
နေပြည်တော် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့က အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အား ထောက်ပံ့ငွေ ထပ်မံပေးအပ် ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုဌာနချုပ် ညီလာခံ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး စိန်ဝင်း(ငြိမ်း) က ဇန်နဝါရီ ၁၂ ရက်က အသက် ၈၀ နှစ်နှင့် အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၄၇၈၁ ဦးအတွက် ငွေကျပ် ၂၃၉ ဒသမ ၀၅ သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယနေ့တွင် အသက် ၉၀ နှစ်နှင့် အထက် စစ်မှု ထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့်လည်း ကောင်း၊ အသက် ၁၀၀ နှစ်နှင့် အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့်လည်းကောင်း ထပ်မံ ထောက်ပံ့ပေးခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုအမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း) က တိုင်းဒေသကြီး၊ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး အခမ်းအနား တက် ရောက်လာသူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် အသက် ၉၀ နှစ်နှင့်အထက် စစ်မှု ထမ်းဟောင်းအဖွဲ့ဝင် ၄၁၈ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်း ဖြင့် ငွေကျပ် ၂၀ ဒသမ ၉ သန်း၊ အသက် ၁၀၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀ ဦး အား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ၁ သန်း စုစုပေါင်း ၂၁ ဒသမ ၉ သန်း ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်