
နေပြည်တော် ဇူလိုင် ၂၀
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာန ချုပ်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အာဟာရဖြည့်စွက်စာနှင့် ဟင်းသီးဟင်းရွက် များ ယနေ့နံနက်ပိုင်းက လှူဒါန်းသည်။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ (ကိုယ်စား) မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်မျိုးဝင်း(ငြိမ်း)သည် ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်ကြ သော အဘိုး ၁၁၅ ဦး၊ အဘွား ၅၈ ဦး ပေါင်း ၁၇၃ ဦးတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင် နိုင်ရေး အထောက်အကူဖြစ်စေသည့် သဘာဝသစ်သီးသစ်ဥများကို ဂျပန်နည်းပညာ ဖြင့် ဖော်စပ်ထုတ်လုပ်ထားသော အာဟာရ ဖြည့်စွက်စာ အထုပ်ရေ ၂၀၀ (ကာလတန်ဖိုး ငွေကျပ် ၉ သန်းခန့်)နှင့် ခြံထွက်ဟင်းသီး ဟင်းရွက်များကို ပေးအပ်လှူဒါန်းရာ ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူး သောင်းမြင့်(ငြိမ်း) က လက်ခံရယူကြောင်း သိရသည်။
သတင်းစဉ်