မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အကြိုညှိနှိုင်းစည်းဝေး

 

ရန်ကုန်   မေ   ၂၁


မြန်မာနိုင်ငံ    စာရေးဆရာအသင်း တတိယအကြိမ်   ညီလာခံအကြို ညှိနှိုင်းအစည်းအဝေးကို    ယနေ့ မွန်းလွဲ ၁ နာရီတွင်    ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ  ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ  ဒေါ်ချိုချိုတင်(မစန္ဒာ)နှင့်  ဗဟိုအမှုဆောင်   ကော်မတီဝင် များ၊  တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ  မြို့နယ်စာရေးဆရာအသင်း များမှ   ညီလာခံကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ       အသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုတင်(မစန္ဒာ)က  နှုတ်ခွန်း ဆက်  အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က  အသင်း၏  လုပ်ငန်း ဆောင်ရွက်ချက်များ    ပြောကြားသည်။

 


ဆက်လက်၍  အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင် ကောက်)က  တတိယအကြိမ်ညီလာခံ အတွက်    ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစဉ်များနှင့်     ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကြိုညှိနှိုင်း ရှင်းလင်းသည်။

 


ဆက်လက်ပြီး  တတိယအကြိမ် ညီလာခံသို့   အလှူငွေများ  ပေးအပ် လှူဒါန်းကြရာ  ဒုတိယဗိုလ်မှူးကြီး မြင့်ကျော်     (မှူးကျော်-ပန်းတနော်)မိသားစုက အလှူငွေကျပ် နှစ်သိန်း၊ ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ ဗိုလ်မှူး ကြီးမြင့်ဆွေ (ငြိမ်း) - စာရေးဆရာမ ခိုင်ယဉ်မွန်(ဝိဇ္ဇာ/သိပ္ပံ)၊  ဦးသန်းဝင်း (မင်းယဉ်စု)၊  ဖားကန့်မြို့နယ်စာရေး ဆရာအသင်း၊   ပျဉ်းမနားမြို့နယ် စာရေးဆရာအသင်းနှင့်    ဗိုလ်တ ထောင်မြို့နယ်  စာရေးဆရာအသင်း တို့က  အလှူငွေကျပ်  တစ်သိန်းစီ၊ အောင်မြေသာစံမြို့နယ် စာရေးဆရာ အသင်းက ငွေကျပ်ခြောက်သောင်း၊ ဦးမျိုးထွန်း    (မောင်စိမ်းနောင်-လယ်ဝေး)၊   ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊         ဒေါက်တာ မြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)၊ ဦးသောင်းနိုင် (မန္တလေးတိုင်းဒေသ ကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ)၊     ဆရာဂမ္ဘီရမင်းမောင် (ထားဝယ်)၊  မိတ္ထီလာမြို့နယ်စာရေး ဆရာအသင်း၊   သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်း၊  အလုံမြို့နယ် စာရေးဆရာအသင်း၊  တာမွေမြို့နယ် စာရေးဆရာအသင်း၊  မှော်ဘီမြို့နယ် စာရေးဆရာအသင်း၊     တောင်ငူ မြို့နယ်   စာရေးဆရာအသင်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် စာရေးဆရာအသင်းတို့က  ငွေကျပ် ငါးသောင်းစီအပါအဝင် အခြား အလှူရှင်များက    အလှူငွေများ လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း  သိရသည်။


သတင်းစဉ်