
နေပြည်တော မတ် ၂၁
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် တို့ ဦးဆောင်သော အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃ ၊ ၄၄ တို့အရ ယနေ့တွင် ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီဗဟိုအကျဉ်းထောင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်း သူ၊ အချုပ်သား အချုပ်သူများကို အိပ်ဆောင်များ တွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ အကျဉ်းသားတစ်ဦး၏ အနိမ့် ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိ ခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်သည်။
ယင်းနောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ် သား အချုပ်သူများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း /အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့ပြင် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟု သုတရဖွယ်ရာ စာအုပ်စာပေ ၁၀၀ ကို ကော်မရှင်မှ သာယာဝတီဗဟိုအကျဉ်းထောင်သို့ လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိက လက်ခံရယူသည်။
ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်