
စစ်တွေ ဇူလိုင် ၄
မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က စစ်တွေမြို့ လမ်းသစ် ရပ်ကွက် သုဓမ္မာပရိယတ္တိ သီလရှင် စာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များ တက်ရောက်ကြသည်။
ဦးစွာ သုဓမ္မာပရိယတ္တိသီလရှင် စာသင်တိုက် ပရိဝုဏ်အတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ သို့ ပျိုးပင်များ ပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ထံ ပျိုးပင်များ ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး၊ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက သတ်မှတ်နေရာများတွင် ကံ့ကော် ပင်နှင့်ခရေပင်များကို စိုက်ပျိုး ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ၏ဇနီးနှင့် တာဝန်ရှိသူများက သစ်ပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြ သည်။ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်ပင်နှင့် ခရေပင် ၁၀၀ ကျော်ကို စိုက်ပျိုးပေးကြသည်။
ထို့နောက် အဆိုပါသီလရှင် ကျောင်းတိုက်ဓမ္မာရုံ၌ သုဓမ္မာ သီလရှင်ကျောင်းတိုက်နှင့် အမ္ဗာရာမသီလရှင်ကျောင်းတိုက်တို့ရှိ သီလရှင်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းရာအမ္ဗာရာမပရိယတ္တိ သီလရှင် စာသင်တိုက်မှ သီလရှင်ဆရာကြီး နှင့် သီလရှင်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးနှင့်တာဝန်ရှိသူ များက သီလရှင်ဆရာကြီးများနှင့် သီလရှင်များအား အလှူငွေ၊ သီလရှင် ဝတ်စုံ၊ သီလရှင် အသုံး အဆောင်ပစ္စည်းများကို ဆက်ကပ် ကာ သီလရှင်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်း သိရ သည်။
သတင်းစဉ်