“မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း” စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်   ၁၉
မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝ ဆေးဖက်ဝင်   အပင်မျိုးစိတ်များ   စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း၏ ကနဦး  အလုပ်ရုံဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီး ဌာနရုံးချုပ် အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲ များ၊ မဲခေါင် - လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ် ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်သွားမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   အထူး ရန်ပုံငွေ ၂၀၂၃ ဖြင့်  အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော  စီမံကိန်းတစ်ခုဖြစ်ပြီး   စီမံကိန်း ကာလ ၂၀၂၃ အောက်တိုဘာလမှ ၂၀၂၅ စက်တင်ဘာလ အထိ နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း၊ စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်း ခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများကို သုတေသနပြု လေ့လာဖော်ထုတ် ခြင်း၊ ဌာနေတိုင်းရင်းသားလူမျိုးစုများ အသုံးပြုသော သဘာဝဆေးဖက်ဝင်အပင်များကို လေ့လာမှတ်တမ်း ပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန်   အန္တရာယ်ရှိသော မျိုးစိတ်များ၊ ဒေသရင်းမျိုးစိတ်များ၊ စီးပွားရေးအရ အ‌ရေးပါသောမျိုးစိတ်များကို ကာကွယ်ထိန်းသိမ်း ခြင်း၊ သုတေသနတွေ့ရှိချက်ရလဒ်များကို  မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများနှင့်    အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု   တည် ထောင်ခြင်းလုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု စီမံကိန်းကို ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သစ်တောဝန်ထမ်း များ၊   သုတေသနပညာရှင်များ၊   ဆက်စပ်ဌာနများ  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး   သုတေသန တွေ့ရှိချက်များကို အခြေခံ၍ သဘာဝဆေးဖက်ဝင် အပင်များ စနစ်တကျစီမံအုပ်ချုပ်နိုင်မည့် သင့်တော် သောထိန်းသိမ်းကာကွယ်ခြင်းနည်းလမ်းများကို ဌာနေ တိုင်းရင်းသားလူမျိုးစုများအား ဖြန့်ဝေသွားနိုင်မည် ဖြစ်ကြောင်း။
ယနေ့   အလုပ်ရုံဆွေးနွေးပွဲတွင်     စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌  ပါဝင်သည့် သုတေသနလုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေး ကြမည်ဖြစ်ရာ တက်ရောက်လာကြသူများကလည်း စီမံကိန်းမျှော်မှန်းချက်များ ပြည့်စုံအောင်မြင်နိုင်ရေး အတွက်   ဝိုင်းဝန်းအကြံပြု   ဆွေးနွေးပေးကြရန် ပြောကြားပြီး စီမံကိန်းဧရိယာအတွင်း ကနဦးလေ့လာ တွေ့ရှိထားသော ဆေးဖက်ဝင်အပင်များ ပြသထားမှု ကို ကြည့်ရှုစစ်ဆေးသည်။
သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ခြင်းဆောင်ရွက်နေ
ဆက်လက်၍       ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန ဦးစီးရုံးချုပ်ရှိ ဝန်ထမ်းများ ရုံးသုံး အခြေခံကွန်ပျူတာသင်တန်းပို့ချနေမှု၊ စီမံကိန်းနှင့် စာရင်းအင်းဌာနရှိ   ဂြိုဟ်တုဓာတ်ပုံသတင်းအချက် အလက်များကို Remote Sensing and GIS  နည်း ပညာအသုံးပြု၍ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ခန့်မှန်းချက်အစီရင်ခံစာ (FRA 2025) ထုတ်ပြန်နိုင် ရေးဆောင်ရွက်နေမှု၊     ခရိုင်တစ်ခုချင်းအတွက် ရွက်အုပ်ပိတ်တော၊ ရွက်အုပ်ပွင့်တော၊ ဒီရေတော၊ တောနိမ့်၊ စိုက်ပျိုးမြေ စသည်ဖြင့် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ခြင်းဆောင်ရွက်နေမှု   အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး    လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်