
နေပြည်တော် မတ် ၅
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ ဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြင့်မြင့် သန်း၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ မတ် ၅ ရက် နံနက်ပိုင်းတွင် နေပြည် တော် ဒက္ခိဏသီရိမြို့နယ်၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည် ဖော် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center - Myanmar CDC) တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။
နိုင်ငံတကာအဆင့်မီ
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာ ကပင် ခိုင်မာသည့် နှစ်နိုင်ငံ ဆက်ဆံရေးရှိသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပါကြောင်း၊ ယခု တည်ဆောက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံတကာအဆင့်မီ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန နှင့် သင်တန်းကျောင်းတစ်ခုဖြစ်ပြီး ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3) အထိရှိသော ဓာတ်ခွဲခန်း များ အပါအဝင် နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စနစ်များ ပါရှိသော သုံးထပ် ရောဂါကာကွယ် ထိန်းချုပ်ရေး အဆောက်အအုံ၊ သင်တန်းသား သင်တန်းသူ ၂၀၀ ခန့်ထားရှိ၍ လေ့ကျင့်သင်ကြား ပေးနိုင်မည့် သုံးထပ်ကျန်းမာရေး သင်တန်းကျောင်း အဆောက်အအုံ နှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတို့ ပါရှိမည်ဖြစ်ကာ ဤစီမံကိန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး၏ ပြယုဂ် တစ်ခုအဖြစ် ထင်ဟပ်စေမည့် နိုင်ငံတကာအဆင့်မီ စီမံကိန်း လည်းဖြစ်ပါကြောင်း၊ Myanmar CDC စတင်ဖွင့်လှစ်၍ လုပ်ငန်း များ လည်ပတ်နိုင်ချိန်တွင် မြန်မာနိုင်ငံအတွက် သာမက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့ တောင်အာရှ ဒေသတွင်းနိုင်ငံများအတွက်ပါ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် အကျိုးရှိစေနိုင်မည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန တစ်ခုဖြစ်စေရန် ရည်ရွယ်ထားရှိ ကြောင်း၊ ယခုအခါ တည်ဆောက်မှု လုပ်ငန်းများ၏ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး မကြာမီကာလ တွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ် ကြောင်း၊ Myanmar CDC တွင် တာဝန် ထမ်းဆောင်ကြမည့် ဓာတ်ခွဲဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများအား ပြည်တွင်း၌ လည်းကောင်း၊ ပြည်ပအတွေ့ အကြုံရရှိနိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လည်းကောင်း လေ့ကျင့်သင်တန်း ပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် လိုအပ်ချက်များ ကို ပံ့ပိုးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို အချိန်မီပြီးစီးနိုင် ရန် အားသွန်ခွန်စိုက် ဆောင်ရွက် ပေးလျက်ရှိသော မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးနှင့် တာဝန်ခံဆောင်ရွက် ပေးနေသော ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူး (ကူးစက်)မှ Myanmar CDC တည်ဆောက်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ပံ့ပိုး ဆောင်ရွက်ပေးမှု အခြေအနေများ ကိုလည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို Power point presentation ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များက တင်ပြချက်များအပေါ် လိုအပ် သည်များကို ညွှန်ကြားပေး သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် Myanmar National CDC and Medical Training Center တည်ဆောက် ရေးစီမံကိန်း လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဇီဝလုံခြုံမှုအဆင့်-၂ (Biosafety Level 2) နှင့် ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3) ရှိ ဓာတ်ခွဲ ခန်းများနှင့် အခြားဓာတ်ခွဲခန်း များတွင် စက်ပစ္စည်းများ ပြင်ဆင် နေမှုနှင့် တပ်ဆင်စမ်းသပ်နေမှု များကို ကြည့်ရှုစစ်ဆေးခြင်း၊ သင်တန်းခန်းမများ၊ သင်တန်း သားအိပ်ဆောင်များ၊ သင်တန်း သားများ၏ စားသောက်ခန်းမ ပြင်ဆင်ထားရှိမှု၊ အုပ်ချုပ်မှုဆောင် နှင့် အစည်းအဝေးခန်းမများကို လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း နှင့် လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းပေးခြင်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်