မြန်မာနိုင်ငံ ပြည်တွင်းအာဏာရရှိရေးကြိုးပမ်းမှုနှင့် ပထဝီနိုင်ငံရေးအခြေအနေ

Type

လေ့လာသူတစ်ဦး

========

(ယမန်နေ့မှအဆက်)
၂၀၀၈ ခုနှစ်တွင် စွန့်စားရနိုင်ခြေများစွာရှိသည့် အကြားမှပင် မြန်မာနိုင်ငံ၌ ကြီးမားကျယ်ပြန့်သည့် အခြေခံဥပဒေဆိုင်ရာ   ပြုပြင်ပြောင်းလဲမှုနှင့်အတူ ဒီမိုကရေစီစနစ်စတင်ရန် ထိုစဉ်က မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သည်။  မြန်မာနိုင်ငံ၏  ဒီမိုကရေစီအသွင် ကူးပြောင်းမှုက       မည်သို့သောအကျိုးရလဒ်ကို သယ်ဆောင်ပေးခဲ့သနည်း။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြောင့် ၂၀၁၆ ခုနှစ် ဧပြီလတွင် NLD ပါတီ အာဏာရရှိခဲ့ သည်။ ရွေးကောက်ပွဲရလဒ်များက NLD ပါတီကို အုပ်ချုပ်ရေးနှင့်    ဥပဒေပြုရေးအာဏာများအား ထိန်းချုပ်ခွင့်ရရှိစေခဲ့သည်။         NLD ပါတီအနေဖြင့် ၎င်းဆောင်ရွက်လိုသည့်ကိစ္စရပ်များကို လွတ်လပ် စွာဆောင်ရွက်နိုင်မည့် အခွင့်အရေးရရှိခဲ့ခြင်းပင်ဖြစ် သည်။ လူထု၏ ယုံကြည်မှုကိုလည်း အပြည့်အဝရရှိ ထားသည်ဖြစ်လေရာ     မြန်မာ့ဒီမိုကရေစီနှင့် စပ်လျဉ်းပြီး   ပါတီ၏မျှော်မှန်းချက်ကို    စိတ်ကူး ပုံဖော်နိုင်ခွင့်ရခဲ့သည်။
အချက် ၁၂ ချက်ပါသော စီးပွားရေးမူဝါဒတစ်ခု
ဦးစွာပထမ အံ့ဩဖွယ်ဖြစ်စေသည်မှာ NLD ပါတီအနေဖြင့်   ၎င်း၏အစိုးရသက်တမ်း     ပထမ နှစ်နှစ်အတွင်း      သင့်လျော်သော    ဖွံ့ဖြိုးမှုမူဝါဒ တစ်စုံတစ်ရာ     ဖန်တီးအကောင်အထည်ဖော်ရန်   တွန့်ဆုတ်ခဲ့ဟန်ရှိခြင်းပင်ဖြစ်သည်။    NLD   အစိုးရ လက်ထက်တွင် ယင်း၏မူဝါဒများနှင့်စပ်လျဉ်းပြီး အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်မှာ အချက် ၁၂ ချက်ပါသော  စီးပွားရေးမူဝါဒတစ်ခုတည်းသာရှိ သည်။   NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်က မည်သည့်ကိစ္စရပ်များအား  အောင်မြင်မှုရအောင် ဆောင်ရွက်လိုသနည်းဟူသည်ကို တိတိပပသိနိုင် ရန် ခဲယဉ်းခဲ့သည်။ NLD ပါတီ၏ ဦးစားပေးကိစ္စရပ် များတွင် မလွဲမသွေပါဝင်နိုင်ခဲ့သည်မှာ ငြိမ်းချမ်းရေး နှင့်  အမျိုးသားပြန်လည်သင့်မြတ်ရေး၊  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ပညာရေးတို့ဖြစ်သည်။ NLD ပါတီအနေဖြင့်    ၎င်း၏ဦးစားပေးကဏ္ဍများကို မည်သို့သောမူဝါဒများအား       အသုံးပြုကာ  အကောင်အထည်ဖော်သွားမည်နည်းဟူသည်မှာ လည်း မရေမရာရှိခဲ့လေသည်။ မြန်မာပြည်သူများ သည်  အပြုသဘောဆောင်သော  အပြောင်းအလဲ တစ်ရပ်ဖြစ်ပေါ်လာရန်    စိတ်ရှည်သည်းခံစွာ စောင့်စားခဲ့ကြသည်။ 
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှစ၍ ပိုမိုအားကောင်းလာခဲ့ သည်။ NLD ပါတီ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ် များသည် တစ်ကြိမ်တစ်ခါမျှ ခြေချဖူးခြင်းမရှိသည့် နယ်မြေစိမ်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်။ NLD ပါတီသည်  မြန်မာနိုင်ငံ၌ စီးပွားရေးအရ အခွင့်ထူးခံ များ အလွန်အမင်းကြီးထွားလာသည်ဟူ၍ ရှုမြင်ပြီး ယင်းပြဿနာအား ဖြေရှင်းနိုင်ရန်နှင့် စီးပွားရေးအား ဖြေလျှော့မှုပြုရန် တပ်မတော်၏ဩဇာကို ထိန်းချုပ် နိုင်မည့် နည်းလမ်းကို ရှာဖွေလျက်ရှိသည်ဟူသည်မှာ ထင်ရှားလာခဲ့သည်။ 
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများကတည်းက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့်  သော်လည်းကောင်း၊ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုနှင့် သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှုအပေါ် ကြီးမားစွာအခြေပြုပြီး ထွန်းကားခဲ့ခြင်းဖြစ်သည်။ အစောပိုင်းကာလများ၌မူ  ပုဂ္ဂလိကကဏ္ဍဆိုင်ရာ အခွင့်အလမ်းများသည် အစိုးရ၏ အကူအညီများ (ဥပမာ-ခွင့်ပြုမိန့်များ၊ ငှားရမ်းခွင့်များ)  အပေါ် လုံးလုံးလျားလျား အမှီပြုခဲ့သည်။ NLD အစိုးရ၏ မျှော်မှန်းချက်မှာ   ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ  အရေးယူဆောင်ရွက်မှု များပြုခြင်းနှင့် ပြည်ပယှဉ်ပြိုင်မှုနှင့် မိတ်ဆက်ပေး ခြင်းတို့မှတစ်ဆင့်  ပုဂ္ဂလိကကဏ္ဍအား   သန့်စင် ရှင်းလင်းသွားစေရန်ဖြစ်သည်။ ထိုမျှော်မှန်းချက်ကို ပြည်တွင်းစီးပွားရေးအသိုက်အဝန်းများက လိုလား မှုရှိခဲ့ဟန်မတူပေ။ ယခင်ကတည်းက တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်မှုရှိခဲ့ကြသော ပြည်တွင်းစီးပွား ရေးလုပ်ငန်းစုကြီးများ ဥပမာ-အမေရိကန်၏ အထူး ပိတ်ဆို့အရေးယူမှုခံရသော လူပုဂ္ဂိုလ်အသိုက်အဝန်း ကမူ အဆိုပါပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် များကို  ၎င်းတို့၏    စီးပွားရေးအကျိုးစီးပွားများ အတွက် ခြိမ်းခြောက်မှုအဖြစ် မှတ်ယူခဲ့ကြပေလိမ့် မည်။
မြန်မာနိုင်ငံ၏ ဥပဒေ၊
 နည်းဥပဒေနှင့် မူဝါဒများ
ဆန့်ကျင်ကန့်ကွက်မှုများစွာရှိခဲ့သော်လည်း NLD ကမူ    ၎င်း၏စီးပွားရေးဖြေလျှော့မှု မူဝါဒ အစီအစဉ်ကို များမကြာမီမှာပင် အကောင်အထည် ဖော်ခဲ့သည်။   ထိုအစီအစဉ်သည်    အထူးသဖြင့် ဘဏ်လုပ်ငန်းမှသည်        အာမခံလုပ်ငန်းအထိ ဝန်ဆောင်မှုကဏ္ဍများ၌ နိုင်ငံခြားလုပ်ငန်းများ၏ အကျိုးစီးပွားအား ရှေ့တန်းတင် ဦးစားပေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် ယင်းလုပ်ငန်းကဏ္ဍများ၌ နိုင်ငံတကာမှပါဝင်လာစေရန်   တင်ဒါများခေါ်ယူ ခြင်း၊ ဥပဒေနှင့် နည်းဥပဒေများ  ပြုပြင်ပြောင်းလဲ ခြင်းတို့ကိုပါ ဆောင်ရွက်ခဲ့သည်။  NLD ၏ မူဝါဒ များကို  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်အုပ်စုနှင့် USAID အဖွဲ့တို့က ကြိုးဆွဲ ပုံဖော်ခဲ့သည်။ ယင်းအဖွဲ့များသည် အမေရိကန်၏ သဘောထားအတိုင်း   လှုပ်ရှားရသော နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများကို   မြန်မာအစိုးရက ရေးဆွဲရမည့်အစား  ယင်းအဖွဲ့များက    ဦးဆောင် ရေးဆွဲခဲ့ကြသည်။       ပြုပြင်ပြောင်းလဲရေးများကို အနောက်နိုင်ငံသားအကြံပေးများက ဦးဆောင်ခဲ့ကြ သည်ဖြစ်ရာ ယင်းတို့သည် ပြည်တွင်းအကျိုးစီးပွား ကို  ထိခိုက်စေပြီး    အနောက်နိုင်ငံများအတွက်သာ အကျိုးရှိစေခဲ့သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူ များနေရာတွင်      လူစားထိုးပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့နှင့် ဆက်နွှယ်သော အခြားအစိုးရတာဝန်ရှိသူများသည်လည်း ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများမှ နုတ်ထွက်ခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်း၊   ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် အနောက် ဗဟိုပြု ပြုပြင်ပြောင်းလဲရေးအား  လိုလားသူများ အဖြစ်   သတ်မှတ်ခံခဲ့ရသည်။   မြန်မာနိုင်ငံ၏ “အနောက်မျှော်”  မူဝါဒကြောင့်   ပေးဆပ်လိုက်ရ သည့်တန်ဖိုးမှာ ဘဏ္ဍာရေးအရ ခြိုးခြံချွေတာလွန်း ခြင်း၊      နိုင်ငံ့စီးပွားရေးအား   တမင်ရည်ရွယ်၍ ကျုံ့သွားစေခြင်းနှင့်   အနာဂတ်တွင်   ဘဏ္ဍာရေး အကျပ်အတည်းဖြစ်လာနိုင်ခြင်းတို့ပင်ဖြစ်သည်။ 
NLD လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ရလဒ်မှာ   ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က အမြင့်ဆုံး ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့သော မြန်မာနိုင်ငံ၏ ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းသည် NLD အစိုးရလက်ထက်၌မူ ၆ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့ခြင်းဖြစ်သည်။    ယင်းပမာဏသည် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်ကာလက ပမာဏ ဖြစ်သည်။ ၂၀၁၉ ခုနှစ်က မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းခဲ့သဖြင့် သွင်းကုန်အဓိကထား ရသော မြန်မာနိုင်ငံ၏ စားသောက်ကုန်နှင့် လူသုံး ကုန်စည်ဈေးနှုန်းမှာလည်း  တစ်ဟုန်ထိုးမြင့်တက် သွားခဲ့လေသည်။  ကုန်ဈေးနှုန်းများ   မြင့်တက်မှု ကြောင့် ပြည်တွင်းမှ အသေးစားစီးပွားရေးလုပ်ငန်း များသည် ပြည်ပမှဝင်ရောက်လာသော လုပ်ငန်းများ နှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ ပြည်တွင်းမှ အသေး စား   စီးပွားရေးလုပ်ငန်းများစွာသည်   လုပ်ငန်း လည်ပတ်မှုအတွက် ချေးငွေကိုသာ အဓိကထားမှီခို ခဲ့ရသည်။  သို့သော်လည်း   ပြန်လည်ပေးဆပ်နိုင် ခြင်းမရှိသဖြင့် ပြည်တွင်းကုန်သွယ်ရေးဘဏ်များ က ချေးငွေပေးဆပ်မှုသက်တမ်းကို   အကြိမ်ကြိမ် သက်တမ်းတိုးပေးခဲ့ရသည်။      ဤသို့   အချိန်မီ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော    ချေးငွေများ စုပုံများပြားလာခြင်းက NLD လက်ထက် မြန်မာ နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်းလိုငွေပြမှုသည် ၃ ဒသမ ၉ ထရီလီယံသာရှိခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင်မူ မြန်မာကျပ်ငွေ ၇ ထရီလီယံအထိရှိခဲ့ပြီး ယင်းမှာ   ပြီးခဲ့သည့်ဆယ်နှစ်အတွင်း    အမြင့်ဆုံး ပမာဏဖြစ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ     အချက်အလက်များအရ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော  ကုမ္ပဏီအရေ အတွက် ၈၃၀၂၄ ခု ရှိသည့်အနက် နှစ်စဉ်အစီရင်ခံ စာ (annual return) တင်ပြရန် နောက်ကျမှုကြောင့် ရပ်ဆိုင်းခံရသော ကုမ္ပဏီ ၁၆၃၁၉ ခုရှိခဲ့ပြီး ကုမ္ပဏီ မှတ်ပုံတင်ခြင်းအား ဖျက်သိမ်းရန်   လျှောက်ထား သောကုမ္ပဏီ ၃၆၁ ခုရှိခဲ့သည်။    NLD အစိုးရ သက်တမ်းနောက်ဆုံးကာလ၌    ကိုဗစ်-၁၉ နှင့် ဆက်စပ်သော သက်ရောက်မှုကြောင့် နိုင်ငံ့စီးပွား ရေးနှင့် စီးပွားရေးလုပ်ငန်းများ၏ အလားအလာတို့ တွင် စိန်ခေါ်မှုများနှင့် ဆိုးရွားစွာရင်ဆိုင်ခဲ့ရသည်။ 
အနောက်နိုင်ငံရေးသမားများသည်    မြန်မာ နိုင်ငံအပေါ်   အာဏာရှင်နိုင်ငံအဖြစ်   သမုတ်ကာ စီးပွားရေးအရ  ပိတ်ဆို့အရေးယူမှုများ   နှစ်ပေါင်း များစွာချမှတ်ခဲ့ကြသည်။  မြန်မာနိုင်ငံ၌   ပြုပြင် ပြောင်းလဲရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများ စတင်ထွက်ပေါ်လာသည့်အခါ ၎င်းတို့ ၏ စီးပွားရေးအရ တင်းမာသောသဘောထားနှင့် ရပ်တည်မှုက မြန်မာနိုင်ငံ၏ တပ်မတော်ခေါင်းဆောင် များကို ဒူးထောက်စေခဲ့ပြီး ဒီမိုကရေစီအောင်ပွဲကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်ဟု   အနောက်နိုင်ငံရေး သမားများက ယုံကြည်ခဲ့ကြဟန်တူသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ တံခါးဖွင့်မှုအား  မည်သည့်အရှိန် အဟုန်ဖြင့် ဖွင့်မည်၊ မည်သည့် အတိုင်းအတာအထိ ဖွင့်မည်ဟူသည်နှင့်စပ်လျဉ်းပြီး     တပ်မတော်က အမြဲထိန်းချုပ်ထားခဲ့သည်ဟူသည်ကိုမူ ပြည်ပနိုင်ငံ များနှင့်     အဖွဲ့အစည်းများက   နားလည်ခဲ့ခြင်း မရှိပေ။ 
ဘက်မလိုက်လှုပ်ရှားမှု၏ အစောဆုံးအဖွဲ့ဝင်နိုင်ငံ
မြန်မာနိုင်ငံသည်  ဘက်မလိုက်လှုပ်ရှားမှု၏ အစောဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်လေရာ    တပ်မတော် အနေဖြင့်       ပြည်တွင်းရေးအခြေအနေဖြစ်ပေါ် ပြောင်းလဲမှုများကြောင့် ပေါ်ပေါက်လာမည့် နိုင်ငံ တကာဆက်ဆံရေးဆိုင်ရာ အကျိုးဆက်များအပေါ် သတိကြီးစွာ အာရုံစိုက်လိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။ အမေရိကန်သမ္မတဟောင်း ထရမ့်နှင့် တရုတ်အကြား  ထိပ်တိုက်တွေ့ရာမှ   ဖြစ်ပေါ်လာ သည့် ကုန်သွယ်ရေးစစ်ပွဲနှင့် “လွတ်လပ်ပွင့်လင်း သော အင်ဒို-ပစိဖိတ်” “Free and Open Indo-Pacific” မျှော်မှန်းချက်အား အကောင်အထည်ဖော် ရေးအတွက် အရှိန်အဟုန်မြှင့်လာသော အမေရိကန် ၏ ထိတွေ့ချဉ်းကပ်မှုတို့က အရှေ့တောင်အာရှနိုင်ငံ များကို  အမေရိကန်နှင့်တရုတ်   နှစ်နိုင်ငံအနက် တစ်နိုင်ငံဘက်မှ    ရပ်တည်ရန်     ဖိအားပေးခဲ့ သည်။ 
အဆိုပါပထဝီနိုင်ငံရေး အားပြိုင်ပွဲများသည် အာရှ၏ လမ်းဆုံလမ်းခွတွင် တည်ရှိနေသော မြန်မာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်လာခဲ့သည်။  ထိုသို့သော ခေတ်ကာလအခြေအနေတွင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် စီးပွားရေးဖြေလျှော့မှုသည်     မည်သို့သောအကျိုး သက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သနည်း။ သုံးနှစ် ကြာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သော မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်   ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများမှ မည်သို့သော အန္တရာယ်များထွက်ပေါ် လာနိုင်သနည်း။  


တပ်မတော်အား  အင်စတီကျူးရှင်းအရ အားနည်း စေခြင်းနှင့် ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ခံ မြန်မာ့ စီးပွားရေးအား   တစ်ကျော့ပြန်မွမ်းမံခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သည့်   အန္တရာယ်များက မြန်မာနိုင်ငံ ၏   တည်ငြိမ်အေးချမ်းမှုကို   အနှောင့်အယှက် ဖြစ်စေမည်လော။  အဆိုးဆုံးဖြစ်နိုင်ခြေအရ  နိုင်ငံ အစိတ်စိတ်အမြွှာမြွှာပြိုကွဲမှု (balkanization) အထိ ဦးတည်သွားနိုင်ပါသလော။ 


အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းများ


ဒေသတွင်းပထဝီနိုင်ငံရေးအားပြိုင်မှု ဖြစ်ပွား နေသည့်    လက်ရှိအချိန်တွင်   နိုင်ငံအတွင်းမှ အက်ကြောင်းများ  ဖြစ်ပေါ်လာခြင်းသည်  မြန်မာ နိုင်ငံအား အားနည်းစေလိုသည့် ပြင်ပနိုင်ငံများနှင့် အဖွဲ့အစည်းများအတွက် အမြတ်ထုတ်အသုံးချစရာ ဖြစ်လာပေလိမ့်မည်။ ထိုသို့ ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲရလဒ်များနှင့် မကြုံတွေ့ရစေရန် အမျိုးသားစည်းလုံးညီညွတ်မှုနှင့်  တိုင်းရင်းသား သွေးစည်းညီညွတ်မှုတို့ကို ခိုင်မာအားကောင်းစေရေး နှင့် ပြည်သူလူထုအား ဝန်ဆောင်မှုများ   အဆက် မပြတ်ပေးအပ်နိုင်ရန်လည်း  ထိန်းသိမ်းဆောင်ရွက် ခြင်းသည်  မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းများဖြစ်ပေသည်။ 


နိုင်ငံတွင်းဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိန်းကျောင်းခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း  ဒေါ်အောင်ဆန်းစုကြည်အတွက် မဖြစ်နိုင်သည့်ကိစ္စဖြစ်သည်ဟု  စောဒကတက်နိုင် ပေသည်။  အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် သူမအား ထောက်ခံသူ ဒေါက်တိုင်ဖြစ်သည့် ဗမာ အများစု၏အသံကိုနားထောင်ရန်၊   တိုင်းရင်းသား လူနည်းစုများ (အခြေခံလူတန်းစားတိုင်းရင်းသား များနှင့် မတူကွဲပြားသောအကျိုးစီးပွားများရှိသည့် အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဒါဇင်ခန့်) ၏ အသံကို နားထောင်ရန်၊ တပ်မတော် ၏ အသံကိုနားထောင်ရန်နှင့် နိုင်ငံ၏ အရပ်ဘက်နှင့် တပ်မတော်အကြား ကျိုးပဲ့လွယ်သော    နိုင်ငံရေး ချိန်ခွင်လျှာကိုထိန်းသိမ်းရန်  လိုအပ်မှုတို့ကြောင့် ဖြစ်သည်။ “ရိုဟင်ဂျာ”ဆိုသူများ၏ ကိစ္စနှင့်စပ်လျဉ်း ၍    ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်  သူမအား ထောက်ခံသူ မဲဆန္ဒရှင်အများစုကို ဆန့်ကျင်သည့် အမြင်ရှိမှုများကို ဆန့်ကျင်သည့် နိုင်ငံရေးရပ်တည် ချက်ကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် ချမှတ်ရန် မျှော်မှန်းထားသည်ဟု   ဆိုကောင်းဆိုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်    NLD  ပါတီတို့သည် ဂမ်ဘီယာနိုင်ငံ၏    စွပ်စွဲချက်မှ   မြန်မာနိုင်ငံကို ကာကွယ်ရန်          “အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြ” ဟု နိုင်ငံအား တိုက်တွန်းရန် ဆုံးဖြတ် ခဲ့သည်။ 


၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများ အစုလိုက်အပြုံ လိုက် ထွက်သွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သည် ဗမာနှင့် တိုင်းရင်းသား မဲဆန္ဒရှင်အားလုံးနီးပါး ၏ အကျိုးစီးပွားကိုဆန့်ကျင်လျက် နေရပ်စွန့်ခွာ “ရိုဟင်ဂျာ”ဆိုသူများအတွက်   ပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟူသည့်  လက်တွေ့မကျ သော မျှော်လင့်ချက်ကြောင့် အမေရိကန်နှင့် NLD တို့အကြား ဆက်ဆံရေးသည် ယိုယွင်းလာခဲ့သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ မည်သည့် ပါတီကို အနောက်အုပ်စုက လိုလားနှစ်သက်ပါမည် နည်း။     မြန်မာ့ဒီမိုကရေစီသင်္ကေတဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံများ၏ လိုလားနှစ်သက်မှုစာရင်းမှ     ဖယ်ရှားပြီးနောက် ထိုစာရင်းတွင် မည်သူကျန်ခဲ့သည်ကို မေးခွန်းထုတ် ရမည်ဖြစ်သည်။ 


မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံအပေါ်  အနောက် တိုင်းအစိုးရများ၏ စံပုံစံအမြင်များနှင့် လက်တွေ့ မကျသည့် မျှော်လင့်ချက်များသည် NLD ၏ သမိုင်း အစဉ်အလာအရ ဖြစ်တည်လာမှုကို မရည်ရွယ်ဘဲ အဆုံးသတ်စေခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များအတွင်း များပြားသောဒဏ်ခတ်ပိတ်ဆို့မှုများနှင့် နိုင်ငံရေး အရ အထီးကျန်ဆန်စေခြင်းများကြောင့် မြန်မာနိုင်ငံ အနေဖြင့် ဆယ်စုနှစ်တစ်ခုကြာ ဖွံ့ဖြိုးတိုးတက်မှု ပျောက်ဆုံးသည့်နည်းတူ ပိတ်ဆို့အရေးယူမှုများနှင့် နိုင်ငံတကာ၏    စံနှုန်းအခြေပြုဝေဖန်မှုများသည် NLD အတွက်လည်း အထောက်အကူမဖြစ်ခဲ့ချေ။ 


ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်နိုင်ငံ များ၏ ထောက်ခံမှုဆုံးရှုံးခြင်းသည် ရှုပ်ထွေးသည့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင်    သူမ၏ ထိန်းကျောင်းညှိနှိုင်းနိုင်စွမ်းကို ပျောက်ဆုံးသွားစေ ခဲ့သည်။ မည်သို့ပင်ဆိုစေ “ရိုဟင်ဂျာ” ဆိုသူများ ထွက်ပြေးပြီးနောက် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများနှင့်    စုံစမ်းစစ်ဆေးမှုများသည် တပ်မတော်အပေါ်တွင်လည်း   အရိပ်မည်းထိုးလာခဲ့ သည်။ အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများ(stakehold- ers)၊ ယင်းတို့၏   အခက်အခဲများ၊   အကန့်အသတ် အတားအဆီးများ၊  နိုင်ငံရေးအုပ်စု/သဘောထား ကွဲလွဲမှုများ   ပိုမိုဆိုးရွားစေနိုင်သည့်အန္တရာယ်များ အပါအဝင် မြန်မာ့ဒီမိုကရေစီပုံစံအား နားမလည်နိုင် ခြင်းသည် နားလည်ရန်ခက်ခဲလျက်ပင်ရှိသည်။ 


လက်ရှိအခြေအနေတွင် သက်ဆိုင်သူအားလုံး မှ အဖြေတစ်ခုရှာရန်အတွက် အရေးကြီးသည်မှာ မြန်မာနိုင်ငံ၏   ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ အပေါ် အကျိုးသင့်အကြောင်းသင့် ဆင်ခြင်တုံတရား နှင့်   အချက်အလက်    အခြေပြုအမြင်ထားရှိရေး ဖြစ်သည်။    ဤသို့အဖြေရှာရာတွင်   ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည့် အာဆီယံနည်းလမ်း (သို့) အခြား နိုင်ငံစုံနည်းလမ်းဖြင့်   ချဉ်းကပ်ဆောင်ရွက်မှုများ မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာ မီဒီယာများတွင် မြန်မာနိုင်ငံအား ကျရှုံးနိုင်ငံအဖြစ် လည်းကောင်း၊ ငြိမ်းချမ်းသော ဆန္ဒပြသူများအပေါ် စစ်တပ်မှ    တစ်ဖက်သတ်အကြမ်းဖက်မှုအဖြစ် လည်းကောင်း   မှားယွင်းသည့်ဇာတ်ကြောင်းပြော ပုံဖော်မှုများကြီးစိုးနေခြင်းသည်     စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိချေ။ 
စွပ်စွဲချက်ကိန်းဂဏန်းများ
ဥပမာအားဖြင့် အမေရိကန်မှ ငွေကြေးထောက်ပံ့ ထားသည့်    နိုင်ငံရေးအကျဉ်းသားများ    ကူညီ စောင့်ရှောက်ရေးအသင်း (AAPPB) သည် အရပ်သား အသေအပျောက်      စွပ်စွဲချက်ကိန်းဂဏန်းများ အပေါ် လက်ဝါးကြီးအုပ်ထားသည်။  AAPPB ၏ စာရင်းတွင် သေဆုံးကြောင်း အတည်မပြုနိုင်သည့် သူများ၏ အမည်စာရင်းများ ပါဝင်နေပါ၏လော။ ယင်းစာရင်းတွင် နယ်စပ်ဒေသများသို့ ထွက်ပြေးသူ များ၏ အမည်စာရင်းများကို  ထည့်သွင်းထားပါ၏ လော။ အမှန်တကယ်မရှိသည့် အမည်များနှင့် ပိုမို ထည့်သွင်းထားသည့်   အမည်များထည့်သွင်းထား ခြင်း ရှိ/မရှိ မည်သူက သိနိုင်ပါမည်နည်း။ 


အထက်ပါမေးခွန်းများနှင့်   မသက်ဆိုင်ဘဲ လုံခြုံရေးတပ်ဖွဲ့များ၊     အစိုးရဝန်ထမ်းများနှင့် အရပ်သားများအပေါ် အစိုးရဆန့်ကျင်သည့် အကြမ်း ဖက်များမှ သေကျေပျက်စီးအောင် တိုက်ခိုက်သည့် ပမာဏသည် AAPPB မှ စွပ်စွဲသည့် ကိန်းဂဏန်းများ ထက် ကျော်လွန်နေပြီဖြစ်သည်။ “The 74 media” ၏ သတင်းဖော်ပြချက်တစ်ခုအရ NUG “ကာကွယ် ရေးဝန်ကြီး” က  ဇွန်လနှင့်ဇူလိုင်လများအတွင်း တပ်မတော်သား (သို့) ထောက်ခံသူ ၁၁၀၀ ကျော် ကိုသတ်ဖြတ်နိုင်ခဲ့သည်ဟု အခိုင်အမာဆိုကြောင်း ဖော်ပြထားသည်ကို သိရသည်။ နိုင်ငံရေးအငြင်းပွား မှုသည်   မည်သည့်ဘက်တွင်မျှ   အသက်အိုးအိမ် စည်းစိမ်ကို      ထိခိုက်စေခြင်းမရှိသင့်သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်    အရပ်သားများအား သတ်ဖြတ်မှုအပေါ် ကြွားလုံးထုတ်နေသည့် NUG အပေါ်     နိုင်ငံတကာအသိုင်းအဝိုင်းက    မည်သို့ ထောက်ခံပေးရမည်နည်းဆိုခြင်းမှာ မေးခွန်းထုတ် စရာ ဖြစ်နေသည်။


France 24 ကဲ့သို့သောမီဒီယာများသည် ဆန္ဒ ပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား  မြားများ နှင့်  ဓာတ်ဆီပုလင်းဗုံးများဖြင့်တိုက်ခိုက်မှု   ဗီဒီယို အား တင်ဆက်ထားချိန်တွင်  အကြမ်းမဖက်သော ဆန္ဒပြမှုများအဖြစ် သတင်းဖော်ပြခဲ့သည်။  France 24 သည် CIA မှ David Eubank ၏ မျက်နှာစာ အဖွဲ့အစည်းဖြစ်သော Free Burma Rangers ၏ ဗီဒီယိုဖိုင်ကို အသုံးပြု၍ ဗြိတိန်နှင့် အမေရိကန်တို့မှ ထောက်ပံ့ထားသော  အစိုးရဆန့်ကျင်သူ   ပြည်ပ ရောက်  တက်ကြွလှုပ်ရှားသူများအား   တွေ့ဆုံ မေးမြန်းခဲ့သည်။ 


ဟောင်ကောင်မှ စတင်သည့် တရုတ်ဆန့်ကျင် ရေးလှုပ်ရှားမှုဖြစ်သည့် “Milk Tea Alliance” ကဲ့သို့ သော         နိုင်ငံရေးလမ်းကြောင်းများမှတစ်ဆင့် သို့မဟုတ်   အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အချိတ်အဆက်ရှိသည့် Global Movement for Myanmar Democracy ကဲ့သို့သော အဖွဲ့အစည်း များမှတစ်ဆင့်       မြန်မာ့ပြည်တွင်းရေးတွင် နိုင်ငံတကာမှ     ဝင်ရောက်စွက်ဖက်မှုများသည် အပြုသဘောဆောင်သောရလဒ်များနှင့်   ပြန်လည် သင့်မြတ်ရေးကို ဦးတည်လိမ့်မည်မဟုတ်ချေ။


အနောက်တိုင်းပုံစံ စီးပွားရေးပိတ်ဆို့မှုများ 


နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်  မြန်မာ နိုင်ငံ၏   ပိုနေမြဲကျားနေမြဲအခြေအနေကို  ယခု မည်သို့ကိုင်တွယ်ဆောင်ရွက်သွားနိုင်ပါမည်နည်း။  မြန်မာ့တပ်မတော်အနေဖြင့်   အနောက်တိုင်းပုံစံ စီးပွားရေးပိတ်ဆို့မှုများကို   အတိုင်းအတာတစ်ခု အထိ ကိုယ်ခံအားရရှိလာလိမ့်မည်မှာ သေချာသည်။ ပိုမိုပြင်းထန်လာသော   ပြည်တွင်းပဋိပက္ခများနှင့် အတိုက်အခံပြုမှုများ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သောဝေဖန်မှုများနှင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ သည် တပ်မတော်မှကြိုတင်မျှော်မှန်းထားခဲ့ရသည့် တုံ့ပြန်မှုများဖြစ်သည်။  


အကောင်းဘက်ကကြည့်ရှုပါက ကျယ်ကျယ် ပြန့်ပြန့်အရေးယူမှုများ   ဖြစ်ပေါ်နိုင်ခြေနည်းပါး သည်။ ကျယ်ပြန့်သည့်အရေးယူပိတ်ဆို့မှုများ ချမှတ် မှုသည်  မြန်မာနိုင်ငံအား  လစ်ဘရယ်ဒီမိုကရေစီ လားရာသို့ မည်သို့မျှပိုမိုရွေ့လျားစေနိုင်မည်မဟုတ် သော်လည်း သာမန်ပြည်သူများကို ထိခိုက်စေလိမ့် မည်ဖြစ်သည်။ အနောက်နိုင်ငံများသည် ဒဏ်ခတ် မှုများဖြင့်           မြန်မာနိုင်ငံ၏   လက်ရှိနိုင်ငံရေး လမ်းကြောင်းကို       ပြောင်းပြန်လှန်နိုင်လိမ့်မည် မဟုတ်သော်လည်း     မြန်မာအစိုးရနှင့်   လုံးလုံး လျားလျား    မပတ်သက်သည့်အနေအထားသို့ ရောက်အောင် ၎င်းတို့ဘာသာ၎င်းတို့ တွန်းပို့နေသည်။ ရက်သတ္တပတ်ချီ၍          ကြာမြင့်လာပြီဖြစ်သည့် နယူးယောက်ရှိ       ယခင်ကမကြုံစဖူးဖြစ်သည့် ခန့်အပ်လွှာအငြင်းပွားမှုကြောင့်     ကုလသမဂ္ဂ အနေဖြင့်    ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တင်းမာမှုများကို     အမှန်တကယ်လျှော့ချရန်နှင့် မြန်မာပြည်သူများနှင့်အတူ   ရပ်တည်ရန်လိုအပ် သည့် ညှိနှိုင်းထိန်းကျောင်းနိုင်မှုကို ဆုံးရှုံးခဲ့ရသည်။ 
NUG အနေဖြင့်     စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ကြားစေ့ ရေး မဆောင်ရွက်နိုင်သကဲ့သို့ တပ်မတော်ကိုလည်း ဖြုတ်ချနိုင်မည်မဟုတ်ချေ။ ထိုသို့ဖြစ်လင့်ကစား အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကို စည်းရုံး ရန် ခက်ခဲမည်ပင်ဖြစ်သည်။ ကြိုးကြားကြိုးကြား ဖြစ်သည့် လမ်းပေါ်ရှိ အကြမ်းဖက်မှုများနှင့် ပစ်မှတ် ထားလုပ်ကြံသတ်ဖြတ်မှုများသည် နိုင်ငံ၏ဒုက္ခများ ကို ပိုမိုဆိုးရွားစေလိမ့်မည်သာဖြစ်သည်။ NUG ကို မည်သည့်နိုင်ငံကမျှ          အသိအမှတ်မပြုချေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အိမ်စောင့်အစိုးရနှင့် အပြုသဘောထိတွေ့ဆောင်ရွက်မှုသည်   အမှန် ကတယ်  လိုအပ်လက်တွေ့ကျပြီး  မြန်မာပြည်သူများ အတွက် ကောင်းမွန်ကြောင်း၊‌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ရေးသမားများက ကောင်းစွာသိရှိကြသည်။


စီးပွားရေးနှင့် နိုင်ငံရေးဆက်ဆံမှုများ 
အိမ်စောင့်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ သည် ကမ္ဘာ့နိုင်ငံရေးထက်ဒေသတွင်း နိုင်ငံရေးများ နှင့် လက်တွေ့ကျသော  စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံမှုများကို   ပိုမိုအာရုံစိုက်လာဖွယ်ရှိသည်။  မြန်မာနိုင်ငံတွင်းအခြေအနေနှင့်   မသက်ဆိုင်ဘဲ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံ များနှင့် လာမည့်နှစ်များတွင် စီးပွားရေးဆက်သွယ် ဆောင်ရွက်မှုများ ဆက်လက်တိုးတက်လာလိမ့်မည် ဖြစ်သည်။     စင်စစ်တွင်  အာဆီယံ၊ တရုတ် (ဟောင်ကောင်မှတစ်ဆင့်)၊ ဂျပန်၊ ကိုရီးယားနှင့် အရှေ့တိုင်းအင်အားများသည် မြန်မာနိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်များဖြစ်ကာ ယင်းနိုင်ငံ များ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၈ ခုနှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအားလုံး၏ ၈၇ ရာခိုင်နှုန်းရှိသည်။ အရှေ့တိုင်း   စီးပွားရေးအင်အားကြီးနိုင်ငံများ၏ လက်တွေ့ကျသည့် ရင်းနှီးမြှုပ်နှံမှုများနှင့်နှိုင်းစာ ပါက အမေရိကန်နှင့် ဥရောပနိုင်ငံများ၏   စီးပွားရေး ခြေရာမှာ      မြန်မာနိုင်ငံတွင်     အနည်းငယ်သာ ရှိသည်။ 


မြန်မာနိုင်ငံအနေဖြင့်    အာဆီယံစီးပွားရေး အသိုက်အဝန်း၊     မဟာမဲခေါင်ဒေသခွဲအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ၊  တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် အိန္ဒိယနိုင်ငံ၏ Act  East  Policy  တို့တွင်ပါဝင်သည့်   ပေါင်းကူး ဆက်သွယ်ရေးအစီအစဉ်များ၊   တစ်ခုနှင့်တစ်ခု ထပ်နေသည့်    စီးပွားရေးစင်္ကြံများတွင်ပါဝင်၍ သဘာဝစီးပွားရေး အချက်အချာဆုံချက်အဖြစ်  ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိအောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဖြစ်သည်။    ။
https://medium.com/@myanmar_analyst/myanmar-internal-power-struggles-and-geopolitics-babf2cfd4002