မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ပုသိမ်အကျဉ်းထောင်၊ ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ စက်တော်ရာဘိုးဘွားရိပ်သာနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပုသိမ်(ရုံးခွဲ)များသို့ သွားရောက်ကြည့်ရှု

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၁
မြန်မာနိုင်ငံ    အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်း ချက်နှင့်အညီ    ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်းနှင့်     တရားရုံးအချုပ်ခန်းများ၊ အကျဉ်းဦးစီးဌာန ပုသိမ်အကျဉ်းထောင်နှင့် ပုသိမ်မြို့ ရှိ     စက်တော်ရာဘိုးဘွားရိပ်သာနှင့်     မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပုသိမ်(ရုံးခွဲ)များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဖေဖော်ဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သည်  ပုသိမ်မြို့ရှိ  ရဲစခန်းအချုပ်ခန်းနှင့်  တရားရုံး အချုပ်ခန်းတို့ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန် ကာလအခြေအနေ၊ မိသားစုတွေ့ဆုံမှုအခြေအနေ၊ ရုံးထုတ်နေမှုအခြေအနေ၊     ရုံးထုတ်ကာလအတွင်း စားသောက်မှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာ သုံးစွဲမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ဖေဖော်ဝါရီ ၂၀ ရက်က ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သည်   ပုသိမ်အကျဉ်းထောင်ကို    ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊  ကော်မရှင်ဥပဒေဆိုင်ရာ  လုပ်ထုံး လုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်း သား၊  အကျဉ်းသူ၊  အချုပ်သား၊  အချုပ်သူများကို အိပ်ဆောင်များတွင်     တွေ့ဆုံကာ    အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေး ဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာ‌‌ ရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ သန့်ရှင်းသော သောက်ရေ နှင့် သုံးရေလုံလောက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံ ခွင့်အခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင် မှုအခြေအနေ၊   ထောင်ဝင်စာပစ္စည်းများ   စုံလင်စွာ ရရှိခြင်း ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ၊ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှု ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေး မေးမြန်းမှတ်တမ်းတင် ကြသည်။
ထို့အတူ   ပုသိမ်အကျဉ်းထောင်ကို   ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ် သား၊ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊  စားဖိုကြီး၊  ရိက္ခာဂိုဒေါင်၊  ရေသန့် စက်၊    သုံးရေကန်များ၊    အတွင်း၊    အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိ    စသည်တို့ကို    ကြည့်ရှုစစ်ဆေး ကြသည်။
အလားတူ    ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့နယ်ရှိ    စက်တော်ရာဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများ အား   အိပ်ဆောင်များတွင်   သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ  ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊   ရေချိုးခန်း၊   သန့်စင်ခန်း၊ စားဖိုဆောင်များ၊  ကျန်းမာရေးနှင့်  ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊     ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု တို့ကို ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ   ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏    ခရီးစဉ် အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ် ကြောင်း    မြန်မာနိုင်ငံ    အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။                
     သတင်းစဉ်