မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ သဘောထားထုတ်ပြန်ကြေညာချက်

 

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်)
 

မြန်မာနိုင်ငံ  သူနာပြုနှင့်သားဖွားကောင်စီသည်   သူနာပြုနှင့်သားဖွားတို့၏   သူနာပြု သားဖွား လုပ်ငန်းဆိုင်ရာ  လိုက်နာရမည့်ကျင့်ဝတ်များနှင့်  ထိန်းသိမ်းရမည့်  အမူအကျင့် များနှင့်အညီ ပြည်သူ လူထုအား အရည်အသွေးပြည့်မီသော သူနာပြုစောင့်ရှောက်မှုလုပ်ငန်း များကို အများပြည်သူတို့ ခံစားခွင့်ရရှိစေရန်နှင့် သူနာပြုသားဖွားများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင် အကာအကွယ်ပေးနိုင်ရေးကို ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

 


ယခုအချိန်တွင် ကမ္ဘာနှင့်တစ်ဝန်းကပ်ရောဂါများကို ခံစားနေရချိန် မြန်မာနိုင်ငံတွင်လည်း သူနာပြု နှင့်သားဖွားများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအပြင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထု၏ ကျန်းမာရေးလိုအပ်ချက်များကို    ရရှိစေရန်   အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအားလည်းကောင်း၊    ကိုယ်ဝန်ဆောင်မိခင်များ၏ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့်မွေးဖွားပြီး  မိခင်နှင့်ကလေးငယ်များအား   စောင့်ရှောက်ခြင်း လုပ်ငန်းများလည်းကောင်း နေ့ညမရွေး ဆောင်ရွက်ပေးနေရသူများ ဖြစ်ပါသည်။

 


၂၆-၄-၂၀၂၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးလက် ကျန်းမာရေး ဌာန၊ ချမ်းသာကျေးလက်ကျန်းမာရေးဌာနခွဲတွင်   တာဝန်ထမ်းဆောင်နေသော   သားဖွားဆရာမ ဒေါ်စိုးစိုးအေးနှင့် ၃-၆-၂၀၂၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာန၊  လင်းယဉ်ကျေးလက်ကျန်းမာရေးဌာနခွဲ တွင်   တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမ ဒေါ်နွယ်နွယ်စိုးတို့အား အကြမ်းဖက်သူ တစ်စုက လာရောက်ခေါ်ဆောင်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။

 


ထိုသို့ တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ကို နေ့ညမရွေး ဆောင်ရွက်ပေးနေသော သူနာပြုသားဖွားများ၊ ကျန်းမာရေးဝန်ထမ်းများအား ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီက လွန်စွာစိတ်နှလုံး မချမ်းမြေ့ဖြစ်ရပါကြောင်းနှင့် သူနာပြုသားဖွားများအား ရက်စက်စွာ သတ်ဖြတ်နေသော   အကြမ်းဖက်သူများအား  ပြင်းထန်စွာရှုတ်ချပါကြောင်း   သဘောထား ထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ