
ရန်ကုန် သြဂုတ် ၂၃
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သို့ ဧရာဝတီ ဖောင်ဒေးရှင်းက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းခြင်းအခမ်း အနားကို ယမန်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာ နိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ် (Gold Camp) ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အတွင်း ရေးမှူးနှင့် အမှုဆောင်များ၊ ဧရာ ဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူ များ၊ အားကစားနည်းအလိုက် နည်းပြများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး အလှူငွေ ကျပ်သိန်း ၅၀ နှင့် ဆန် ၁၂ ပြည် အိတ် ၂၀၀ လှူဒါန်းရာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမသန် စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်လျက်ရှိသည့် ထိုင်လျက်ဘော်လီဘောအသင်း ကို ကြည့်ရှုအားပေးကြသည်။ (၁၃) ကြိမ်မြောက် အာဆီယံမသန် စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အားကစား နည်း၁၁နည်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး