မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန်    ဧပြီ    ၇ 


မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  ၏      လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေး   ၅/၂၀၂၂   ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး အစည်း အဝေးခန်းမ၌  ဧပြီ ၇ ရက်   နံနက် ၁၀ နာရီခွဲက ကျင်းပသည်။

 


အစည်းအဝေးတွင်    မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ    ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က မိမိတို့ကောင်စီ တတိယသက်တမ်း ကာလတွင်    သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကောင်စီ၏ လုပ်ငန်းတာဝန်များကို၊  ကော်မတီ များဖွဲ့စည်း၍ တာဝန်ယူဆောင်ရွက်  လျက်ရှိကြောင်း၊ ယနေ့အချိန်အခါ တွင်   သတင်းတု၊   သတင်းမှားများ ကြောင့်    နိုင်ငံတော်၏    တည်ငြိမ် အေးချမ်းမှုပုံရိပ်ကို ထိခိုက်စေလျက်  ရှိနေကြောင်း၊ ထိုအခြေအနေများကို  မိမိတို့   သတင်းမီဒီယာကောင်စီက စတုတ္ထမဏ္ဍိုင်အဖြစ်    ခိုင်ခိုင်မာမာ ရပ်တည်ပြီး အခြားမဏ္ဍိုင်ကြီး(၃)ရပ် နှင့်အတူ ဟန်ချက်ညီအောင် ဆောင် ရွက်ပေးရန်လိုကြောင်း၊ ယခုကာလ တွင် ပြည်သူများ သတင်းမှန်သိရှိရေး နှင့် နိုင်ငံချစ်စိတ် မြင့်မားရှင်သန်ရေး အတွက်   အခြေခံကျသည့်  စာသင် ကျောင်းများ၊ ရုံးဌာနများသို့ မြန်မာ နိုင်ငံ    သတင်းမီဒီယာကောင်စီမှ ဥက္ကဋ္ဌအပါအဝင်    ကောင်စီဝင်များက သွားရောက်   ဆွေးနွေးဟောပြောမှု များ  ဆောင်ရွက်ခဲ့ကြောင်း၊ ဆက် လက်ပြီးလည်း   အခြားသော   အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပြီး သတင်းမှန် သိရှိရေး ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သတင်းမီဒီယာသမားများ အရည် အသွေးမြှင့်တင်ရေး    သင်တန်းများ ဖွင့်လှစ်ခြင်းများကို     ဆက်လက် ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း၊ သတင်းမီဒီယာကောင်စီ   အနေဖြင့် အာဆီယံဒေသအတွင်း      သတင်း မီဒီယာ    အဖွဲ့အစည်းများနှင့်လည်း  ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း  ကောင်စီဝင်များအနေဖြင့်လည်း မိမိ တို့၏ အတွေ့အကြုံအရ ဆောင်ရွက် သင့်သည်များကို ကော်မတီများဖွဲ့စည်း ထားပြီးဖြစ်၍  အလေးထား  ဆောင် ရွက်သွားကြရန် ပြောကြားသည်။

 


ထို့နောက်  ကောင်စီဝင်များက ကော်မတီအလိုက် လုပ်ငန်းဆောင် ရွက်မှု အခြေအနေများကို  ဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်