မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားစေရေး အခြေခံမော်တာစက်ချုပ်သင်တန်းကို ထပ်မံဖွင့်လှစ်သွားမည်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)က ကြီးမှူး ၍  အလုပ်အကိုင်အခွင့်အလမ်း တိုးပွားစေရေး   အခြေခံမော်တာ စက်ချုပ်သင်တန်းကို    လာမည့် မတ်လအတွင်း ထပ်မံဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
MGMA က ကြီးမှူးပြီး အခြေခံ မော်တာစက်ချုပ်သင်တန်း အမှတ် စဉ် (၂၃၄) ကို ၂၀၂၄ ခုနှစ်  မတ် ၄ ရက်မှ ၂၂ ရက်အထိ  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ်    ဖွံ့ဖြိုးရေးစင်တာ (MGHRDC) တွင် ဖွင့်လှစ်သွားမည် ဟု သိရသည်။
အဆိုပါသင်တန်းကို အထည် ချုပ်စက်ရုံများနှင့်    နယ်ဝေးမှ အလုပ်အကိုင်  ရှာဖွေနေသူများ၊ အထည်ချုပ်       စက်ရုံများတွင် လုပ်ကိုင်ရန်    စိတ်ဝင်စားသူတို့ အကြား ချိတ်ဆက်ပေးပြီး အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ် ခြင်းဖြစ်ပြီး    သင်တန်းပြီးဆုံးပါ က   အထည်ချုပ်စက်ရုံများဖြင့် ချိတ်ဆက်ကာ    အလုပ်ရရှိရန် ကူညီပေးသွားမည်ဟုလည်း   သိရ သည်။
“Member ဝင်ထားတဲ့ စက်ရုံ တွေက လာခေါ်ကြတော့ သင်တန်း ဆင်းတဲ့သူတွေထဲက အလုပ်လုပ် မယ့်သူတွေဆိုရင်  အလုပ်သွင်း ပေးပါတယ်။ အခုဆိုရင်  စက်ရုံ တွေမှာ အလုပ်သမားလိုအပ်ချက် တွေလည်း  ရှိတာကြောင့် အလုပ် သမားတွေ      လာခေါ်တဲ့အခါ အလုပ်လုပ်မယ့်သူတွေကို အလုပ် သွင်းပေးနေပါတယ်”   ဟု အဆိုပါ     သင်တန်းကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သင်တန်းတွင်   အထည်ချုပ် လုပ်ခြင်းဆိုင်ရာတွင်    သိသင့် သိထိုက်သည့်   ဗဟုသုတများ၊ ချုပ်နည်း     အဆင့်ဆင့်များကို လက်တွေ့   သင်ကြားမှုများဖြင့် သင်ကြား   ပေးသွားမည်ဖြစ်ပြီး အလုပ်သမား      ဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားပေးသွားမည်ဟု  သိရ သည်။
တက်ရောက်လိုသူများ အနေ ဖြင့်  - ၀၉ ၉၄၀၈၅၈၃၅၀, ၀၉ ၄၅၀၇၂၃၂၆၂, ၀၉ ၉၄၀၃၉၁၂၅၇၀, ၀၉ ၇၈၄၀၈၅၇၉၄,     ၀၉ ၉၆၉၈၆၅၀၂၄   ကို   ဆက်သွယ် စာရင်းပေးသွင်းတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
MT၊ Photo-  MGMA