မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

 

၁၃၈၃ ခု၊ တပို့တွဲလဆုတ် ၁၂ ရက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်


၁။    လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်သည် ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ  တွင် တရားစွဲဆိုခဲ့ပါသည်။


၂။    ဂမ်ဘီယာနိုင်ငံက  ICJ  သို့  ဒုတိယအကြိမ် ဦးတိုက်လျှောက်ထားမှုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နယ်သာလန်နိုင်ငံရှိ ICJ တရားရုံးတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျ ကိုယ်စားလှယ်အဖြစ် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆောင်ရွက်ခဲ့ပါသည်။


၃။    တရားရုံး ပထမနေ့ တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကြားနာမှု၌ မြန်မာ ကိုယ်စားလှယ်   ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်၏ အဖွင့်မိန့်ခွန်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေဖြင့် တရားရုံး၏ရှေ့မှောက်မှာ တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဆိုင်ရာဥပဒေများဖြင့် တိကျစွာ      ဆန်းစစ်ကိုးကား၍   တင်ပြလျှောက်လဲနိုင်ခဲ့သော   ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များမှာ ကျေနပ်အားရဖွယ် တွေ့ရှိရပါသည်။


၄။    တရားရုံး၏ ဒုတိယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ နိဂုံးချုပ်မိန့်ခွန်း   ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်  ဒေါ်သီတာဦးတို့၊ မြန်မာကိုယ်စားပြု ရှေ့နေကြီးများ၏   လျှောက်လဲချက်များပါ   ဂမ်ဘီယာနိုင်ငံက   တင်သွင်းခဲ့သည့်အပေါ်   တရားရုံးက စီရင်ပိုင်ခွင့် မရှိကြောင်းနှင့်၊ သို့မဟုတ် ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားချက်အား  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ကြိုဆိုထောက်ခံပါသည်။ 


၅။    ဤအမှုကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုအတွက် မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ကို ဥပဒေနှင့်အညီ ကြိုးပမ်းကာကွယ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးစီးသည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့၊   မြန်မာနိုင်ငံကိုယ်စားပြုရှေ့နေကြီးများကို     ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မြန်မာနိုင်ငံ   စစ်မှုထမ်းဟောင်းအဖွဲ့သည်     ယင်းတို့နှင့် တစ်သားတည်း  ရပ်တည်လျက်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။                                                              

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့