မြန်မာနိုင်ငံအတွက် သံနှင့် သံမဏိလုပ်ငန်း ပြန်လည်နိုးကြား တစ်ခေတ်ဆန်းလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက် ပိုမိုတိုးတက်လာစေရေး မြင်းခြံသံမဏိစက်ရုံမှ အဓိကအင်အားစုအဖြစ် အားဖြည့်

နေပြည်တော်    ဇန်နဝါရီ     ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊        နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊    မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊     အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး  မြင်းခြံမြို့နယ်ရှိ  စက်မှု ဝန်ကြီးဌာန  အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။ 


ရှင်းလင်းတင်ပြ


ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ သံမဏိ စက်ရုံစီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ သံနှင့် သံမဏိပစ္စည်းများ     ပြည်ပမှ တင်သွင်းမှုနှင့်  ပြည်တွင်း၌   ထုတ်လုပ် နေမှုအခြေအနေ၊   နှစ်အလိုက်  သံနှင့် သံမဏိပစ္စည်းများ  သုံးစွဲမှုလိုအပ်ချက်၊ အမှတ်(၁)    သံမဏိစက်ရုံ(မြင်းခြံ)နှင့်  အမှတ် (၂)      သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ၂၀၂၂-၂၀၂၃         ဘဏ္ဍာနှစ်အတွက်  ဘဏ္ဍာငွေလျာထား     တောင်းခံမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ကိုလည်းကောင်း၊     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြင်းခြံ-သာစည်  လမ်းပိုင်း၊  သာစည်- ရွှေညောင်လမ်းပိုင်း၊ ရွှေညောင်-တောင်ကြီး လမ်းပိုင်းနှင့်    တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းများတွင် လမ်းပိုင်းများအလိုက် ကွန်ကရစ်ဇလီဖားတုံးများ     လဲလှယ် ခြင်းနှင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးခင်မောင်ရီက  မြန်မာနိုင်ငံ အတွင်း    သံရိုင်း၊    ကျောက်မီးသွေး၊ ထုံး‌ကျောက်နှင့်  ဒိုလိုမိုက်များ ထွက်ရှိမှု အခြေအနေများကို       လည်းကောင်း၊ လျှပ်စစ်နှင့်         စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ၂၃၀ ကေဗွီအေ မြင်းခြံဓာတ်အားခွဲစက်ရုံ နှင့်ပတ်သက်၍ လည်းကောင်း၊  မြန်မာ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောက မြန်မာစီးပွားရေး  ကော်ပိုရေးရှင်း    သံမဏိစက်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း   ရှင်းလင်းတင်ပြကြ သည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်  ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ပြည်တွင်း တွင် အသုံးအများဆုံးဖြစ်သည့် Deformed Bar(သံချောင်းလုံး)များကို အဓိကလိုအပ် ကြောင်း၊  မိမိတို့နိုင်ငံတွင်  ပြည်တွင်း  သံမဏိ     လိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး    စီမံကိန်းများကို   သတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊  ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍လည်း  စနစ်တကျဖြင့် စိစစ်သုံးစွဲရန်လိုကြောင်း၊ စက်ရုံများတွင် အသုံးပြုသည့် ပစ္စည်းများ ရာသီဥတုကြောင့် ပျက်စီးမှုမဖြစ်စေရေး စနစ်တကျ   ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ)အနေ ဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်း နှင့် ၉၅ ဒသမ ၀၂ ရာခိုင်နှုန်း ရောက်ရှိ ပြီးဖြစ်သော်လည်း      ဆက်လက်တည် ဆောက်မှုမပြုလုပ်နိုင်ရန်အတွက် ၂၀၁၇  ခုနှစ်၌ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့်  မိမိတို့နိုင်ငံအတွက်    ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့ ချေးငွေ များအတွက် အရင်း၊ အတိုးပေးဆပ်နေရ ကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် စက်ရုံ ပစ္စည်း၊  စက်ပစ္စည်းများမှာ  ပြင်ပတွင် ထားသိုရသဖြင့်      ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် အကောင်း ဆုံး ပြန်လည်ထိန်းသိမ်းသွားရန်နှင့် မူလ  လည်ပတ်ပြီး ပြန်လည်ရပ်ဆိုင်းခဲ့ရသည့်  သံမဏိစက်ရုံ   အမှတ်(၁)အား  အမြန် ပြန်လည်ပတ်နိုင်ရန်လိုကြောင်း၊ သံမဏိ ထုတ်လုပ်မှုလုပ်ငန်းသည်   မိမိတို့နိုင်ငံ အတွက်  အရေးကြီးလိုအပ်ချက်ပင်ဖြစ်  ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ် တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍  မှန်မှန်ကန်ကန်ဖြင့်    မြန်မြန်ဆန်ဆန် ပြီးစီးစေရေး   စနစ်တကျ   ကြပ်မတ် ဆောင်ရွက်သွားရန်      လိုကြောင်း၊ နိုင်ငံတော်တွင်     အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှာ    များစွာလိုအပ်  သဖြင့်  နိုင်ငံတော်အစိုးရအနေဖြင့်သာ မဟုတ်ဘဲ  ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများ နှင့်အညီ ခွင့်ပြု၍   ပြည်တွင်း သံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင် ပေးရန်လိုကြောင်း၊ မြင်းခြံသံမဏိစက်ရုံ အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့်   ကုန်ကြမ်း၊ ကုန်ချောများ      သယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား       ဆောင်ရွက်ရန် လိုကြောင်း။


ဦးစားပေးဆောင်ရွက်


ရထားလမ်းများအား    ကွန်ကရစ် ဇလီဖားတုံး   လဲလှယ်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင်   သတ်မှတ်ချက်များနှင့်  ကိုက်ညီ အောင် စနစ်တကျဖြင့် တည်ဆောက်ရန် လိုကြောင်း၊  ခရီးသွားများ  အဆင်ပြေ ချောမွေ့စေရေးအတွက် လူစီးရထားများ ပြေးဆွဲသည့်   လမ်းများကို   ဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊  ရထား တွဲများ    ပိုမိုချိတ်ဆက်ပြေးဆွဲနိုင်ရေး ခေါင်းတွဲများ     စွမ်းရည်မြှင့်တင်နိုင်ရန် လိုကြောင်း၊      ရထားတွဲအရေအတွက် တိုးမြှင့်ချိတ်ဆွဲပြီး    ခေါက်ရေလျှော့ချ  ပြေးဆွဲနိုင်မည်ဆိုပါက   ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း၊  ရထား လမ်းများ   ပြင်ဆင်ဖောက်လုပ်ရာတွင် လည်း စနစ်တကျဖြင့် တွက်ချက်စဉ်းစား ဆောင်ရွက်ပြီး          မလိုလားအပ်သည့်


ငွေကြေးကုန်ကျမှုများ       မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်  လိုကြောင်း၊ ဖို့မြေများ ဆောင်ရွက်ရာတွင် ရေရှည် ခိုင်ခံ့စေရေးအတွက် အောက်ခြေခိုင်မာ အောင် စနစ်တကျဖြင့် ဆောက်လုပ်ရန် လိုကြောင်း။


မိမိတို့နိုင်ငံတွင် သံမဏိထုတ်လုပ်ရန် အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေး နှင့် ထုံးကျောက်များ ရှိပြီးဖြစ်ကြောင်း၊  တည်ဆောက်ရေး            လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီးများအလိုက်    လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက် နိုင်ပါက   ပြည်ပမှ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊     ဒေသ စက်မှုလုပ်ငန်းများ   ဖြစ်ထွန်းလာမည်  ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် သံနှင့် သံမဏိပစ္စည်း ဒေါ်လာ  ၉၉၅  သန်းခန့် တင်သွင်းခဲ့ရသဖြင့်    ပြည်တွင်းသံမဏိ  ထုတ်လုပ်ခြင်းလုပ်ငန်းကို   မြှင့်တင်၍ ပြည်ပမှတင်သွင်းမှုများကို လျှော့ချသွား ရန်လိုကြောင်း။


ဆောက်လုပ်ရေးအတွက် သံမဏိများ လိုအပ်သကဲ့သို့    တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုန်ကြမ်းထွက်ရှိသည့် ဒေသများတွင်    ဘိလပ်မြေစက်ရုံများ လည်း    ထပ်မံတိုးချဲ့တည်ဆောက်ရန် လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင်    နိုင်ငံအတွက်   မဟာဗျူဟာဖြင့် စဉ်းစားဆောင်ရွက်ကြရန်  လိုကြောင်း မှာကြားပြီး မြန်မာနိုင်ငံအတွက် သံနှင့် သံမဏိလုပ်ငန်း       ပြန်လည်နိုးကြား တစ်ခေတ်ဆန်းလာစေရေးနှင့်  မြန်မာ့ စက်မှုလုပ်ငန်း ယခုထက် ပိုမိုတိုးတက် လာစေရေး မြင်းခြံသံမဏိစက်ရုံမှ အဓိက အင်အားစုအဖြစ်       အားဖြည့်နိုင်ပါစေ ကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် စက်ရုံဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်   လက်မှတ်ရေးထိုးသည်။ ထို့နောက် သံမဏိစက်ရုံအတွင်း သံရည် ကျိုအလုပ်ရုံ၊   Melt  Shop   2 တို့အတွင်း လှည့်လည်ကြည့်ရှု             စစ်ဆေးပြီး လက်ထောက်စက်ရုံမှူး ဦးစိုးမင်းထွန်း နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။      

    သတင်းစဉ်