မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusof ကို ခန့်အပ်

 

နေပြည်တော်    ဩဂုတ်    ၄

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏  (၅၄) ကြိမ် မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို ဩဂုတ် ၂ ရက်က ကျင်းပခဲ့ပြီး အစည်းအဝေးတွင်  ဧပြီ   ၂၄  ရက်က ကျင်းပပြုလုပ်ခဲ့သည့်      အာဆီယံနိုင်ငံ ခေါင်းဆောင်ကြီးများ အစည်းအဝေး၏ တူညီဆန္ဒ(၅)ရပ်တွင်  ဖော်ပြပါရှိသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏   အထူး ကိုယ်စားလှယ်တစ်ဦး    ခန့်အပ်ရေးကိစ္စ အား ဆွေးနွေးခဲ့သည်။

 

အစည်းအဝေးတွင်        အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ   ဘရူနိုင်းနိုင်ငံ က မူလအဆိုပြုထားသူ အထူးကိုယ်စား လှယ်များ၏ အမည်စာရင်းကို   ပြန်လည် ရုပ်သိမ်းလျက်၊       အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ   ဘရူနိုင်းနိုင်ငံ၊    ဘုရင် မင်းမြတ်၏  လမ်းညွှန်မှုဖြင့်   ဘရူနိုင်း၊   နိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်သူ   H.E. Dato  Erywan  Pehin   Yusof  အား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏   အထူး ကိုယ်စားလှယ်အဖြစ်  ပြင်ဆင်အဆိုပြု ခဲ့သည်။

 


မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်    ဆောင်ရွက် နေသော ဘရူနိုင်းနိုင်ငံက အဆိုပြုသည့် ဘရူနိုင်း၊ နိုင်ငံခြားရေးဝန်ကြီး(၂)ဖြစ်သူ H.E. Dato Erywan Pehin Yusof   အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်   သဘောတူလက်ခံကြောင်းကို ယနေ့ နံနက်ပိုင်းတွင်    ကျင်းပပြုလုပ်ခဲ့ သည့်   အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်  ဆွေးနွေးအတည်ပြု ခဲ့ကြောင်း သိရသည်။        

 

သတင်းစဉ်