
နေပြည်တော် မတ် ၂၉
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိ သည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင် လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/ ၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်မှု ကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြား သားများကို ဥပဒေနှင့်အညီ အမြန် ဆုံး အရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် ကြိုင်၊ တွဲဖက်အတွင်းရေးမှူး များ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ နှင့် အတွင်းရေးမှူးရုံးတို့မှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကရင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ ဗဟို ကော်မတီဝင် ဝန်ကြီးချုပ်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟို ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု ကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြား သားများကို ဥပဒေနှင့်အညီစိစစ် နိုင်ရန်၊ အမြန်ဆုံးတရားစွဲဆို အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန် ဆုံး ပြည်နှင်နိုင်ရန်ရည်ရွယ်ပြီး “မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိ သည့် နိုင်ငံခြားသားများအားဥပဒေ နှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေး ဗဟိုကော်မတီ”ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် ၂၂၈/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် တွင် ဖွဲ့စည်းခဲ့ကြောင်း။
ဗဟိုကော်မတီ၏ လုပ်ငန်း တာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အထောက် အကူပြုပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းကော်မတီ၊ လုပ်ငန်း ဆပ်ကော်မတီနှင့် ဗဟိုကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ တို့ကိုလည်း ဗဟိုကော်မတီ၏ အမိန့်အမှတ် (၁/၂၀၂၃) ၊ (၂/၂၀၂၃) နှင့် (၃/ ၂၀၂၃) တို့ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို ထိထိ ရောက်ရောက် ဆောင်ရွက်လျက် ရှိကြောင်း။
မြန်မာနိုင်ငံအတွင်း တရား မဝင် ဝင်ရောက်လာသည့် နိုင်ငံခြား သားများကို ၁၉၄၇ ခုနှစ်၊ မြန်မာ နိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် ဗဟိုကော်မတီ အနေဖြင့် သက်ဆိုင်ရာဌာနများ အကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားနိုင် ရေး ညှိနှိုင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြား သား စုစုပေါင်း ၅၃၀၈၉ ဦးကို ပြည်နှင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ အဆိုပါပြည်နှင်လွှဲပြောင်း ခဲ့သည့် နိုင်ငံခြားသားစာရင်း တွင် တရုတ်နိုင်ငံသား ၅၁၀၁၀ ပါဝင်ကြောင်း။
မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီး မှုကို ရှေးရှု၍လည်းကောင်း၊ ယုံကြည်မှုအပေါ် တလွဲအသုံးချ ခံရသူများဖြစ်ခြင်းကြောင့်လည်းကောင်း၊ သဘောဆန္ဒမပါဘဲ ရာဇဝတ် မကင်းသောလုပ်ငန်းများ တွင် အဓမ္မခိုင်းစေခံရသူများ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သော် လည်း အရေးယူခြင်းမပြုဘဲ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့် အညီ ပြည်နှင်လွှဲပြောင်းရန် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အထူးသဖြင့် ကရင် ပြည်နယ် မြဝတီဒေသရှိ နိုင်ငံခြား သားများနှင့်ပတ်သက်၍ မြန်မာ- ထိုင်း နှစ်နိုင်ငံအမှတ်(၂) ချစ်ကြည် ရေးတံတားမှတစ်ဆင့် ပြည်နှင် လွှဲပြောင်း၍ သက်ဆိုင်ရာနိုင်ငံ များသို့ ပို့ဆောင်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ အကြား ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်နှင်မိန့်စောင့်ဆိုင်းနေစဉ် ကာလအတွင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အချုပ်ထောင် များတွင် ခေတ္တထိန်းသိမ်းထား သော နိုင်ငံခြားသားများကို လုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံး ပြည်နှင် လွှဲပြောင်းပေးနိုင်ရေး အတွက်ဗဟိုကော်မတီမှ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၂၅ ရက်အထိ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ထိန်းသိမ်း ထားရှိသော နိုင်ငံခြားသား ၈၄ ဦး ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး(၁)၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ကောင်စစ် ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင် ကျော်ဦးက မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသား များအား ဥပဒေနှင့်အညီ အမြန် ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းနိုင် ရေးဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ တက်ရောက် လာသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းတင်ပြ ကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်