မြန်မာနိုင်ငံ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆွေးနွေး

 

နေပြည်တော်   ဇန်နဝါရီ    ၁၃   


အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့   (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ  ငွေကြေးခဝါချမှု နှင့်   အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Coun-tering the Financing of Terr-orism-AML/CFT)လုပ်ငန်းစဉ်များ အပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း ၍   မြန်မာနိုင်ငံ၏    တိုးတက် ဆောင်ရွက်ချက်များ ဆွေးနွေးခြင်း ဆိုင်ရာအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်     ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

 


ကိုယ်စားလှယ်များတက်ရောက်


အစည်းအဝေးသို့      ငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေး   အဖွဲ့  (Financial Action  Task Force-FATF) နှင့် အာရှ-ပစိဖိတ် ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက် ရေးအဖွဲ့ (Asia Pacific Group-APG)အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ် များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊      မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ   ဦးဆောင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ဥပဒေရေးရာဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေး      ဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာ   စုံစမ်းထောက် လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်   AP   JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယ နိုင်ငံသား  Mr.  Yogpal  Singh နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က   အဖွင့်အမှာစကားများ ပြောကြားကြသည်။

 


ဆွေးနွေးပြောကြား


 ဆက်လက်၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင် ရွက်မှုများကို ဆွေးနွေး ပြောကြား ရာတွင်   ငွေကြေးခဝါချမှုဆိုင်ရာဆုံးရှုံးနိုင်ခြေ  အန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် ယင်းအန္တရာယ် များကို နားလည်စေရေးအတွက် ကြီးကြပ်ရေး အာဏာပိုင်များနှင့် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ် ခြင်း၊   ကုမ္ပဏီအဖွဲ့အစည်းများ (Legal Persons) နှင့်  စပ်လျဉ်း သည့်     ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ် ရေးကော်မတီဖွဲ့စည်းခြင်း၊ ငွေရေး ကြေးရေးမဟုတ်သော  စီးပွားရေး လုပ်ငန်းများနှင့်      ကျွမ်းကျင်မှု ဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ရုံးထိုင်စစ်ဆေး ခြင်းနှင့်   ကွင်းဆင်းစစ်ဆေးရေး အစီအမံများပြုလုပ်ခြင်း၊  ပြည်ပ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ် စစ်ဆေးရေး ဆောင်ရွက်ထားရှိမှု၊ တရားမဝင် ငွေလွှဲလုပ်ငန်းဆောင် ရွက်သူများကို   အရေးယူဆောင် ရွက်မှု၊  ငွေကြေးဆိုင်ရာ  စုံစမ်း ထောက်လှမ်းရေးအဖွဲ့၏ အကောင် အထည်ဖော်ဆောင်ရွက်မှု၊   ငွေ ကြေးခဝါချမှုဆိုင်ရာပြစ်မှုများကို ဖော်ထုတ်ခြင်းနှင့် စုံစမ်းစစ်ဆေး ခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများအား    စီမံ ခန့်ခွဲမှုကိစ္စရပ်များ   ဆောင်ရွက် ခြင်း၊  အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု   တိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂ   လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့်အညီ   လူ အများအပြား  သေကျေစေသော လက်နက်များ     ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု  တိုက်ဖျက် ရေးနှင့်  သက်ဆိုင်သည့်    အသိ ပညာပေးရေးဆိုင်ရာ  တိုးတက် ဆောင်ရွက်မှုများကို   နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။              

သတင်းစဉ်