
ရန်ကုန် ဩဂုတ် ၁၁
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ လစဉ်ပုံမှန်အစည်အဝေး (၇/၂၀၂၂) ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစည်း အဝေးခန်းမ၌ ယနေ့ကျင်းပရာ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးများနှင့် ကောင်စီဝင်များ စုံညီစွာ တက်ရောက်ကြပြီး ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူး၊ ပြန်ကြားရေးမှူးနှင့် အငြင်းပွား မှုနှင့် တိုင်ကြားမှုများ ညှိနှိုင်း ဖြေရှင်းရေး ကော်မတီ၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေး ကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ သတင်းမီဒီယာများ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၊ သတင်း မီဒီယာသမားများ အကာ အကွယ်ပေးရေး ကော်မတီ၊ သတင်းမီဒီယာ ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ၊ စာရင်းစစ်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ နိုင်ငံ တကာဆက်ဆံ ရေး ကော်မတီနှင့် ပြန်ကြားရေး ကော်မတီများ၏ အဖွဲ့ခေါင်းဆောင်များက မိမိတို့ ကော်မတီနှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များကို အသီးသီး တင်ပြဆွေးနွေးညှိနှိုင်း ကြကြောင်း သိရသည်။
သတင်းစဉ်