မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁၅ သန်း လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ    ၂


နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ နားခိုလျက်ရှိကြ သော တပ်မတော်သား အငြိမ်းစား များနှင့် မိသားစုဝင်များအတွက် မြန်မာနိုင်ငံ   စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ( အငြိမ်းစား ) နှင့်  ဗဟို အမှုဆောင်  အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ သို့  ငွေကျပ် ၁၅ သန်းကို သွား ရောက် လှူဒါန်းခဲ့သည်။


ထိုသို့ လှူဒါန်းရာတွင် မြန်မာ နိုင်ငံ   စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား)က    တပ်မတော် သားဖြစ်ခဲ့သူ  တစ်ဦးအနေဖြင့် သက်ကြီးရွယ်အို    စစ်မှုထမ်း ဟောင်းများအား     ယခုကဲ့သို့ စောင့်ရှောက်နေသည့် မွန်မြတ် လှသော    ပရဟိတလုပ်ငန်းကြီး ဖြစ်တည်လာရခြင်းကို    အလွန် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း နှင့်      စွန့်လွှတ် စွန့်စားသူများ၏     ကွန်းခိုရာ ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာ၏  အဓွန့်ရှည်တည်မြဲရေး အတွက် ဆက်လက်လှူဒါန်းသွား မည်ဖြစ်ကြောင်း ပြောကြားသည်။ 


ထို့နောက်   လှူဒါန်းငွေများ အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား )က ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ   ဒုတိယ ဥက္ကဋ္ဌဗိုလ်ချုပ်သိန်းထွန်း (အငြိမ်း စား)  ထံသို့   ပေးအပ်လှူဒါန်းခဲ့ ပြီး  တာဝန်ရှိသူများက  ကျေးဇူးတင်စကား        ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။        

သတင်းစဉ်