
နေပြည်တော် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေး လုပ်ငန်းများအကြား မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရေး၊ ဈေးကွက်ထိန်းချုပ်ခြင်းများ မရှိ စေရေး၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေ ခြင်းမှ တားဆီးကာကွယ်နိုင်ရေး၊ ဈေးကွက်အတွင်း ကောင်းမွန် သည့်ယှဉ်ပြိုင်မှုများကို အားပေး ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ အားလုံး တစ်ပြေးညီတိုးတက်လာ စေရေးနှင့် သာတူညီမျှ ခံစားခွင့် ရရှိစေရေးအတွက် ယှဉ်ပြိုင်မှု ဥပဒေကို ပြဋ္ဌာန်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယှဉ်ပြိုင်မှု ဥပဒေပြဋ္ဌာန်းထားပြီး ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများအပေါ် ကဏ္ဍ အလိုက် ဦးစားပေးအစီအစဉ်များ ဖြင့် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ အသိပညာပေး အစီအစဉ်များတွင် Website များမှတစ်ဆင့် အသိ ပညာပေးခြင်းလည်း ပါဝင်သည့် အတွက် ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင် ရယူနိုင်ရေး၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံရယူနိုင် သည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ရေး၊ အာဆီယံဒေသ တွင်းနှင့် မိတ်ဖက်နိုင်ငံ၊ အဖွဲ့ အစည်းများ၏ ယှဉ်ပြိုင်မှုဆိုင်ရာ Website များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး တို့အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် Website ကို ရေးဆွဲအကောင်အထည်ဖော် ရခြင်းဖြစ်ကြောင်း ပြောကြား သည်။
သတင်းစဉ်