မြန်မာနိုင်ငံအနေနဲ့ ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ပေါင်း ၃၇ မြို့ရဲ့ နှစ်အလိုက် အပူဆုံးနေ့တွေရဲ့ လေ့လာတွက်ချက်မှုတွေအရ ၃၂ မြို့ကတော့ (၁၀) စုနှစ်အလိုက် အပူဆုံးနေ့တွေ ပိုတိုးလာနေတာတွေ့ရပါတယ်

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာပြီး ကမ္ဘာ့အပူချိန်မှာ လည်း မြင့်တက်လာရာ လာမည့်အချိန်ကာလများ တွင် ဖြစ်ပေါ်နိုင်သည့်   မြန်မာ့ရာသီဥတုအခြေ အနေနှင့်ပတ်သက်၍   မိုးလေဝသနှင့်  ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာ့ အပူချိန်တိုးလာတယ်လို့ သိရပါတယ်။ ဘယ်အချက် တွေက အပူချိန်မြင့်လာစေပြီး ဘယ်လောက်တိုးလာ ပါလဲ။

 


အဓိကအချက်ကတော့   လူသားတို့ကြောင့် ကမ္ဘာ့လေထုထဲက     ဖန်လုံအိမ်ဓာတ်ငွေ့တွေကိုတိုက်ရိုက် (သို့မဟုတ်) နောက်ဆက်တွဲသက်ရောက် စေတဲ့ အကျိုးဆက်တွေပေါ့၊ ဆက်ပြီးလည်း လူတွေ ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ နှစ်စဉ်တိုးနေတာ ၂၀၁၀-၂၀၁၉ ကာလတွေက အများဆုံးပဲလို့ မကြာ သေးမီက ထုတ်ပြန်ထားတဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ  နိုင်ငံတကာအစိုးရများအဖွဲ့   (IPCC) ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ ၁၉၅၀ ပြည့်နှစ်များကတည်းက   အပူလွန်ကဲမှုတွေက ပိုပြီးအဖြစ်များလာ၊   ပိုပြီးပြင်းထန်လာတာတွေ အပြင် ဒေသအားလုံးကို သက်ရောက်နေပြီဖြစ်ပါ တယ်။ နေ့အပူချိန် ၄၀  ဒီဂရီစင်တီဂရိတ်မှ   ၅၀ ဒီဂရီအထိ ရောက်ရှိတဲ့ အခြေအနေတွေ ကမ္ဘာ့ဒေသ များမှာ ပိုပြီးအဖြစ်များလာတယ်လို့လည်း ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်က  ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ၁၉၈၁   ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ပေါင်း ၃၇ မြို့ရဲ့ နှစ်အလိုက် အပူဆုံး နေ့တွေရဲ့ ပြောင်းလဲမှုအလားအလာကို လေ့လာ တွက်ချက်မှုတွေအရ ၃၂ မြို့ကတော့ (၁၀)စုနှစ် အလိုက် အပူဆုံးနေ့တွေ ပိုတိုးလာနေတာတွေ့ရ ပါတယ်။  အညာဒေသတွေမှာဆိုရင်  (၁၀) စုနှစ် အလိုက် နေ့အပူချိန်မြင့်တက်လာတာ ပိုပြီးသိသာ ထင်ရှားတာ   တွေ့ရပါတယ်။    မြန်မာ့ရာသီဥတု ပြောင်းလဲမှုညွှန်းကိန်းတွေလေ့လာရင်တော့ ပိုပူ လာတာနဲ့ မိုးရွာသွန်းမှု မူမမှန်တာ အဓိကတွေ့ရ ပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့  ၃၅ နှစ်လောက် အတွင်း မန္တလေးမြို့ရဲ့ နှစ်အလိုက်  ပူပြင်းသော နေ့ပမာဏများ (Amount of hot days)  ၁၉၈၇ ခုနှစ်လောက်က တစ်နှစ်တာရဲ့ ၅  ဒသမ ၈ ရာခိုင် နှုန်း လောက်ရှိရာကနေ ၂၀၂၀ ပြည့်နှစ်ကျတော့ ၂၂ရာခိုင်နှုန်းအထိ ပိုများလာတာတွေ့ရတော့ သိသိ သာသာ ပိုပူတဲ့ရက်တွေ   များလာတယ်ဆိုတာ တွေ့ရပါတယ်။

 


မြန်မာ့ရာသီဥတုမှာ မုတ်သုံလေ မုတ်သုံရာသီ ဆိုပြီး အဓိကအခန်းကဏ္ဍကပါနေတယ်လို့ ထင်ပါ တယ်။ မြန်မာ့ရာသီဥတုအကြောင်းနဲ့ သက်ရောက် စေတဲ့ အချက်တွေကို သိပါရစေ။

 


ထင်ရှားတဲ့   မုတ်သုံရာသီလေမှန်ရရှိတဲ့ ဒေသ မှာတည်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ်းရိုးတန်း ဒေသတွေမှာ အပူပိုင်းမုတ်သုံ ရာသီဥတုပုံစံ အပါ အဝင် Köppen-Geiger ရာသီဥတုပုံစံနဲ့ လေ့လာ ကြည့်ရင်တော့ ရှစ်မျိုးရှိတာတွေ့ရပါမယ်။ မုတ်သုံ ရာသီအတွင်းမှာရွာတဲ့ မိုးရေချိန်က တစ်နှစ်ပတ်လုံး ရတဲ့ မိုးရဲ့ ၇၅   ရာခိုင်နှုန်းနဲ့အထက်  ရှိပါတယ်။ မုတ်သုံကာလ မိုးဦး၊ မိုးလယ်၊  မိုးနှောင်းကာလ မိုးရွာသွန်းမှုအပေါ်မူတည်ပြီး အကျိုးသက်ရောက် မှုများပါတယ်။

 


မိုးဦး မိုးလယ် မိုးနှောင်း အဲဒီလို ကြားသိရတော့ ခုရာသီက မိုးဦးကာလလို့ပြောရမှာလား။ ဒီကာလ မှာ မိုးတိမ်တောင်တွေ လျှပ်တစ်ပြက်ဖြစ်ပေါ်တတ် သလို အဲဒီကနေ လူသားတွေအတွက် သဘာဝဘေး တွေ ကြုံရတတ်တယ်လို့သိရပါတယ်။  ဘယ်လို အန္တရာယ်နဲ့ ဘယ်လိုရှောင်ရှားနိုင်မလဲ။

 


မိုးကြိုကာလပါ၊ အပူဒဏ်အန္တရာယ်နဲ့ မုန်တိုင်း အန္တရာယ်အပြင်     လေထုမတည်ငြိမ်မှုများတဲ့ ကာလဖြစ်လို့ မိုးတိမ်တောင်ကြီးတွေ အဖြစ်များ တတ်ပါတယ်။ အရွယ်အစားကြီးမားတဲ့  မိုးတိမ် တောင်ကြီးတွေကနေ မိုးသီးကြွေကျတတ်ပါတယ်။ မိုးတိမ်တောင်ကြီးတွေရဲ့ အဓိကလက္ခဏာတွေ ကတော့ လေပြင်းတိုက်ခတ်တာ၊ ခေတ္တမျှ မိုးသည်း ထန်တာ၊ မိုးကြိုးပစ်တာတွေ   အဖြစ်များတယ်။ မုန်တိုင်းကြီးတွေရဲ့ အနီးအနားက မိုးတိမ်တောင် ကြီးတွေဆိုရင် အလွန်အားကောင်းပြီး  လေဆင် နှာမောင်းတိုက်ခတ်မှုတွေအထိ ဖြစ်ခဲ့တာတွေရှိပါ တယ်။ မိုးခြိမ်းသံကြားရရင်    မိမိအနီးအနားမှာ အန္တရာယ်ရှိတဲ့ မိုးတိမ်တောင်ကြီး တစ်ခုရှိနေပြီလို့ မှတ်ယူပြီး အန္တရာယ်ကင်း၊ လုံခြုံမှုရှိတဲ့နေရာမှာနေသင့်ပါတယ်။ မြန်မာနိုင်ငံအတွင်း ပျံသန်းနေတဲ့ ပြည်တွင်း/ပြည်ပလေယာဉ်တွေအတွက် မိုးတိမ် တောင်တွေ  ဖြစ်ပေါ်နိုင်မယ့်  အခြေအနေများနဲ့ ပတ်သက်ပြီး     လေကြောင်းမိုးလေဝသဆိုင်ရာ စောင့်ကြည့်သတိပေးချက် ထုတ်ပြန်မှုတွေလည်း နေ့/ညမပြတ် ဆောင်ရွက်ပေးနေပါတယ်။ 

 


မေလ ၂  ရက်ဟာ    နာဂစ်မုန်တိုင်းဒဏ် ကျွန်တော်တို့နိုင်ငံမှာ ခံစားခဲ့ရသလို  မေလမှာ နေ့အပူချိန် မြင့်မားမှုကြုံရပြီး စံချိန်တင် နေ့အပူချိန် တွေရှိခဲ့တော့ ဒီနှစ် မေ ၂၀၂၂ ဖြစ်ပေါ်နိုင်တဲ့ အခြေ အနေ   စိုက်ပျိုးတောင်သူအတွက်   ဆောင်ရန် ရှောင်ရန်  ဌာနက   တိုင်းတာရေးလုပ်ငန်းစဉ်နဲ့ ခန့်မှန်းရရှိမှုများကို     အွန်လိုင်းရုပ်မြင်သံကြား သတင်းမီဒီယာများမှ     ထုတ်ပြန်အသိပေးတဲ့ အကြောင်း   ပြည်သူကို    အသိပေးချင်တာတွေနဲ့ အကြောင်းအရာတွေ ဖြည့်စွက်ပြောပေးပါ။

 


ဒီနှစ်ကတော့ နွေရာသီကာလနဲ့ မိုးကြိုကာလ တွေမှာ  မိုးရွာသွန်းမှုတွေရှိခဲ့လို့ စံချိန်တင် နေ့အပူ ချိန်လွန်ကဲမှုတွေ     မရှိသေးတာ တွေ့ရပါတယ်။ မုတ်သုံလေဝင်ရောက်နိုင်မှုကလည်း   ပုံမှန်ထက် နည်းနည်းပိုစောနိုင်မယ်လို့  မှန်းထားကြပါတယ်။ မုန်တိုင်းဖြစ်ပေါ်နေတော့ မုန်တိုင်းသတင်း၊ သတိ ပေးချက်တွေ ဂရုပြုသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တတ်တဲ့      သဘာဝဘေးတွေကိုကြည့်ရင် လတိုင်းမှာတော့ ဘေးတစ်မျိုးစီ အနည်းဆုံးဖြစ်ကြ တယ်၊ မေလဆိုရင်  မုန်တိုင်းအန္တရာယ်နဲ့ မိုးတိမ် တောင် အန္တရာယ်၊ အပူချိန်မြင့်တဲ့  အန္တရာယ်တွေ ရှိပါတယ်။ ရာသီအလိုက်ဖြစ်ပေါ်နေမယ့် သဘာဝ ဘေးတွေရဲ့ ဖြစ်ပေါ်တဲ့ ပြင်းအား၊ ဖြစ်တဲ့ကြာမြင့် ချိန်၊ သက်ရောက်မှုဧရိယာ၊ ဖြစ်ပေါ်တဲ့အကြိမ်အရေ အတွက်နဲ့ နောက်ဆက်တွဲဘေးတွေ      ဆက်ပြီး ဖြစ်ပေါ်မှု  ရှိ/မရှိ၊    ကြိုတင်သတိပေးချက်များ မှန်ကန်မှုနဲ့ ထိရောက်တဲ့ ကြိုတင်သတိပေးစနစ် အောင်မြင်မှု ရှိ/မရှိပေါ်မှာမူတည်ပြီး ထိခိုက်ဆုံးရှုံးမှု ကွာခြားလေ့ရှိပါတယ်။ ထိရောက်တဲ့ ကြိုတင်သတိ ပေးစနစ်အောင်မြင်မှုရှိရင်တော့ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်လေ့ရှိပါတယ်။

 


ဌာနအနေနဲ့ အရင်ကထက်စာရင် ဝန်ဆောင်မှု တွေ၊ လေ့လာစောင့်ကြည့်တဲ့စနစ်တွေ   တိုးတက် လာတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်   ၂၀၁၀ အောက်တိုဘာလ “ဂီရိ”မုန်တိုင်းကြီး ခန့်မှန်းရေးမှူး တာဝန်ဆောင်ရွက်တုန်းက မုန်တိုင်းရေဒါမရှိဘဲနဲ့ အားကောင်းတဲ့မုန်တိုင်းကြီးရဲ့အန္တရာယ်ကို သုံးသပ် ပြီး ကြိုတင်သတိပေးချက်တွေ အနီးစပ်ဆုံး မှန်ကန် မှုရှိအောင် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်ပေးခဲ့ဖူးပါတယ်။ သဘာဝဘေးတွေကို စောင့်ကြည့်၊ သုံးသပ်၊ ခန့်မှန်း နေတဲ့ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုဆိုင်ရာ အရည် အသွေးတွေ မြင့်မားနေဖို့လည်း အရေးကြီးပါတယ်။ အနာဂတ်မှာလည်း  ရာသီဥတုလွန်ကဲမှု၊   အစွန်း ရောက်မှု၊ မူမမှန်မှုတွေ  ပိုပြီးဖြစ်လာနိုင်ခြေများ တယ်လို့ တွက်ချက်ရရှိမှုတွေက  တညီတညွတ် တည်းပြနေတော့ လိုအပ်မယ့်   ရာသီဥတုအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ(Climate Actions)တွေနဲ့ ရာသီဥတုပြောင်းလဲလာမှုအပေါ် လိုက်လျောညီထွေ တုံ့ပြန်ဆောင်ရွက်ကြမယ့် လုပ်ငန်းအစီအစဉ်တွေ ကို မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များနဲ့အညီ ကဏ္ဍအလိုက် ရည်မှန်းချက် ထားပြီး  ဆောင်ရွက်ကြရာမှာ  ပိုပြီးအလေးထား ပူးပေါင်းဆောင်ရွက်သင့်ပါတယ်လို့       ယူဆပါ တယ်။

 


နောက်ဆုံးမေးခွန်းအနေနဲ့ လာမယ့်   အချိန် ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေ နဲ့ပတ်သက်လို့ ခန့်မှန်းချက်တွေ သိပါရစေ။

 


အနာဂတ်ကာလတွေမှာ  မြန်မာနိုင်ငံအနေနဲ့ ပိုပူလာမှာနဲ့   မိုးပိုလာမယ့်   အခြေအနေတွေ တွက်ချက်ရရှိထားပါတယ်။ အဓိကကတော့ ဖန်လုံ အိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုပေါ် အခြေခံမှန်းဆထား တဲ့ (RCP 4.5)နဲ့ (8.5)ကို တွက်ကြတယ်။  မြန်မာ နိုင်ငံအနေနဲ့   နေ့အပူချိန်တွေက  ဝ  ဒသမ  ၈  မှ ၂ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊   ညအပူချိန်တွေက ဝ ဒသမ ၈ ကနေ ၂ ဒသမ  ၇ဒီဂရီစင်တီဂရိတ်နဲ့ နှစ်စဉ် မိုးရေချိန် ၃၆ ရာခိုင်နှုန်းကနေ ၄၀  ရာခိုင်နှုန်း အထိ လာမယ့်  ၂၁၀၀  ပြည့်နှစ်မှာ   ဖြစ်လာနိုင်တယ် လို့ တွေ့ရတယ်။

 


မကြာသေးမီက ထုတ်ပြန်ထားတဲ IPCC ရဲ့ ARH 6 တွက်ချက်မှုတွေအရ ၂၀၁၀-၂၀၄၀ ပြည့်နှစ် မှာ မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင်က  တောင်-အာရှ၊ အရှေ့တောင်အာရှ ဒေသတွေမှာ  ပျမ်းမျှအပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ပိုပူလာနိုင်ပြီး နှစ်စဉ် မိုးရေချိန် အနုတ် ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၂  ရာခိုင်နှုန်းခန့်  ရှိနိုင်တယ်လို့   လေ့လာတွေ့ရှိရပါ တယ်။ မိုးရွာသွန်းမှု  လေ့လာကြည့်တော့ မုတ်သုံ ကာလမှာ  မိုးတွေပိုလာပြီး    မုတ်သုံပြင်ပကာလ မိုးတွေ၊ ဆောင်းရာသီမိုးရွာမှုတွေ    အနည်းငယ် လျော့နည်းနိုင်ပါတယ်။

 


လာမယ့် အနီးဆုံးနှစ် ၂၀ ရဲ့ရာသီဥတုမျှော်မှန်း ချက်တွေကလည်း မုတ်သုံမိုးတွေ   ပိုလာနိုင်မယ် ဆိုတော့ မုတ်သုံအားကောင်းနိုင်တာ၊ မိုးကြီးတာ၊ရေကြီးတာဖြစ်နိုင်သလို အပူချိန်တိုးလာရင်လည်း အခုထက်ပူနွေးတဲ့  နေ့ပမာဏတွေ     များနိုင်တာ၊ ပူပြင်းတဲ့နေ့တွေများနိုင်တဲ့     ရာသီဥတုဆိုင်ရာ ဘေးတွေ ဖြစ်ပေါ်နိုင်တယ်။ဒါကြောင့် မိုးလေဝသ နဲ့ ဇလဗေဒကထုတ်ပြန်တဲ့    ခန့်မှန်းချက်တွေကို စောင့်ကြည့်ပြီးအကြံပြုချက်တွေ   လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။


အခုလို သိလိုသမျှ ဖြေကြားပေးမှုကို ကျေးဇူး တင်ပါတယ်။


မင်းထက်အောင်(မန်းကိုယ်ပွား)