မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုပန်းတိုင် (၁၄) ဖြစ်သည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာနှင့်ရင်ပေါင်တန်း လက်တွဲပူးပေါင်းဆောင်ရွက်နေ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၆


နိုင်ငံအဆင့်   ပင်လယ်ကမ်းရိုးတန်း   သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန   အင်ကြင်းခန်းမ၌   ကျင်းပရာ နိုင်ငံအဆင့်       ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု            ဗဟိုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့           ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့်   ဦးခင်မောင်ရီ၊    ဒုတိယဝန်ကြီး ဦးစန်းလွင်နှင့်  ဦးမင်းမင်းဦး၊  စစ်ဦးစီးဗိုလ်မှူးချုပ် (ရေ)၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်  တာဝန်ရှိသူ များ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့်   တာဝန်ရှိသူများက   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်         ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုဝန်ကြီးချုပ်က  မြန်မာနိုင်ငံ၏သဘာဝသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို          အမျိုးသားရေး လုပ်ငန်းတာဝန်တစ်ရပ်အဖြစ်     နိုင်ငံတော်အစိုးရ အနေဖြင့်  အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ကမ်းရိုးတန်းနှင့်    ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းများ     ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးကို    ရှေးရှု၍  ၂၀၂၁ ခုနှစ်  ဧပြီ (၂) ရက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့် ကြော်ငြာစာအမှတ် (၉၅/၂၀၂၁)ဖြင့်   “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ       စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင်  အမိန့်ကြော်ငြာစာအမှတ် (၃၀၆/၂၀၂၁)ဖြင့် အဖွဲ့ဝင် ၂၁ ဦးပါ   ဗဟိုကော်မတီ ကို  ထပ်မံပြင်ဆင်ဖွဲ့စည်းပေးကာ   လုပ်ငန်းတာဝန် (၁၀) ရပ် တာဝန်ပေးအပ်ခဲ့ကြောင်း။

 


ဆုံးဖြတ်ချက်(၁၁)ရပ်ချမှတ် 


၂၀၂၁ခုနှစ်  ဇွန်လ ၉ ရက်တွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏   ဦးဆောင်ဦးရွက်ပြုမှုဖြင့် “နိုင်ငံအဆင့်   ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီ      (ပထမအကြိမ်) အစည်းအဝေး”ကို ကျင်းပခဲ့ရာ ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက်များကိုအခြေပြု၍    ပင်လယ် ကမ်းရိုးတန်းသယံဇာတ    စီမံအုပ်ချုပ်ခြင်းဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် အစည်းအဝေး ဆုံးဖြတ် ချက်(၁၁)ရပ်ကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း။

 


ဗဟိုကော်မတီအစည်းအဝေးများကို  တစ်နှစ် လျှင်(၂)ကြိမ်  ကျင်းပရန်   လျာထားချက်နှင့်အညီ ယနေ့ကျင်းပသည့်  ဗဟိုကော်မတီ(ဒုတိယအကြိမ်)အစည်းအဝေးတွင်  ဗဟိုကော်မတီ (ပထမအကြိမ်)အစည်းအဝေးဆုံးဖြတ်ချက်    (၁၁)   ရပ်အပေါ် အကောင်အထည်ဖော်     ဆောင်ရွက်တိုးတက်မှု အခြေအနေများကို     ကော်မတီဝင်များအနေဖြင့် တင်ပြပေးနိုင်ရေးနှင့်       ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက် စွာ   အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်  ရှေ့လုပ်ငန်းစဉ်များအပေါ်  ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကြရန်ဖြစ်ကြောင်း။ 

 


နိုင်ငံတော်အစိုးရအနေဖြင့်     မြန်မာ့ပင်လယ် ကမ်းရိုးတန်းသယံဇာတများသည်    နိုင်ငံရေရှည် ဖွံ့ဖြိုးရေးအတွက်     အလားအလာကောင်းများစွာဖန်တီးပေးနိုင်သော  သဘာဝသယံဇာတများအဖြစ် ရှုမြင်ပြီး  သားစဉ်မြေးဆက်   ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ရေး   စီမံအုပ်ချုပ်ရန်   ရည်မှန်းထားရှိ ကြောင်း။  ပင်လယ်ကမ်းရိုးတန်းသယံဇာတများကို ကဏ္ဍစုံ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်၊  လက်ရှိ နှင့် အနာဂတ်အတွက်   ရေရှည်အသုံးပြုနိုင်ရေးကို အထောက်အကူပြုနိုင်ရေးနှင့်   နောင်မျိုးဆက်များ အတွက်   သယံဇာတများ  ရေရှည်တည်တံ့အသုံးပြု နိုင်ရေးစသည့်  အခြေခံရည်ရွယ်ချက်များရရှိအောင် စီမံအုပ်ချုပ်သွားရမည်ဖြစ်ကြောင်း။ 

 


မြန်မာ့ပင်လယ်ကမ်းရိုးတန်း   သယံဇာတများ သည် ကဏ္ဍစုံ၊ ဌာနစုံ၏ရည်ရွယ်ချက်၊  ရည်မှန်းချက် များကို   ဖြည့်ဆည်းပေးနိုင်ပြီး   နိုင်ငံရေရှည်ဖွံ့ဖြိုး ရေးအတွက်  အထောက်အပံ့ပြုစေမည့်   ဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်မှုစနစ်တစ်ရပ်ဖွံ့ဖြိုးရေး  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရန်      နိုင်ငံအဆင့်  ပင်လယ် ကမ်းရိုးတန်းစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။ 

 


ဗဟိုကော်မတီ၏    လုပ်ငန်းတာဝန်  (၁၀)ရပ် အနက်    လုပ်ငန်းတာဝန်(ဂ)တွင်    “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းဒေသ     ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ်          (Integrated Coastal Management Programme - ICM) တစ်ရပ်ရေးဆွဲ ချမှတ်ရန်နှင့်    အဆိုပါအစီအစဉ်အပေါ်   အခြေခံ၍ ဒေသအလိုက် စီမံချက်များရေးဆွဲ အကောင်အထည် ဖော်နိုင်ရေးအတွက်    လမ်းညွှန်ကြီးကြပ်မှုပေးရန်” တာဝန်ပေးအပ်ထားကြောင်း။  ၂၀၂၁ ခုနှစ်   ဇွန်လ ၉ ရက်က ကျင်းပခဲ့သည့်  ဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးဆုံးဖြတ်ချက်(ခ)တွင်လည်း “ကမ်းရိုး တန်းသယံဇာတ     ဘက်စုံစီမံအုပ်ချုပ်ခြင်း   (ICM) အကောင်အထည်ဖော်ဆောင်ရေးအတွက်      ဗဟို ကော်မတီဝင်ဌာနအားလုံး   ပူးပေါင်းဆောင်ရွက်ရန်” ဆုံးဖြတ်ချက်ချမှတ်ထားကြောင်း။ 

 


ကမ်းရိုးတန်းဒေသ   ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင် မှုစနစ်သည်  ၁၉၉၂ ခုနှစ်  ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်း ကျင်နှင့်ဖွံ့ဖြိုးရေးဆိုင်ရာညီလာခံက ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ  အခြေခံမူ များဖြစ်သည့် လူသားမျိုးဆက်များအတွင်း သာတူ ညီမျှရှိစေရန်  အခြေခံမူ၊ ကြိုတင်ကာကွယ်ထိန်းသိမ်း ရန် အခြေခံမူ၊ ပတ်ဝန်းကျင်ကိုထိခိုက်ခဲ့ပါက  ပြုလုပ် သူက      ပေးလျော်စေရန်     အခြေခံမူများနှင့်အညီ ပေါ်ပေါက်လာသည့်     စီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ် တစ်ရပ်ဖြစ်ကြောင်း။ အဆိုပါစနစ်သည် ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေမှုရှိပြီး၊   သယံဇာတများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအကြား  ပေါင်းစပ် ညှိနှိုင်းစီမံအုပ်ချုပ်လုပ်ကိုင်သော     နည်းစနစ်ဖြစ် သည့်အပြင်      သယံဇာတထုတ်လုပ်သုံးစွဲရာတွင် လည်းကောင်း၊  ဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက် ရာတွင်လည်းကောင်း၊  ပတ်ဝန်းကျင်နှင့်သဟဇာတ ဖြစ်စေရန်   သုံးသပ်ဆောင်ရွက်ရသည့်  နည်းစနစ် လည်း ဖြစ်ကြောင်း။ တစ်နည်းအားဖြင့် လူမှုရေး၊ စီးပွားရေးနှင့်        သဘာဝပတ်ဝန်းကျင်ဟူသည့် မဏ္ဍိုင်သုံးရပ်လုံးကို  ထည့်သွင်းစဉ်းစားပြီး သိပ္ပံနှင့် စီမံအုပ်ချုပ်မှု  ပညာရပ်နယ်ပယ်နှစ်ခုကို  ပေါင်းစပ် ချိတ်ဆက်ဆောင်ရွက်သည့်   နည်းစနစ်လည်း  ဖြစ် ကြောင်း။ 

 


အကျိုးသက်ရောက်မှုများရှိမည်


ကမ်းရိုးတန်းဒေသတွင်          ဆောင်ရွက်သည့် မည်သည့်လုပ်ငန်းမဆို  အဆိုပါဒေသ၌ တည်ရှိသော  ဂေဟစနစ်များနှင့် အခြားသောသယံဇာတ ထုတ်လုပ် ရေးလုပ်ငန်း   ဆောင်ရွက်သူများအပေါ်    အကျိုးသက်ရောက်မှုများရှိမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်း ဒေသ  ဂေဟစနစ်ကြီးတစ်ခုလုံးသည်    မတူညီသော ဂေဟစနစ်ခွဲများဖြင့်ဖွဲ့စည်းထားပြီး  အဆိုပါ စနစ်ခွဲ များက ဂေဟစနစ်ကြီးတစ်ခုလုံး  ပုံမှန်လည်ပတ်ရန် ဝန်ဆောင်မှုများကို     ဆောင်ရွက်နေကြခြင်းလည်း ဖြစ်ကြောင်း၊ ဂေဟစနစ်ခွဲတစ်ခု ထိခိုက်ပျက်စီးသည် နှင့်    အဆိုပါစနစ်ကြီးတစ်ခုလုံးအပေါ်    အကျိုး သက်ရောက်မည်ဖြစ်သည့်အတွက်  ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပင်လယ်ကမ်းရိုးတန်းဂေဟစနစ် အစိတ်အပိုင်းများ၏    တန်ဖိုးကို    သိရှိနားလည်ပြီး ထိခိုက်မှုမရှိစေရန် အထူးအလေးထား  ဂရုပြုဆောင် ရွက်ကြရမည် ဖြစ်ကြောင်း။ 

 


ရေရှည်အကျိုးစီးပွားကို ရှေးရှု


ကမ်းရိုးတန်းဒေသတွင် ဆောင်ရွက်သည့်   ဖွံ့ဖြိုး ရေးလုပ်ငန်းများဖြစ်သော       စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊   ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊   ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုသယံဇာတများထုတ်လုပ် မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများကြောင့် ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင် နှင့် လူမှုစီးပွားရေးတို့အပေါ် ဖြစ်ပေါ်လာမည့်  အကျိုး သက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ထားရန် လိုအပ်မည် ဖြစ်ကြောင်း၊    ထို့ပြင်   ကမ်းရိုးတန်း သယံဇာတအသုံးပြုသူများအကြား၊ လုပ်ငန်းဌာနများ အကြား၊   အကျိုးဆက်စပ်ပတ်သက်သည့်   အဖွဲ့ အစည်းများအကြားတွင်  ပဋိပက္ခများ  ပေါ်ပေါက်ပါ က နိုင်ငံနှင့် ပြည်သူလူထု၏   ရေရှည်အကျိုးစီးပွားကို ရှေးရှု၍  ပေါင်းစပ်ညှိနှိုင်းခြင်း၊  ဆွေးနွေးခြင်းတို့ဖြင့် အဖြေရှာ    ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဘက်စုံပူးပေါင်းစီမံအုပ်ချုပ်သည့်စနစ်၊ မတူကွဲပြား သည့်   လုပ်ငန်းနယ်ပယ်များနှင့်   အကျိုးဆက်စပ် ပတ်သက်သူများကို        သဟဇာတဖြစ်အောင် ပေါင်းစည်းပေးသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း။ 
International  Union  for Conservation of Nature (IUCN)အဖွဲ့၏    နည်းပညာအကူအညီ ဖြင့်ရေးဆွဲထားသာ   ကမ်းရိုးတန်းသယံဇာတဘက်စုံ စီမံအုပ်ချုပ်ခြင်း အစီအစဉ် (မူကြမ်း)ကို မိတ်ဆက် တင်ပြပြီး အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ  တင်ပြသွားမည်ကိုသိရကြောင်း။

 


မြန်မာ့ပင်လယ်ကမ်းရိုးတန်း      သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်တွင်    “မြန်မာ့ ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတများအား နိုင်ငံ၏ သဘာဝအရင်းအမြစ်အဖြစ် တန်ဖိုးထားရမည်၊  ၎င်း သယံဇာတများကို     အကျိုးဆက်စပ်ပတ်သက်သူ အားလုံး၏   ပူးပေါင်းပါဝင်မှုဖြင့်    ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးရည်ရွယ်ချက်များ ညီမျှရေးမူ၊ သဘာဝနှင့် လူသားတို့ကြောင့်   ထိခိုက်နိုင်မှုအပေါ်   တုံ့ပြန် ကာကွယ်နိုင်စွမ်းကို  မြှင့်တင်ရေးမူ၊ အားလုံးပါဝင်မှု ဖြင့် လက်ရှိနှင့်  အနာဂတ်မျိုးဆက်များအတွက် ရေရှည် ဖွံ့ဖြိုးရေးမူများကို အခြေခံ၍ အကျိုးရှိစွာအသုံးချ နိုင်ရေး” ကို အန္တိမရည်မှန်းချက်အနေဖြင့်  ဖော်ထုတ် ထားရှိကြောင်း၊   မြန်မာ့(ICM)တွင်   မဟာဗျူဟာ လုပ်ငန်းစဉ်(၆)ရပ်ဖြစ်သည့်   စီမံအုပ်ချုပ်လုပ်ကိုင် ခြင်း၊ အဖွဲ့အစည်းနှင့်အုပ်ချုပ်မှုဆိုင်ရာ   စွမ်းဆောင် ရည်မြှင့်တင်ခြင်း၊  ပင်လယ်ကမ်းရိုးတန်းဂေဟစနစ် ကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင် ခြင်း၊ သုတေသနနှင့်  ကြီးကြပ်စစ်ဆေးခြင်း၊ အားလုံး ပါဝင်သော စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးအမြတ် ခွဲဝေ ခံစားခြင်း၊   ပုဂ္ဂလိကအခန်းကဏ္ဍနှင့်   တာဝန်သိ တာဝန်ခံသော စီးပွားရေးလုပ်ငန်းများနှင့်ချိတ်ဆက် ၍  ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။ 

 


ငါးနှစ်လုပ်ငန်းစီမံချက်များ


မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်သည်     ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်ခြင်း    ၁၅ နှစ်ကာလအတွက်  မျှော်မှန်းရေးဆွဲထားခြင်းဖြစ်ပြီး    မဟာဗျူဟာ လုပ်ငန်းစဉ်(၆)ရပ်အပေါ်   ဌာနအသီးသီး၏ ငါးနှစ် လုပ်ငန်းစီမံချက်များ   ရေးဆွဲဖော်ထုတ်ချိတ်ဆက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊    ပင်လယ် ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်ခြင်းအတွက် ဌာနအသီးသီး၊ ကဏ္ဍအသီးသီးအနေဖြင့် ဆောင်ရွက် မည့်စီမံချက်များကို ICM အစီအစဉ်ဖြင့်ချိတ်ဆက်၍ နိုင်ငံတော်မှထောက်ပံ့ပေးနိုင်သည့်    ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ မှ   ဖွံ့ဖြိုးရေးရန်ပုံငွေများရှာဖွေပြီး ပူးပေါင်းဆောင် ရွက်နိုင်မည့်    လုပ်ငန်းအစီအစဉ်တစ်ခုအနေဖြင့် အသုံးပြုသွားနိုင်ရေးကိုလည်း ရည်မှန်းထားကြောင်း၊ ထို့ကြောင့်    မြန်မာ့(ICM)အစီအစဉ်   အတည်ပြုနိုင် ရေးအတွက်   ကော်မတီဝင်များအနေဖြင့်   ပံ့ပိုးပေး အပ်ရမည့် အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များအပေါ် ထိထိရောက်ရောက် ပူးပေါင်းပါဝင်  ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။ 

 


မြန်မာနိုင်ငံ၏    ရှည်လျားသည့်   ကမ်းရိုးတန်း တစ်လျှောက်   အဏ္ဏဝါသယံဇာတများ ပေါကြွယ်ဝပြီး ၎င်းသယံဇာတများမှ နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအပေါ်      အဓိကအခန်း ကဏ္ဍမှပံ့ပိုးပေးလျက်ရှိကြောင်း၊    တစ်ဖက်တွင် ကမ်းရိုးတန်းဒေသများ၌  လူဦးရေတိုးပွားလာခြင်း၊ ဒီရေတောများနှင့်    ကမ်းရိုးတန်းဒေသသစ်တော များ  ပျက်စီးခြင်း၊          ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းဒေသခရီးသွားလုပ်ငန်းနှင့်    ဖွံ့ဖြိုးရေး စီမံကိန်း   တည်ဆောက်ရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊   သယံဇာတနှင့်  သတ္တုတူးဖော်  ထုတ်လုပ်ရေးလုပ်ငန်းများကြောင့်  အဏ္ဏဝါညစ်ညမ်းခြင်း၊   မြစ်ညာဒေသရေဝေရေလဲ ဒေသများ      လျော့ပါးပျက်စီးလာခြင်းစသည့်  ပြဿနာရပ်များကို      ဖြေရှင်းနိုင်ရန်      သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်      အသုံးပြုသူများ အကြား    ထိန်းညှိပေးပြီး      ဟန်ချက်ညီစေရန်     အလေးပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 

 

ဟန်ချက်ညီညီစီမံခန့်ခွဲ


ကမ္ဘာတွင်  နေ့စဉ်နှင့်အမျှ လူဦးရေတိုးပွားလာပြီး လူနေထိုင်မှုဘဝပုံစံများ     တိုးတက်ပြောင်းလဲနေ သည့်အတွက်  မြို့ရွာများ၊   လူနေမှုစနစ်များတိုးတက် ပြောင်းလဲလာသည်နှင့်အမျှ    ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက် ညီညီ စီမံခန့်ခွဲနိုင်မှသာလျှင်  ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ကို    ရရှိနိုင်မည်ဖြစ်ကြောင်း၊    ထို့ကြောင့် မိမိတို့နိုင်ငံအပါအဝင်    နိုင်ငံများအနေဖြင့်     ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၏     ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့်အညီ  လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နေကြသည်ကို    တွေ့ရမည်   ဖြစ် ကြောင်း၊        ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၇) ရပ်ရှိရာ ပန်းတိုင်(၁၄)သည်   ပင်လယ်ကမ်းရိုး တန်းနှင့်     အဏ္ဏဝါဒေသ    ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် ပန်းတိုင်ဖြစ်ကြောင်း။  

 


ပင်လယ်ကမ်းရိုးတန်းနှင့်   အဏ္ဏဝါဒေသ  ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်များရေးဆွဲရာတွင်  ကမ္ဘာကြီး ပူနွေးလာမှု၊ ပင်လယ်ရေမျက်နှာပြင်  မြင့်တက်လာ မှုနှင့်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ  စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရမည့်   နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း။

 


ရာသီဥတုပြောင်းလဲမှုကို  အဓိကဖြစ်ပေါ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့၊     ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကို    ဒီရေတောများ၊  ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များက အမြောက်အမြား စုပ်ယူ သိုလှောင်ထားပြီး အဆိုပါထိန်းသိမ်းသိုလှောင်ပေးထားသည့် ကာဗွန်များကို အပြာရောင် ကာဗွန်(Blue Carbon)ဟု  တင်စားခေါ်ဝေါ်ကြကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ  ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများကို    ကမ္ဘာနှင့်အဝန်း မြှင့်တင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း။ 

 


ကမ်းရိုးတန်းတစ်လျှောက်ရှိ      ဒီရေတောများ ပျက်စီးပြုန်းတီးခြင်းကြောင့်  ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်စေရုံသာမက      ကမ်းပါးပြိုတိုက်စားမှု၊ နုန်းအနည်ကျမှုများဖြစ်ပေါ်စေကာ  ရေထုအတွင်း ငါးများ၏   ရှင်သန်ရပ်တည်မှုကို     ထိခိုက်ပျက်စီးစေ မည်ဖြစ်သည့်အတွက်   ဒီရေတောများတည်ထောင် စိုက်ပျိုးခြင်း၊     သဘာဝဒီရေတောများ   ထိန်းသိမ်း ကာကွယ်ခြင်းစသည့်     အစိမ်းရောင်အကာအရံ တံတိုင်းများ       ပြုစုတည်ထောင်ခြင်းကဲ့သို့သော သဘာဝအခြေခံဖြေရှင်းသည့်      နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်   အသုံးပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာစီးပွား ရေးလုပ်ငန်းများဖြစ်သည့် ပင်လယ်ရေကြောင်း  ခရီး သွားလာရေးလုပ်ငန်း၊      ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ် လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည့် စီးပွားရေး လုပ်ငန်းများကိုလည်း   အပြာရောင်စီးပွားရေးဟု   တင်စားခေါ်ဝေါ်ကြပြီး      သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့်  နည်းလမ်းများကို လိုက်နာကျင့်သုံးကာ  Blue Economy ဖွံ့ဖြိုးရေး ဆောင်ရွက်ကြရန်       ကမ္ဘာနှင့်အဝန်း   နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း။ 

 


မြန်မာနိုင်ငံတွင်    Blue Economy  ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ခြေရှိသည့် အခွင့်အလမ်း  (၄) ရပ်ကို Wildlife Conservation Society (WCS Myanmar)က ၂၀၁၅ ခုနှစ်တွင် သုံးသပ်တင်ပြထားရာ ပင်လယ် ကမ်းရိုးတန်းနှင့်     အဏ္ဏဝါဒေသ   လုပ်ငန်းကဏ္ဍ နယ်ပယ်များအလိုက်     စီမံအုပ်ချုပ်မှုအစီအစဉ် များနှင့်မူဝါဒများ ခိုင်မာစွာ  သတ်မှတ်ထားရှိခြင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါအရင်းအမြစ်များ ထုတ်ယူရေးတွင်ထိရောက်စွာ  ရင်းနှီးမြှုပ်နှံနိုင်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝခြင်းကြောင့်     ထိန်းသိမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက်  ဆောင်ရွက်ရန်    အခြေအနေ ကောင်းများရှိခြင်းနှင့်    သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဒီရေတောများ တည်ထောင် ပြုစုထိန်းသိမ်းသည့်လုပ်ငန်းများကို  ပတ်ဝန်းကျင် ဆိုင်ရာ    လုံခြုံရေးနှင့်ကာကွယ်မှု    မြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့်     ဆောင်ရွက်နိုင်ခြေ ရှိခြင်းများဖြစ်သည်ဟု တင်ပြထားရှိကြောင်း။ 

 


လုပ်ငန်းစီမံချက်များဖော်ထုတ်


မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုပန်းတိုင် (၁၄)ဖြစ်သည့်      ကမ်းရိုးတန်းနှင့်   အဏ္ဏဝါဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ   လုပ်ငန်းများကို  နိုင်ငံတကာနှင့်    ရင်ပေါင်တန်း  လက်တွဲပူးပေါင်းဆောင်ရွက်နေသကဲ့သို့  ကိုဗစ်ကပ်ရောဂါ   ကာလ အလွန် ပင်လယ်ကမ်းရိုးတန်းဒေသ  ဖွံ့ဖြိုးတိုးတက် ရေးအတွက်   ဌာနများအလိုက်၊   ကဏ္ဍများအလိုက် ထိရောက်သည့်     လုပ်ငန်းစီမံချက်များ     ဖော်ထုတ် ဆောင်ရွက်ကြရန်    အားပေးဆောင်ရွက်လျက်ရှိ ကြောင်း။   ထို့ကြောင့်  အနာဂတ်ကာလ   ပင်လယ် ကမ်းရိုးတန်းနှင့်   အဏ္ဏဝါဒေသ   ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ    ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်ခြင်း    အစီအစဉ်နှင့်ချိတ်ဆက်၍    Blue Economy ကဏ္ဍဖွံ့ဖြိုးရေးကို  ဦးတည်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။ 

 


ဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဗဟိုကော်မတီ ဖွဲ့စည်းစဉ်ကပင် သတ်မှတ်ပြဋ္ဌာန်းထားသည့်  လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်      ဆောင်ရွက်ပေးကြသည့် အတွက်လည်း ကျေးဇူးတင်ရှိကြောင်း။  ကော်မတီဝင် များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်ဆိုင်း ထားရသည့်  ကမ်းရိုးတန်းနှင့်   အဏ္ဏဝါသယံဇာတ ကာကွယ်ထိန်းသိမ်းရေးနှင့်     ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ  ပြန်လည်  လည်ပတ်နိုင်ရန်၊  ပင်လယ် ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ထိန်းသိမ်း ရေးလုပ်ငန်းများ    ပူးပေါင်းဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဝန်ကြီးဌာနများအလိုက် ကမ်းရိုးတန်းနှင့်  အဏ္ဏဝါရေပြင်   ရေရှည်တည်တံ့ ခိုင်မြဲပြီး   ဟန်ချက်ညီသော   ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့်လုပ်ငန်းစဉ်များကို ပွင့်လင်း မြင်သာ စွာ တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက်   ပင်လယ်ကမ်းရိုးတန်းဒေသဆိုင်ရာ အသိပညာပေး ဗီဒီယိုကို ပြသသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက် ဗဟိုကော်မတီ တွဲဖက်အတွင်းရေး မှူး    သစ်တောဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများ၊   ICM အစီအစဉ် ရေးဆွဲရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်   ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊     ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ် များက  သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။

 


ယင်းနောက် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ  စီမံအုပ်ချုပ်လုပ်ကိုင်မှု   ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က  နိဂုံးချုပ်အမှာစကားပြော ကြားပြီး     အစည်းအဝေးကို      ရုပ်သိမ်းလိုက် သည်။ 


သတင်းစဉ်