
ရန်ကုန် သြဂုတ် ၁၃
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ ကောင်စီဝင်များ အားလုံးပါဝင်သော လပတ်ပုံမှန် အစည်းအဝေး (၄/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)က လတ်တလော ဖြစ်ပွားနေသည့် မီဒီယာအခင်း အကျင်းများနှင့် ပတ်သက်ပြီး ကောင်စီ၏ ဆောင်ရွက်ချက်များ၊ နိုင်ငံအတွက် အရေးကြီးသည့် အခြေအနေများတွင် ခိုင်မာ သေချာသည့် သတင်းမှန်များကို အများပြည်သူထံ အချိန်မီရောက်ရှိ နိုင်စေရေး အကြောင်းများအပါ အဝင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ စတုတ္ထသက်တမ်း အတွက် လွှဲပြောင်းပေးရာတွင် အဆင်ပြေလွယ်ကူစွာဆောင်ရွက် နိုင်စေရေးတို့ကို ပြောကြားသည်။
ထို့နောက် အလုပ်အမှုဆောင် များက ဆောင်ရွက်ချက်များ ကို အသေးစိတ်တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ကောင်စီ ဝင်များက အပြန်အလှန်ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ဆက်လက် ဆောင်ရွက်ရမည့် အစည်းအဝေး ဆုံးဖြတ်ချက်များကို သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်