
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အမိန့်အမှတ် (၁/၂၀၂၄)ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်း သူ ၉၆၅၂ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။
၂။ ထို့ပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု သောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အမိန့်အမှတ် (၂/၂၀၂၄) ဖြင့် အကျဉ်းထောင်/ အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသားအကျဉ်းသား/ အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
၃။ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများ သည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်ပြီး နိုင်ငံတော်၏စေတနာကို အလေးထားလျက် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်နိုင်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်ပါသည်။
၄။ နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူများကို ပြစ်ဒဏ်များ လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခြင်းသည် ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ နိုင်ငံအချင်းချင်းဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ရာရောက်သည် ဟု ရှုမြင်ပါသည်။
၅။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့်လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများ၏ သက်ဆိုင်ရာမိသားစုဝင်များ နည်းတူ လွန်စွာဝမ်းမြောက်ပီတိဖြစ်ရပြီး အလားတူ အပြုသဘော ဆောင်သော ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည် ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်