
နေပြည်တော် မတ် ၁၅
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ ခရိုင် မှော်ဘီမြို့ပေါ်ရှိ မှော်ဘီမြို့မ ရဲစခန်းအချုပ်ခန်း၊ မှော်ဘီခရိုင်တရားရုံးအချုပ်ခန်း၊ မှော်ဘီမြို့ နယ် တရားရုံးအချုပ်ခန်းနှင့် ဘိုးဘွားများ စောင့်ရှောက်ရေး ဂေဟာ(မှော်ဘီ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေး အဖွဲ့ သည် မှော်ဘီမြို့ရှိ ရဲစခန်းအချုပ် ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ ကို ဝင်ရောက်ကြည့်ရှုစစ်ဆေး စဉ်(ယာပုံ) ရီမန်ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ် ကာလအတွင်း ညှင်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသား စုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် အမှုရင်ဆိုင်ရန် ရုံးထုတ်ချိန်အတွင်း စားသောက် ရမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများ အတွင်း သန့်ရှင်းမှု ရှိ မရှိ၊ အကျိုး ဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည် မှော်ဘီမြို့ရှိ ဘိုးဘွား များ စောင့်ရှောက်ရေးဂေဟာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိ သောဘိုးဘွားများအား အိပ်ဆောင် များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေ အနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု အခြေ အနေ၊ သန့်ရှင်းသောသောက်ရေ နှင့် သုံးရေရရှိစေရန် ဆောင်ရွက် ပေးနေမှုအခြေအနေ၊ လွတ်လပ် စွာ ယုံကြည်ကိုးကွယ်နိုင်မှု အခြေ အနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖို ဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထား ရှိမှုအခြေအနေ၊ ဘိုးဘွားများ အနား ယူအပန်းဖြေရန် စီစဉ်ဆောင်ရွက် ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ အကြံပြုပေးပို့သွား မည်ဖြစ်သည်။
သတင်းစဉ်