာမက် အမ်ဂျက် အဇစ် ကာဇီကို ၁၉၆၉ ခုနှစ်တွင် မွေးဖွား ခဲ့ပြီး ၎င်းသည် သိပ္ပံဘွဲ့ (လျှပ်စစ်အင်ဂျင်နီယာ) ကို ရရှိထားသည်။ ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ဝန်ကြီးဌာနတွင် အရာထမ်းအဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ သံတမန်ရေးရာဌာန၊ ဒုတိယ အကြီးအကဲအဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့် တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်းသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကိုပင်ဟေဂင်မြို့ရှိ ပါကစ္စတန်သံရုံး၌ လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဘရပ်ဆဲလ်မြို့ရှိ ပါကစ္စတန်သံရုံး၌လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ပရီတိုးရီးယားမြို့ရှိ ပါကစ္စတန်သံရုံး၌လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လမှစ၍ ပါရီမြို့ရှိ ပါကစ္စတန် သံရုံးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်သည်။
သတင်းစဉ်