
ရန်ကုန် ဩဂုတ် ၂၉
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှု ဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်း၊ အမှတ်(၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ က နှုတ်ခွန်းဆက်စကား ပြော ကြားရာတွင် ပြည်သူများ အသိ ဉာဏ်ပညာ ဗဟုသုတများ ဖွံ့ဖြိုး တိုးတက်စေရန် ကျေးရွာနှင့် ရပ်ကွက်များတွင် ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက်များ တည်ထောင်၍ စာပေများ ဖတ်ရှု နိုင်ရန် စာအုပ်စာစောင်များ ဖြန့်ဝေ ပေးပို့လျက်ရှိကြောင်း၊ ဖောင်ဒေး ရှင်းအနေဖြင့် စာအုပ်များ ဝယ်ယူ ထောက်ပံ့ပေးသကဲ့သို့ အလှူရှင် များ လှူဒါန်းသည့်စာအုပ်များ ကိုလည်း ပေးပို့လှူဒါန်းပေးပါ ကြောင်း၊ စာကြည့်တိုက်များ၏ အသက်မှာ စာအုပ်များဖြစ်ပါ ကြောင်း၊ စာအုပ်များရှိမှသာ စာဖတ်ရှုသူများ ဖတ်ရှုလေ့လာ နိုင်မည်ဖြစ်ပါကြောင်း၊ အလှူရှင် များ တိုးပွားလာသည်နှင့်အမျှ စာအုပ်များကို များများလှူနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ် အလှူရှင်များ တိုးပွားရေးအတွက် စည်းရုံးပေးကြရန် မေတ္တာရပ်ခံပါ ကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်များက စာအုပ်များ လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြား ပြီး စာအုပ်များပေးအပ်လှူဒါန်းရာ စာရေးဆရာ တိမ်ဦး ရေးသား သည့် နိုင်ငံတကာသုံး ကြယ်များ ရွေးချယ်ဖတ်ရှုနည်း စာအုပ် ၁၅၀၊ တန်ဖိုးငွေကျပ် ၄၅၀၀၀၀၊ ဦးနန်းအောင်လှိုင်နှင့် ဒေါ်သီရိစံ တို့က ဝိဇ္ဇာနတ်လမ်းမှော်ဘုံကျမ်း စာအုပ် ၅၀၊ တန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၊ ဦးဝင်းညွန့်လွင်က သုတ/ရသ စာအုပ် ကိုးမျိုး စာအုပ် ၂၆၁၉ အုပ်၊ တန်ဖိုးငွေကျပ် ၈၈၀၀၅၀၀ ပေးအပ်လှူဒါန်း ရာ ဥက္ကဋ္ဌဦးညွန့်ဆွေက လက်ခံ ရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယနေ့လှူဒါန်းမှုတွင် စာအုပ် ပေါင်း ၂၈၁၉ အုပ်၊ တန်ဖိုးကျပ် ၁၀၅၀၁၅၀ ဖြစ်ပြီး ဒုတိယပိုင်း အစီအစဉ်ဖြင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေး ပြုလုပ် ရာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်